cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ထိုင်းနိုင်ငံမှပေးသည့် ပြောင်းဈေးမှာ ယခင်နှစ်ထက်နည်းပါးနေ၍ ကုန်သည်တချို့ အရောင်းရပ်နားထား

. Market News
ယခုလို ထိုင်းနိုင်ငံမှ အကောက်ခွန်မဲ့ ပြောင်းတင်သွင်းခွင့် သတ်မှတ်ထားသည့် ကာလဖြစ်သော်လည်း ပြောင်းဈေးထင်သလောက်မကောင်း၍ ဈေးအတက်ကို စောင့်ဆိုင်းနေကြသည့် ကုန်သည်တချို့လည်း ရှိလာခဲ့ကြောင်း သိရပါတယ်။
  • ပြည်တွင်းရှိ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံမှပေးသည့်ဈေးမှာ ယခင်နှစ်ထက် နည်းပါးနေ၍ ကုန်သည်တချို့ ပြောင်းတင်ပို့ရောင်းချမှု ရပ်နားထားကြောင်း ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်း ဝယ်သူများအသင်းမှ သိရပါတယ်။

    လက်ရှိကာလသည် ထိုင်းနိုင်ငံမှ အကောက်ခွန်မဲ့ ပြောင်းတင်သွင်းခွင့် သတ်မှတ်ထားသည့် ကာလဖြစ်သော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံမှပေးသည့် ပြောင်းဈေးမှာ ယခင်နှစ်ထက်နည်း ပါးနေခြင်းကြောင့် ကုန်သည်တချို့ ပြောင်းတင်ပို့ရောင်းချမှုရပ်နားထားတယ်ဆိုပါတယ်။

    “ထိုင်းဈေးကွက်က လက်ရှိမှာ ပေးဈေးနည်းတယ်ပေါ့နော်။ ကျွန်တော်တို့ ပုံမှန်က ပြောင်း ၁ ကီလိုဂရမ် ကို ၁၁ ဘတ်လောက် ရတယ်ပေါ့နော်။ ဒီနှစ်ကတော့ ၉ ဘတ်ခွဲ လောက်ပဲ ပေးလာတယ်ပေါ့နော်။ ကျွန်တော်တို့လည်း ဒီကနေသွားရင် မကိုက်ဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ပုံမှန်လက်ရှိကတော့ ပြောင်းနဲ့ ပတ်သက်ပြီးတော့ အမြတ် အစွန်းနဲ့ သွားချင်တဲ့သူတွေကတော့ လုပ်လို့မရတဲ့ အခြေအနေဖြစ်နေတယ်ပေါ့နော်။ အခုလက် ရှိတော့ ဘယ်သူတွေကသွားပြီးတော့ ရောင်းနေကြလည်းဆိုတော့ နိုင်ငံခြားငွေ ရယူသုံးဆွဲခြင်းဆိုင်တဲ့ ဒေါ်လာကိုကိုင်ပြီး import လုပ်ချင်တဲ့သူပေါ့နော်။ သူတို့က ပြောင်းကိုကိုင်ပြီးတော့ နိုင်ငံခြားငွေဒေါ် လာနဲ့ import ပြန်သွင်းတဲ့ ကိစ္စကိုပဲ စီစဉ်ဆောင်ရွက်ကြတယ်။ ပြောင်းကို အရှုံးခံပြီးတော့ import ကိုပဲ မျှော်ကိုးပြီးတော့ လုပ်တဲ့သူပဲ တော်တော်များများက ကျန်ခဲ့ကြတယ်ပေါ့နော်။ ပုံမှန်အရောင်းအဝယ်ကာလမှာ ငွေရေးကြေးရေးအမြတ်အစွန်းရချင်တဲ့သူတွေကတော့ တော်တော်များများ ရပ်ကုန်ကြပြီ” ဟု ပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ယခုလို ထိုင်းနိုင်ငံမှ အကောက်ခွန်မဲ့ ပြောင်းတင်သွင်းခွင့် သတ်မှတ်ထားသည့် ကာလဖြစ်သော် လည်း ပြောင်းဈေးထင်သလောက်မကောင်း၍ ဈေးအတက်ကို စောင့်ဆိုင်းနေကြသည့် ကုန် သည်တချို့လည်း ရှိလာခဲ့ကြောင်း သိရပါတယ်။

    “ဒီ မတ်လကနေ ဩဂုတ်လအတွင်းမှာဆိုရင် ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ကြတဲ့ကာလဖြစ်တဲ့အ တွက် ပြောင်းဈေးတွေက တက်တာများတယ်။ မနှစ်ကဆိုရင် တစ်ပိဿာကို (၁၈၀၀)လောက်အထိရခဲ့တယ်။ ဒီနှစ်ကတော့ မတ်လလောက်ကတည်းက (၁၇၀၀)လောက်နဲ့ပဲ ငြိမ်နေတာ အခုထိပေါ့နော်။ တချို့တွေကလည်း တက်ဈေးစောင့်နေကြတဲ့သူတွေလည်း ရှိတယ်။ တက်ဈေးစောင့်တာကလည်း သိပ်အကြာကြီးတော့ မကောင်းဘူး ဈေးကျသွားရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားနိုင်တယ်” ဟု ပြောင်းဆန်အရောင်းအဝယ်ပြုလုပ်သည့် ကုန်သည်တစ်ဦးက ပြောပါတယ်။

    လက်ရှိ ဘုရင်နောင်ကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးအရ ပြောင်းဆန်တစ်ပိဿာကို ကျပ် ၁၆၈၀ ကနေ ၁၇၀၀ အထိသာ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

    မြတ်သူ(ရန်ကုန်)

    -------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
2053