cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သရက်သီးနှင့် သရက်သီးခြောက် တင်ပို့ရန် ရုရှားကမ်းလှမ်း

. Market News
ရုရှားဘက်က စိန်တလုံးသရက်သီးကို အဓိကဝယ်ယူဖို့ စိတ်ဝင်စားကြတယ်။ သူတို့ဘက်က သရက်သီးအပြင် သရက်သီးခြောက်ကိုပါ ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်။ လက်ရှိချိတ်ဆက်ဝယ်ယူနိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • article
  • မြန်မာ့ဒေသထွက် သရက်သီးနှင့် သရက်သီးခြောက်ကို ရုရှားနိုင်ငံသို့ တင်ပို့ရန် ရုရှားစီးပွားရေး လုပ်ငန်းရှင်များက ကမ်းလှမ်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။

    “ရုရှားဘက်က စိန်တလုံးသရက်သီးကို အဓိကဝယ်ယူဖို့ စိတ်ဝင်စားကြတယ်။ သူတို့ဘက်က သရက်သီးအပြင် သရက်သီးခြောက်ကိုပါ ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်။ လက်ရှိချိတ်ဆက်ဝယ်ယူနိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မြန်မာ့ဒေသထွက်ကုန် သရက်သီးနှင့် သရက်သီးခြောက်များကို မြန်မာ-ရှရှား စီးပွားရေးကောင်စီနှင့် အဖွဲ့ဝင်များအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်းမှစတင်ကာ ဝယ်ယူမှာဖြစ်ကြောင်း၊ ထိုသို့ ဝယ်ယူရာတွင်လည်း သရက်သီးရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများ၊ သရက်သီးစိုက်ပျိုးသည့် တောင်သူများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေးဆောင်ရွက်နေပြီး တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမည်ဖြစ်ကြောင်း၊

    ထိုကြောင့် သရက်သီးစိုက်ပျိုးရောင်းချသူများနှင့် သရက်သီးအဓိကရောင်းချသည့် လုပ်ငန်း ကုမ္ပဏီများအနေဖြင့် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
7
comments
0
views
2294