cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆေးဖက်ဝင်စိန်ပန်းပွင့်သုပ်အကြောင်းနှင့် သုပ်စားနည်း

. Health Articles
အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။ နားကိုက်ခြင်းကိုသက်သာစေသည်။
  • အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင်

    ပူသောသတ္တိရှိသည်။လေသလိပ်ကိုနိုင်သည်။ ထိုးအောင့်၊အစာမကြေ၊လေပြည့်၊မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေသည်

    အစေ့မှရသောအဆီကိုပိုးသတ် မှို သတ်သောဆပ်ပြာဆီအဖြစ် ထုတ်လုပ် သည်။အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်းဆိုသည်။

    အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။

    နားကိုက်ခြင်းကိုသက်သာစေသည်။

    အရွက်သည် အရေပြားရောဂါကိုပျောက်စေသည်။

    အရွက်ကို စားပေးပါက သံပိုးကိုကျစေသည်။

    အပွင့်နှင့်အခေါက်ကို အစာအိမ်ပျောက်ဆေး အဖြစ်ိသုံးသည်။

    အပွင့်ကို ပြုတ်စားခြင်း၊တို့စား၊သုပ်စားခြင်းဖြင့်

    အိပ်ပျော်မှုကိုဖြစ်စေပါသည်။

    စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန် မသင့်ပေ။

    အောက်ဖော်ပြပါ နေရာတွင်လဲ စိန်ပန်းပင်၏ဂုဏ်သတ္တိအလိုက်စမ်းသပ်ထားမှုများကို လေ့လာနိုင်သည်။

    http://www.stuartxchange.com/FireTree.html

    စိန်ပန်း ကို စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို

    အလျင်အမြန်လျော့ကျစေသဖြင့် သတိထားသင့်သည်။

    စိန်ပန်းပွင့်လက်သုပ် သုပ်နည်း#Crd

    စိန်ပန်းပွင့်ကိုပြုတ်ပါ ။ ရေညှစ်ပါ ရေပြန်ဆေးပါ ။

    ရေထပ်ညှစ်ပါ။ ပါးပါးလှီး ၍ နှစ်ပြန်ကြော် +ပုဇွန်ခြောက် ထောင်း၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ငံပြာရည်ကြော်နဲနဲ

    ပဲမှုန့်၊ ကြက်သွန်ဖြူ ဆီချက် ၊ သံပုရာသီးနှင့် ရော၍သုပ်ပါ။

    အရသာရှိရှိ မွှေးမွှေးကြိုင်ကြိုင် စိန်ပန်းသုပ်လေးပေါ့ ခင်မျာ

    မှတ်ချက်... မပြုတ်ခင် ပန်းမှာပဲသီးများကဲ့သို့ အနံရှိပြီး

    ပြုတ်ပြီးတစ်ခါညှစ်ရေပြန်ဆေးပြီးတစ်ခါညှစ်သောအခါ အမွှေးနံ့ထွက်လာပါသည်။

    Crd to Original Uploader

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
6
comments
0
views
2302