"ရှမ်းပြည်နယ် ဧပြီလ ၂၆ ရက် မှ မေလ ၂ ရက်အထိ ၁ ပါတ်အတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်"
- ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီ ၂၈ ရက်နေ့မှ စတင်၍ မေလ ၁ ရက်နေ့အထိ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့ထက် မိုးရွာသွန်းနှုန်းပိုမိုနိုင်(မိုးပိုများနိုင်)ပါသည်။ - မိုးရေချိန် ကြိုတင်ခန့်မှန်းချက်များ- - ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဧပြီ ၂၈-၂၉ ရက်နေ့များ၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၂၀ မီလီမီတာမှ ၂၈ မီလီမီတာ(၀.၈ လက်မ မှ ၁.၁ လက်မခန့်) - ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဧပြီ ၂၈-ရက်နေ့၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၁၅ မီလီမီတာ (၀.၈ လက်မ ခန့်) - ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဧပြီ ၂၈-၂၉-၃၀ နှင့် မေလ-၁ ရက်နေ့များ၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၁၄ မီလီမီတာမှ ၂၂ မီလီမီတာ(၀.၅၅ လက်မ မှ ၀.၉ လက်မခန့်) အသီးသီး ရွာသွန်းနိုင်ပါသည်။ - လေတိုက်နှုန်းကြိုတင်ခန့်မှန်းချက်များ- - ရှမ်းပြည်နယ်တောင်ပိုင်းတွင် - အနောက်၊ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ခန့်၊ - ရှမ်းပြည်နယ်မြောက်ပိုင်းတွင် - အနောက်၊ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်၊ - ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် - တောင်ဘက်၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တို့မှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် အသီးသီးတိုက်ခတ်နိုင်ပါမည်။ - အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန် ကြိုတင်ခန့်မှန်းချက်များ- - ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁ ပါတ်အတွင်း အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ၊ - ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၁°C ရှိနိုင်ပြီး၊ - ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C အသီးသီး ရှိနိုင်ပါမည်။ - ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသော မိုးလေဝသအခြေအနေဖြစ်ပေါ်ခြင်းမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။
- ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
- (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။
- ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်းဇုံတွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။
- ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။
 - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
