cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ငါးမွေးကန်တစ်ခု၏ ရေချဉ်ဖန်နှုန်းသည် မနက်(၆)နာရီတွင် ချဉ်ဖန်နှုန်းးအနိမ့်ဆုံးကို ပြသပြီး ညနေ(၆)နာရီတွင် ချဉ်ဖန်နှုန်း အမြင့်ဆုံးကိုပြသပါကြောင်းတင်ပြအပ်ပါသည်။
  • မကွေးတိုင်း၊ ဧပြီ ၃၀ ရက်မှ မေလ ၆ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း 

    မကွေးတိုင်းအတွင်းကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေစီးကြောင်းက အနောက်ဘက်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းကတိုက်ခတ်လာတဲ့ လေစီးကြောင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်ပြီး ပဲခူးရိုးမအနောက်ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း တိုက်ခတ်လာတဲ့ လေစီးကြောင်းတွေပါဘဲ။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့တိမ်တွေနဲ့ ရေခိုးရေငွေ့တွေက အဲ့ဒီလေစီးကြောင်းတွေအတိုင်း မကွေးတိုင်းပေါ်ကိုရောက်ရှိလာသော်လည်း၊ မြေပြင်အပူချိန်မြင့်မားနေတဲ့အချိန်မှာ အပူချိန်(temperature)နဲ့ ငွေ့ရည်ဖွဲ့အမှတ်(Dew Point)တို့ကွာဟချက်ကြီးမားနေသရွေ့ မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်မှုနည်းပါးပြီး စိုက်ဆင်းလေပြင်း၊ လေပြင်း(လေနီကြမ်း)တိုက်ခတ်မှုတွေများနိုင်ပါတယ်။  

    ဧပြီလ ၃၀ ရက်မှ မေလ ၅ ရက်နေ့အတွင်း မန္တလေးတိုင်းဘက်က ရွေ့လျားဝင်ရောက်လာမဲ့ မိုးအကြွင်းအကျန်နဲ့ အနောက်ဘက်၊ တောင်ဘက်တွေက ဝင်လာမဲ့ မိုးတိမ်တွေက ထစ်ချုန်းမိုးရွာနိုင်မဲ့ အခြေအနေတွေဖြစ်ပေါ်စေပါမယ်။ မိုးရေချိန်ရရှိနိုင်မှုအနေအထားကတော့ ဧပြီလ ၃၀ ရက် မှ မေလ ၂ ရက်အထိသာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် နေရာစိပ်စိပ်ရွာနိုင်ချေ(၁၂ မီလီမီတာခန့် = ၀.၅ လက်မခန့်)ရှိကြောင်းတွေ့ရပါတယ်။ 

    ဒီရက်တွေအတွင်း တောင်ဘက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိ တိုက်နိုင်ပြီး စိုက်ဆင်းလေပြင်းကျတတ်တဲ့ မိုးတိမ်တောင်ကြီးများဝင်ရောက်လာတာကို ဂရုစိုက်ကြရပါမယ်။ ဖြစ်နိုင်တဲ့ အမြင့်ဆုံးအပူချိန်က ၃၈°C အထိရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်(ညအပူချိန်) ၂၅°C ဝန်းကျင်လောက်မှာ ရှိနေနိုင်ပါတယ်။ 

    မကွေးတိုင်း မိုးလေဝသအခြေအနေ ၄ ရက် ကြိုတင်ခန့်မှန်း - https://www.mmweather.org/divisional-cities-weather/magway-div 

    Win Naing  

    Administration Team,  

    MMWEATHER,  

    https://www.mmweather.org/home  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ငါးကန်၏ရေချဉ်ဖန်နှုန်းကိုတိုင်းတာရာတွင် မနက်ပိုင်းတကြိမ်၊ နေ့လည်ပိုင်းတကြိမ်နှင့် ညနေပိုင်း တကြိမ် တိုင်းတာရပါမည်။ မနက်ပိုင်းတိုင်းတာချိန်တွင် ရေချဉ်ဖန်နှုန်း အကျဘက်တွင်တွေ့ရပါမည်။ ညနေ ပိုင်းတိုင်းတာရာတွင် ချဉ်ဖန်နှုန်းအတက်ဘက်တွင်တွေ့ရပါမည်။ မနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညနေပိုင်း တွင် တိုင်းတာချက်အရ တွေ့ရသောရေချဉ်ဖန်နှုန်းသည် မတူနိုင်ကြောင်းတွေ့ရပါမည်။သို့သော် ကွာခြားချက်သိပ် မများနိုင်ပါ၊ ဉပမာ မနက်ပိုင်း တိုင်းတာရာတွင် ရေချဉ်ဖန်နှုန်း (၇.၅) ရှိနေပြီး နေ့လည်းပိုင်းတွင် ရေချဉ်ဖန်နှုန်း (၈)အနည်းငယ်ကျော် နိုင်ပါသည်၊ ညနေပိုင်းတွင် (၈.၅) သို့ (၉)နီးပါးရှိနိုင်ကြောင်းတွေ့ရှိနိုင်ပါသည်။ 

    ရေချဉ်ဖန်နှုန်းတိုင်းတာရာတွင် ကွာခြားချက်များပါက သတိထားရမည်ဖြစ်ပါသည်။ ဉပမာ မနက် ပိုင်းတွင် ရေချဉ်ဖန်နှုန်း (၆)ရှိပြီး နေ့လည်ပိုင်းတွင် (၈)ဖြစ်နေပြီး ညနေပိုင်းတွင် (၉)အထက်ကျော်နေပါက အဆိုပါကန်ရေသည် ပုံမှန်မဟုတ်ကြောင်းကိုပြသနေသဖြင့် အခြားသော ကန်ရေစစ်ဆေးမှု့များပြုလုပ်ပေး သင့်ပါကြောင်း တင်ပြအပ်ပါသည်။ 

    ပုံမှန်အားဖြင့် ငါးမွေးကန်တခု၏ ရေချဉ်ဖန်နှုန်းသည် မနက်(၆)နာရီတွင် ချဉ်ဖန်နှုန်းးအနိမ့်ဆုံးကို ပြသပြီး ညနေ(၆)နာရီတွင် ချဉ်ဖန်နှုန်း အမြင့်ဆုံးကိုပြသပါကြောင်းတင်ပြအပ်ပါသည်။ 

    ---------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
4154