cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေဆီလွှာ ပြဿနာ အဖြေရှာ ဂျစ်ပဆန်ကို အသုံးပြုပါ

. Soil Management
ရေဝပ်တယ်ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဂျစ်ပဆန်ဆိုတဲ့ ကျောက်မှုန့်ကိုထည့်ရမှာ ဖြစ်ပါတယ်။ ဒီလိုထည့်လိုက်ရင် မြေလုံးငယ်ငယ်လေးတွေနဲ့ စေးကပ်နေတဲ့ စနယ်မြေဟာ မြေလုံး အရွယ်အစား အသင့်အတင့် ကြီးလာတယ်။
  • ဒီတစ်ပတ် ဆွေးနွေး တင်ပြလိုတဲ့ အချက်ကတော့ မြေဆီလွှာမှာဖြစ်တဲ့ ပြဿနာ တချို့ကို ဂျစ်ပဆန် ကျောက်မှုန့်မြေသြဇာနဲ့ ဖြေရှင်းတဲ့ နည်းလေးတွေကို ဆွေးနွေး လိုပါတယ်။

    နယ်မြေ ဒေသအနှံ့ကို ခရီးရောက်တိုင်းတောင်သူလယ်သမားနဲ့ဆွေးနွေးပွဲတွေမှာ ပြန်လည်ဆွေးနွေးခဲ့ရတဲ့ အချက်ကတော့ မြေဆီလွှာပြဿနာ အမျိုးမျိုးပါဘဲ။မြေဆီလွှာတွေဟာ မာကြပ်လာတယ်။ ထွန်ရေး၊ ထယ်ရေး ခက်ခဲတယ်။ မြေဆီလွှာတွေ ငန်လာတယ်။ သီးနှံအထွက်တွေ ကျတယ်။ မြေဆီလွှာမှာ ဘာဓာတ်တွေ ချို့တဲ့နေသလဲ။ နည်းနေသလား၊ များနေသလား။ ဘယ်လို ဓာတ်မြေသြဇာတွေ သုံးမရလဲ။

    တချို့ဓာတ်မြေသြဇာတွေဟာ အတုဖြစ်နေတယ်။ စစ်၊ မစစ် ဘယ်လိုသိနိုင်မလဲ စတဲ့မေးခွန်းတွေဟာ နေရာဒေသတိုင်းမှာ ဆွေးနွေး မေးမြန်းကြတာကို တွေ့ရပါတယ်။ ဒီအထဲကမှ တောင်သူလယ်သမားများ လက်တွေ့ခံစားနေကြရတဲ့ မြေဆီလွှာပြဿနာလေးတွေကို အဖြေရှာ ဖြေရှင်းနည်းလေးတွေ ဆွေးနွေး ပေးလိုပါတယ်။ မြေဆီလွှာဟာ စနယ်မြေ၊ နုန်းမြေ၊ သဲမြေ စတဲ့ ပစ္စည်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းထားတဲ့ စနယ်၊ နုန်း၊ သဲ စတဲ့ပစ္စည်းပါဝင်မှု ပမာဏပေါ်မှာ မူတည်ပြီး မြေဆီလွှာ ကောင်းတယ်၊ ညံ့တယ်ဆိုတာ ဖြစ်ပေါ်နေတာပါ။ စနယ်မြေများရင် ရေဝပ်စေနိုင်ပါတယ်။ ရေစိမ့်ဝင်အားနဲ့ လေဝင်လေထွက်မကောင်းစေပါဘူး။ ဒီလိုစနယ်မြေကြောင့်မြေဆီလွှာညံ့တယ်၊ မြေကြပ်တယ်။ ထွန်ရ၊ယက်ရ ခက်တယ်။ လေဝင်၊ လေထွက်ညံ့တယ်။

    ရေဝပ်တယ်ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဂျစ်ပဆန်ဆိုတဲ့ ကျောက်မှုန့်ကိုထည့်ရမှာ ဖြစ်ပါတယ်။ ဒီလိုထည့်လိုက်ရင် မြေလုံးငယ်ငယ်လေးတွေနဲ့ စေးကပ်နေတဲ့ စနယ်မြေဟာ မြေလုံး အရွယ်အစား အသင့်အတင့် ကြီးလာတယ်။ မြေလုံးတွေရဲ့ကြားနေရာဟာ ကျယ်လာတယ်။ လေဝင်၊လေထွက် ကောင်းလာစေတယ်။ ရေစိမ့်ဝင်စီးဆင်းအားလည်း ကောင်းလာစေတယ်။ အစိုဓာတ်ထိန်းနိုင်အားလည်း ကောင်းလာစေတယ်။ မြေရဲ့ ဖွဲ့စည်းတည်ဆောက်မှု စေးရာကနေ ဖွယ်လာတယ်။ မြေရဲ့ ရူပဂုဏ်သတ္တိ မြင့်လာစေတယ်။ ဒါ့ကြောင့် ထွန်ရ၊ယက်ရတာလည်း လွယ်ကူလာစေတယ်။ သီးနှံလည်း အထွက်တိုးလာစေပါတယ်။နောက်ပြဿနာတစ်ခုကတော့ စနယ်မြေစေးတွေမှာ ဖော့စ်ပရပ်ဓာတ်၊ နိုက်ထရိုဂျင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်တွေဟာ အလူမီနီယံတို့၊ သံတို့၊ မဂ္ဂနီစီယမ်တို့နဲ့ ထိန်းချုပ်ခံရပြီး အပင်က စုပ်ယူစားသုံးမှု ခက်ခဲပါတယ်။ စနယ်မြေစေးကို ဂျစ်ပဆန်ကျောက်မှုန့်ထည့်လိုက်ရင် မြေဆီလွှာတည်ဆောက်မှု ကောင်းလာတယ်။ အမြစ်တွေက မြေဆီလွှာကို ထိုးဖောက်ပြီး အစာအာဟာရတွေကို စုပ်ယူနိုင်တယ်။ ပြီးတော့လည်း ထိန်းချုပ်ခံထားရတဲ့ ဓာတ်တွေဟာလည်း ရေမှာပျော်ဝင်ပြီး အမြစ်များက အလွယ်တကူစုပ်ယူလာနိုင်တာ တွေ့ရတယ်။

    အောက်ပြည်အောက်ရွာ ဒေသနဲ့ အညာဒေသတွေမှာ ပထမ မိုးစပါးမရိတ်မီ တစ်ပတ်အလိုမှာ စပါးခင်းထဲကို ကုလားပဲ၊မတ်ပဲတို့ကို ရေလိုက်ကြဲကြတာ တွေ့ရပါတယ်။ ထယ်ရေးမဲ့စိုက်စနစ်တွေပေါ့။ ဒီလိုကြဲတဲ့အခါမှာ ဒုတိယသီးနှံ ကုလားပဲ၊ မတ်ပဲမကြဲမီ စပါးခင်းထဲကို ဂျစ်ပဆန် ကျောက်မှုန့်မြေသြဇာ ကြိုတင်ကြဲပက်ပြီးမှ ကုလားပဲနဲ့ မတ်ပဲကိုကြဲရင် မြေဆီလွှာဖွဲ့စည်းပုံကောင်းပြီး အာဟာရ ဓာတ်တွေလည်း ပိုစုပ်နိုင်တယ်။

    အစိုဓာတ် ထိန်းနိုင်တဲ့အတွက် ထယ်ရေးမဲ့ သီးထပ်ပဲတွေ အထွက်ပိုကောင်းတာကို တွေ့ရပါတယ်။နောက်ပြဿနာ တစ်ခုကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စတဲ့ တိုင်းဒေသကြီးတွေမှာ မိုးနည်းပြီး နေကအပူရှိန်မြင့်တဲ့အတွက် မြေဆီလွှာဆားပေါက်တဲ့ ပြဿနာတွေဖြစ်တာ တွေ့ရပါတယ်။ မြေဆီလွှာငန် စေပါတယ်။

    ဆားပါဝင်မှု ၁၅ ရာခိုင်နှုန်း ကျော်သွားပြီး ဆိုဒီယမ်ကြောင့် မြေဆီလွှာဖွဲ့စည်းပုံ ပျက်သွားစေပါတယ်။ ထွန်ယက်ရခက်တယ်။ မြေကြပ်သွားတယ်။ ရေစိမ့်ဝင်အား မကောင်းတော့ဘူး။ လေဝင်၊ လေထွက်လည်း ညံ့သွားတယ်။ အဲ့ဒီလိုမြေမျိုးကို ဂျစ်ဆန်ကျောက်မှုန့် မြေသြဇာ ထည့်လိုက်ရင်ဂျစ်ပဆန်မှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က မြေဆီလွှာမှာကပ်နေတဲ့ ဆိုဒီယမ်ဓာတ်ကိုဖယ်ထုတ်လိုက်ပါတယ်။ နောက်ပြီး ရေများများသွင်းပြီး မြေဆီလွှာကို ရေဆေးပစ်ဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ အပင်များရဲ့ အသီး၊ အပွင့်ဖြစ်ထွန်းမှု ညံ့တဲ့ ပြဿနာဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ဟာ အပင်တွင်းမှာ ရွေ့လျားမှုနှေးကွေးပါတယ်။ အမြစ်က တစ်ဆင့်အသီး၊ အပွင့်တွေဆီရောက်ဖို့ ကြာမြင့်ပါတယ်။ ကယ်လ်ဆီယမ်အချိန်မီမရောက်ရင် ခရမ်းချဉ်သီး၊ ဖရဲသီး၊သခွားမွေးသီး၊ သရက်သီးတွေ ပုပ်သွားစေပါတယ်။ ကြွေကျစေပါတယ်။ ဒါ့ကြောင့်ပန်းစပွင့်တော့မယ်ဆိုရင် ဂျစ်ပဆန်ကျောက်မှုန့်ကို ရေနဲ့ဖျော်ပြီး ဖျန်းပေးရင် ဒီပြဿနာ ပြေလည်သွားပါတယ်။အထူးသတိပြုရမှာကတော့ ဂျစ်ပဆန်ကျောက်မှုန့်ကို သုံးတိုင်းသဘာဝမြေဆွေးကို မဖြစ်မနေ ရောသုံးဖို့ဘဲ ဖြစ်ပါတယ်ခင်ဗျာ။

    - အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -------------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
14
comments
2
views
3511