cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝါးပလုပ် (ခ) သဘာဝဝါးဂျယ်လီ

. Health Articles
မိုးဦး အချိန်ခါတွင် ဝါးပေါက်သားလေး၏ အောက်ခြေအရင်းတွင် အဆစ် ၃ဆစ်လောက်မှစပြီး ရေဝင်ရုံလေး ဓားနဲ့ အပေါက်ဖြစ်အောင် လုပ်ရပါသည်။
  • ဝါးပလုပ်ဆိုသည်မှာ တနသာင်္ရီတိုင်းရဲ့ သဘာဝအစားအစာလေး တစ်ခုပဲဖြစ်ပါတယ်။ မိုးဦး အချိန်ခါတွင် ဝါးပေါက်သားလေး၏ အောက်ခြေအရင်းတွင် အဆစ် ၃ဆစ်လောက်မှစပြီး ရေဝင်ရုံလေး ဓားနဲ့ အပေါက်ဖြစ်အောင် လုပ်ရပါသည်။ တစ်ပင်မှာ ၂ဆစ် မှ ၃ဆစ်ထိသာဖောက်သင့်ပါသည်။ မျှစ်ခူးတစ်ကြိမ်၊ ဝါးပလုပ်တစ်ကြိမ် နှစ်ခါဖောက်ကြသောကြောင့် ဖောက်ပါများပါက ဝါးပင်များ သေဆုံးတတ်ပါသည်။ ထို့နောက်မိုးရွာလျှင် မိုးရေများသည် ဝါးပေါက်ထဲသို့ဝင်ပြီး၊ ၁၀ - ၁၅ ရက် ကြာပါက သဘာဝဝါးဂျယ်လီ သို့ ဝါးပလုပ်လေး ရရှိမည်ဖြစ်သည်။  

    ဝါးပလုပ်၏အရသာမှာ အိအိတုန်တုန် ဂျယ်လီလေးကဲ့သို့ဖြစ်နေပြီး ဝါးစိမ်းနံ့သင်းသင်းလေးဖြင့် ဌက်သိုက်သောက်ရသကဲ့သို့ပင်ဖြစ်သည်။ ဝါးပလုပ်၏ကျန်းမာရေးကောင်းကျိုးများမှာ ရင်ပူသက်သာ ခြင်း၊ ဝမ်းအေးစေခြင်း၊ အမောပြေစေခြင်း၊ ကျောက်ကပ်နှင့် အသည်း အားကောင်းစေခြင်း တို့ပင်ဖြစ်သည်။ ကလေးငယ်များစားသုံးပါကလည်း ချောင်းမဆိုးစေသောကြောင့် ချောင်းမဆိုးသော သဘာဝ ဂျယ်လီဟူ၍ပင်ခေါ်ဆိုနိုင်သည်။ ပျားရည်၊ သကြားညို၊ နို့စိမ်း၊ နို့ဆီ၊ သံပုရာ၊ ဇီး၊ နို့သစ်ခွ စသည့် ကြိုက်နှစ်သက်သောအရသာများဖြင့် တွဲဖက်၍သောက်သုံးနိုင်ပါသည်။ မိုးဦးရာသီရောက်ခါနီးပြီမို့ ကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေသည့် ဝါးပလုပ်လေးအား စားသုံးကြည့်စေရန် တိုက်တွန်းလျက် ဗဟုသုတများမျှဝေပေးလိုက်ပါသည်။  

    ------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
8
comments
0
views
2510