cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန် ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။
  • ပဲခူးတိုင်း ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် 

    ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ ပဲခူးရိုးမကြောတလျှောက်မှာတော့ ပဲခူး-အနောက်ခြမ်းနဲ့နှိုင်းယှဥ်ရင် မိုးပိုများပါတယ်။ မိုးပိုများတယ်ဆိုရာမှာ - မိုးရေချိန်အားဖြင့် ၂၀ မီလီမီတာ(၀.၈ လက်မခန့်)တော့ရွာနိုင်ပါမယ်။ ပဲခူးတိုင်းအရှေ့ခြမ်းမှာတော့ အဲ့ဒီမိုးရေချိန်ရဲ့ ထက်ဝက်ခန့်သာရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်းမှာဖြစ်စေ၊ အနောက်ခြမ်းမှာဖြစ်စေ မေလ ၃ ရက်နောက်ပိုင်းမှာ ရာသီဥတု ပြန်လည်သာယာပြီး မေ လ ၁၀ ရက်နောက်ပိုင်းမှသာ မိုးရွာနိုင်မည့်အရိပ်အခြေပြန်တွေ့ရမှာဖြစ်ပါတယ်။ 

    ပင်လယ်ပြင်က လေစီးကြောင်းရဲ့လေတိုက်နှုန်း၊ စိုထိုင်းဆ၊ လေတိုက်ရာအရပ်တို့ရဲ့အခြေအနေများအရ ပုံမှန်အားဖြင့် မေလ ၁၉ ရက်ဝန်းကျင်မှာဝင်ရောက်လာတတ်တဲ့ အနောက်တောင်မုတ်သုံလေဟာ ရက်အနည်းငယ်စောပြီး ဝင်ရောက်လာနိုင်ကြောင်း တွေ့ရပါတယ်။ 

    ဒီရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ မိုးရွာလာနိုင်မှာကြောင့် အမြင့်ဆုံးနေအပူချိန်များ လျော့ကျလာပြီး အမြင့်ဆုံး ၃၄°C ၃၅°C ခန့်ရှိနိုင်ကြောင်း၊ လေထုစိုထိုင်းဆမြင့်တက်လာနိုင်တာကြောင့် ခံစားရတဲ့အပူချိန်တွေကတော့ ၄၀°C ခန့်ရှိနိုင်ပါတယ်။ 

    တောင်ဘက်၊ အရှေ့တောင်ဘက်နဲ့ အနောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်အထိ အများဆုံးတိုက်နိုင်ပြီး အနောက်ဘက်အရပ်မှ မိုးတိမ်တောင်ကြီးများဝင်ရောက်ချိန်မှာ စိုက်ဆင်းလေပြင်းကျရောက်တတ်တဲ့ အန္တရာယ်ကို သတိထားကြရပါမယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့ မိုးလေဝသအခြေအနေ(ဧပြီ ၂၈ ရက် မှ မေ လ ၄ ရက်အထိ) 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန် ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ 

    ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည်၊ အက်စစ်ဓါတ်ဖက် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက်ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ 

     ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးရန်လိုအပ်ပါသည်။   

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
4639