cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ်အတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီ ၂၈ ရက်နေ့မှ စတင်၍ မေလ ၁ ရက်နေ့အထိ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့ထက် မိုးရွာသွန်းနှုန်းပိုမိုနိုင်(မိုးပိုများနိုင်)ပါသည်။
  • "ရှမ်းပြည်နယ် ဧပြီလ ၂၆ ရက် မှ မေလ ၂ ရက်အထိ ၁ ပါတ်အတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်" 

    ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီ ၂၈ ရက်နေ့မှ စတင်၍ မေလ ၁ ရက်နေ့အထိ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့ထက် မိုးရွာသွန်းနှုန်းပိုမိုနိုင်(မိုးပိုများနိုင်)ပါသည်။  

    မိုးရေချိန် ကြိုတင်ခန့်မှန်းချက်များ- 

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဧပြီ ၂၈-၂၉ ရက်နေ့များ၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၂၀ မီလီမီတာမှ ၂၈ မီလီမီတာ(၀.၈ လက်မ မှ ၁.၁ လက်မခန့်) 

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဧပြီ ၂၈-ရက်နေ့၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၁၅ မီလီမီတာ (၀.၈ လက်မ ခန့်) 

    ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဧပြီ ၂၈-၂၉-၃၀ နှင့် မေလ-၁ ရက်နေ့များ၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၁၄ မီလီမီတာမှ ၂၂ မီလီမီတာ(၀.၅၅ လက်မ မှ ၀.၉ လက်မခန့်) အသီးသီး ရွာသွန်းနိုင်ပါသည်။ 

    လေတိုက်နှုန်းကြိုတင်ခန့်မှန်းချက်များ-  

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် - အနောက်၊ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ခန့်၊  

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် - အနောက်၊ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်၊  

    ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် - တောင်ဘက်၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တို့မှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် အသီးသီးတိုက်ခတ်နိုင်ပါမည်။  

    အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန် ကြိုတင်ခန့်မှန်းချက်များ- 

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁ ပါတ်အတွင်း အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ၊ 

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၁°C ရှိနိုင်ပြီး၊ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C အသီးသီး ရှိနိုင်ပါမည်။ 

    ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသော မိုးလေဝသအခြေအနေဖြစ်ပေါ်ခြင်းမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း အာလူးဆက်တိုက်စိုက်ပျိုးနေသောစိုက်ခင်းတွေမှာ ပင်ညိုးကျရောက်မှု ဆိုးဝါးနိုင်ပါတယ်။ 

    • မြေချဉ်ငန်ကိန်း(pH) ကို ၇.၅-၇.၆ ဖြစ်စေရန်ညှိပေးပါ။ pH နိမ့်နေလျှင် ထုံးထည့်ပေးပါ။ 
    • နီမတုတ်ဒဏ်ရာမှတဆင့် ပင်ညိုးရောဂါဝင်ရောက်နိုင်တဲ့အတွက် ထယ်နက်နက်ထိုးပြီး နီမတုတ်ကာကွယ်ပါ။ 
    • ရောဂါကျအပင်တွေ့ရှိပါက ချက်ချင်းဖယ်ရှားပေးပါ။ 
    • ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုပါ။ 
    • စိုက်ခင်းရေမဝပ်စေရန်ဆောင်ရွက်ပေးပါ။ 
    • အာလူးနှင့် မျိုးရင်းဝင်တူသည့် သီးနှံများစိုက်ပျိုးမှုကိုရှောင်ပါ။  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    • ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။  
    • ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ 
    • (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။ 
    • ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်းဇုံတွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။   
    • ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
likes
3
comments
0
views
6815