cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါး၊ ပုစွန်များ ရေခဲရိုက်ခြင်း

. Fish Articles
ရေခဲပုံး အောက်ခြေတွင် ရေခဲထူထူခင်းပါ၊ ငါး ပုစွန်များကို အပြည့် ရေခဲနှင့် တလွှာချင်း ခင်းပေးပါ။ အပေါ် ဖက်မှ အပူဓါတ်များ စီးဝင်လာခြင်း မရှိစေရန် ရေခဲထူထူ ထပ်ဖိပေးပါ။
  • ၁။ ငါး ပုစွန်များ ရေခဲရိုက်ရန်အတွက် အပူကာပလပ်စတစ် ရေခဲပုံးကိုသုံးရမည်။ 

    ၂။ ပလပ်စတစ်ဗန်းကိုလည်း ရေခဲရိုက်ရာတွင် သုံးနိုင်သည်။ 

    ၃။ ပုံးတွင် ငါး နှင့် ရေခဲကို ( ၁း ၁)အဆဖြင့် ထည့်ပါ။ 

    ၄။ ပုစွန်ဖြစ်ပါက တန်ဖိုးကြီးသောထုတ်ကုန်ဖြစ်သောကြောင့် ပုစွန်အလေးချိန်ထက် ရေခဲကိုတစ်ဆခွဲ အသုံးပြုပါ 

    ၅။ ရေခဲပုံး အောက်ခြေတွင် ရေခဲထူထူခင်းပါ၊ ငါး ပုစွန်များကို အပြည့် ရေခဲနှင့် တလွှာချင်း ခင်းပေးပါ။ အပေါ် ဖက်မှ အပူဓါတ်များ စီးဝင်လာခြင်း မရှိစေရန် ရေခဲထူထူ ထပ်ဖိပေးပါ။ 

    ၆။ ခရီးအကွာအဝေး ရာသီဥတု၊ နွေ မိုး ဆောင် ရာသီ အပူချိန် နှင့် ပုံး၏အပူကာသတ္တိ၊ ငါးသိုလှောင်ခန်း နေရာ နှင့်လေလုံမှုအပေါ်မူတည်ပြီး ငါး နှင့်ရေခဲ အချိုးကို ချင့်ချိန်နိုင်ပါသည်။ 

    ငါးနှင့် ရေခဲအချိုး ရေခဲပျော်ရန် ကြာချိန် 

    ၁: ၁ ၁၇ နာရီ 

    ၁: ၄ ၆ နာရီ 

    ၁: ၆ ၅ နာရီ 

     U San Aung

    Htwet Toe

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
7
comments
0
views
3015