သီးနှံပင်များတွင် မဂ္ဂနီးချို့တဲ့မှုလက္ခဏာများ
- (၁) ပဲပုပ် - လက္ခဏာမှာ ရွက်ကြောကြီးများအကြား ပုံမမှန်သော အစိမ်းရောင်ဖျော့ အကွက်များ တွေ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ရောဂါကျရောက်သော ဧရိယာသည် အညိုရောင်သို့ ပြောင်းသွားသည်။ - (၂) အာလူး - ရွက်ညှာတံ၏ အခြေရင်းအောက်ပိုင်းပင်စည်တွင် အညိုရင့်ရောင် အစင်းကြောင်းများ တွေ့ရသည်။ အောက်ပိုင်းအရွက်များ၏ ရွက်ကြောကြားတွင် အစိမ်းရောင်ပျက်များတွေ့ရပြီး ရွက်ကြောများစိမ်းနေသည်။ - (၃) ပန်းမုန်လာ - အလယ်ပိုင်းအရွက်များနှင့် အရွက်ရင့်များ အပေါ်ဘက်သို့ ကွေးပြီး ခွက်ပုံဖြစ်နေသည်။ အရွက်နားမှစ၍ အရောင်ဖျော့လာပြီး တဖြည်းဖြည်း ရွက်ကြောကြီးများကြားသို့ ပျံ့နှံ့သွားသည်။ အရွက်အရောင်ဖျော့နေသော နေရာများတွင် အညိုပျောက် တွေ့ရသည်။ အရွက်နားနှင့် ရွက်ကြောများကြားတွင် တွန့်လိမ်မှုများ တွေ့ရသည်။ - (၄) ခါချက်ဥ နှင့် ဆလတ် - အပင်ပုပြီး အရွက်များ အရောင်ဖျော့သည်။ ရွက်နား တစ်လျှောက် အဝါရောင်များ တွေ့ရသည်။ ခါချက်ဥ၏အရွက်တွင် ကြေးနီရောင်အစက်အပျောက်နှင့် ရွက်နားလောင်သည်ကို တွေ့ရသည်။ - (၅) ဆေးရွက်ကြီး - အရွက်နုများ အရောင်ဖျော့နေသည်။ ရွက်ကြောများကြားရှိ တစ်ရှူးများသည် အစိမ်းရောင်မှ အဖြူရောင် ဖြစ်ရပြီး ရွက်ကြောများစိမ်းနေသည်။ ရွက်ကြောများစိမ်းပြီး ရွက်ကြောများအကြားတွင် အရောင်မညီကွက်ကြား ဖြစ်ပေါ်သည်။ ရွက်ကြောများကြားတွင် တစ်သျှူး သေနာ ကွက်များတွေ့ရသည်။ အပင်လည်း ပုနေသည်။ - (၆) နှံစားသီးနှံ - အရွက်နုများ၏ အခြေတွင် မီးခိုးရောင်အကွက်များ တွေ့ရသည်။ တဖြည်းဖြည်း ဧရိယာကျယ်လာပြီး အဝါရောင်၊လိမ္မော်ရောင်များလည်း တွေ့ရသည်။ - (၇) ပဲမျိုးစုံ - ရွက်ကြောများစိမ်းနေပြီး ရွက်ကြောကြားဧရိယာ အဝါရောင် ဖြစ်နေသည်။ ရွက်ကြောနှင့်အပြိုင် အဝါစင်းများ တွေ့ရသည်။ သီးနှံကြီးထွားစဉ်အတွင်း မြေဆီလွှာအတွင်း MnSO4 ထည့်ခြင်းသည် မထိရောက်ပေ။ MnSO4 ကို တစ်ဧက ၁၀-၁၂ ပေါင် အရွက်မှဖျန်းပေးရမည်။ ရေ ငါးဂါလန်တွင် MnSO4 တစ်ပေါင်ထက် (၂ ရာခိုင်နှုန်း) ပိုမများသင့်ပေ။ - ဒေါက်တာကြည်မြင့် - သီးနှံများ ကြီးထွားရေးအတွက် မရှိမဖြစ် အာဟာရဓါတ်များ- စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ - ✦✦✦✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
