cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
၂၈/၂၉ ရက်နေ့များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး အပူချိန်ပြန်လည်လျော့ကျကာ ဧပြီ ၂၈ ရက်မှ မေလ ပထမပတ်အတွင်း မိုးအနည်းငယ်ရွာနိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။
  • ဧပြီ ၂၅ ရက်မှ မေလ ၁ ရက်အထိ ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ - 

    ဧပြီ ၂၇ ရက်အထိ နေ့အပူချိန်များအမြင့်ဆုံး ၄၀°C နှင့် အထက်အထိ မြင့်တက်လာနိုင်ပါမည်။ 

    မန္တလေးတိုင်းအတွင်း တံတားဦးနှင့် စဉ့်ကိုင်မြို့များတွင် ၂၅/၂၆/၂၇(ထို ၃ ရက်၌) အပူချိန်အမြင့်ဆုံး ၄၂°C အထိ ရှိနိုင်ပါသည်။ 

    ၂၈/၂၉ ရက်နေ့များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး အပူချိန်ပြန်လည်လျော့ကျကာ ဧပြီ ၂၈ ရက်မှ မေလ ပထမပတ်အတွင်း မိုးအနည်းငယ်ရွာနိုင်သည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။ 

    မိုးရေချိန်မများပါ ၂၄ နာရီအတွင်းမိုးရေချိန် ၁၀ မီလီမီတာအောက်(၀.၄ လက်မခန့်)နှင့် ရွာနိုင်သည့်ရာခိုင်နှုန်း အများဆုံး ၇၅%ရှိပါမည်။ 

    တောင်ဘက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနိုင်ပါသည်။ 

    ဧပြီ ၂၅ မှ မေလ ၁ ရက် အတွင်း၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်၊ အာရေဗျပင်လယ်နှင့် တောင်တရုတ်ပင်လယ်များတွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်ရန်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    Weather source: U Win Naing 

    လက်ရှိမှာ အပူချိန်ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖရဲစိုက်တောင်သူများအနေနဲ့ စုပ်စားပိုးအုပ်စုဝင် ဖြစ်တဲ့ ယင်ဖြူ၊ လှေး၊ ပျ ပိုးတွေဆိုးဝါးစွာကျရောက်နိုင်ပါတယ်။ 

    • မိမိတို့စိုက်ခင်းသန့်ရှင်းရေး ဂရုပြုလုပ်ဆောင်ပါ။ 
    • စိုက်ခင်းအစိုဓါတ်ရှိအောင်ထိန်းထားပေးပါ။ 
    • အပင်ပေါ်မှ ရေဖျန်းပေးတာမျိုးလုပ်ပေးပါ။ 
    • အပြာရောင် သို့မဟုတ် အဝါရောင် ပိုးကပ်ထာင်ချောက်များကို လုံလောက်စွာအသုံးပြုပေးပါ။ 
    • ဓါတုဆေးများအနေနဲ့ Spinosad, Spirotetramat, Dinotefuran စတဲ့ ပိုးသတ်ဆေးများကို တလှည့်စီဖျန်းပြီး စုပ်စားပိုးများကိုကာကွယ်နိုင်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    နွေရာသီကာလများတွင် အပူချိန်မြင့်တက်နေသဖြင့် ငါးကန်များတွင် ကန်ရေအပူချိန်သည် မြင့်တက် နေတတ်ပါသည်။ ငါးကန်များတွင် ကန်ရေအပူချိန်သည် ၃၀ မှ ၃၂ ဒီဂရီစင်တီဂရိတ် နှင့် အထက်ရှိနေတတ်ပါ သည်။ ထိုအချိန်တွင် မိုးရွာသွန်းပါက ကန်ရေအပူချိန်သည် ချက်ချင်း ကျဆင်းပြီး ငါးများအတွက်ရှော့ဖြစ်သေ ဆုံးခြင်းများရှိတတ်ပါသည်။ ကန်ရေအနက် ၅ပေ ရှိပါက ကန်ရေအပူချိန်ပြောင်းလဲခြင်းသည် သက်သာသော် လည်း ကန်ရေအနက် (၃)ပေနှင့်အောက်ရှိသောကန်များတွင် အပူချိန်ပြောင်းလဲခြင်း မြန်ဆန်ပြီး ငါးများရှော့ဖြစ် တတ်ပါသည်။ ထို့ကြောင့်ကန်ရေအနက်ကို အနည်းဆုံး (၅)ပေထားရှိရန်လိုအပ်ပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
likes
5
comments
0
views
6343