ငရုတ်စျေးများ မြင့်တက်နေ
- စျေးကွက်အတွင်း အဝင်နည်း၍ ငရုတ်စျေးများ မြင့်တက်နေကြောင်း ကုန်စည်ဒိုင်များထံမှ သိရပါသည်။ - လက်ရှိ ငရုတ်မှာ ရာသီကုန်ချိန်ရောက်ခါနီး ဖြစ်ပြီး စိုက်ပျိုးစရိတ်မြင့်တက်မှု နှင့် လုပ်သားပြတ်လပ်မှုစသည့် အကြောင်းရင်းများကြောင့် ငရုတ်သီးထုတ်လုပ်မှု နိမ့်ဆင်းလာကာ စျေးတက်လာကြောင်း ကုန်သည်များက သုံးသပ်ထားကြပါသည်။ - “လမ်းအခြေအနေတွေကြောင့် ရန်ကုန်စျေးကွက်ကို မုံရွာဘက်က ငရုတ်တွေ အဝင်မရှိ - ဧရာဝတီဘက်ကပဲ ငရုတ်အဝင်ရှိပါတယ် ။ ရာသီကုန် ချိန်ရောက်ခါနီး ပြီဆိုတော့ စျေးတက်နိုင်တယ်။ ငရုတ်ထွက်တဲ့ ဒေသတွေမှာတော့ စျေး ကျချင်ကျမယ်။ ရန်ကုန်မှအဝင်နည်းတဲ့အတွက် စျေးက အရင်ထက် တက်နေတယ်။” ဟု ငရုတ်ကုန်သည်တစ်ဦးက ပြောသည်။ - ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ပြီးခဲ့သည့် အပတ် ဧပြီ ၂၂ ရက်နေ့က ပန်းရဲ (သစ်) တစ်ပိဿာ လျှင် ၇၀၀၀ ကျပ်၊ မြစ်ဝ မိုးထောင် တစ်ပိဿာလျှင် ၇၃၀၀ ကျပ် ၊ ဆင်ဖြူကျွန်း ပုသစ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် သာရှိခဲ့ ပြီး တဖြည်းဖြည်း မြင့်တက်လာကာ ဧပြီ ၂၉ ရက်နေ့တွင် ပန်းရဲ (သစ်) တစ်ပိဿာ ၈၅၀၀ ကျပ်၊ မြစ်ဝ မိုးထောင် တစ်ပိဿာ ၉၀၀၀ ကျပ် နှင့် ငရုတ် ဆင်ဖြူကျွန်း ပု သစ် တစ်ပိဿာ ၁၆၀၀၀ အထိ တစ်ပိဿာကို ၁၅၀၀ မှ ၄၀၀၀ ကြား မြင့်တက်လာကြောင်း သိရပါသည်။ - ငရုတ်မှာ ထုတ်လုပ်မှုလျော့ကျနိုင်သော်လည်း ဝယ်လိုအားနည်းပါးနေခြင်းကြောင့် စျေးတက်နိုင်မည့် အခြေအနေကို အဟန့်အတားဖြစ်နေသည်ဟု ငရုတ်စိုက် တောင်သူများက ဆိုသည်။ - လက်ရှိ အောင်ပန်းစျေးကွက်တွင် ၆၉၂/ကျောက်စိမ်း ၊၇၇၇ ငရုတ်စိမ်း ၊၀၀၄ ငရုတ်စိမ်း၊ ဆာကာတာ၊ ဒေသငရုတ်စိမ်း နှင့် ကုလားအော် ၊ ပီနံ စသည့် ငရုတ်များ အဝင်မရှိတော့ကြောင်း လည်းသိရပါသည်။ - “ရာသီဥတု အကူးပြောင်း မှာ ရောင်းလိုအား နည်းပြီးဝယ်လိုအားရုတ်တရက်များလာရင်တော့ ဈေးနှုန်း တက်လာနိုင်တယ်။လက်ရှိစောင့် ကြည့်နေရတယ်။ အခု ရန်ကုန်၊မန္တလေးကုန်စည်ဒိုင်တွေမှတော့ တဖြည်းဖြည်း စျေး တက်လာတယ်။တောင်သူစျေး မှာတော့ အဲ့ဒီလောက်ကြီး စျေးမရသေးဘူး “ ရှမ်းပြည်နယ် အောင်ပန်း မှ ငရုတ် ကုန်သည် ကိုစိုင်း ကပြောသည်။ - ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရပြီး မိုးကြို ငရုတ်ကို မတ်လနှင့် ဧပြီလတို့၌ စိုက်ပျိုးပြီး ဇွန်လတွင် စတင်ခူးဆွတ်လေ့ရှိ ကြောင်းသိရသည်။ - လက်ရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး တရုတ်၊ လာအို၊ မလေးရှား စသည်နိုင်ငံများသို့ လည်းတင်ပို့နေကြောင်းလည်း သိရသည်။ - ဖိုးချဲ(AMIA) - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
