cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ပူနွေးစိုစွတ်လာသည်နှင့်အမျှ ဂန္ဓမာ အစက်အပြောက် ရောဂါများကျရောက်လေ့ရှိသည်။ မိုးစက်များနှင့်သွင်းရေများမှ တစ်ဆင့်ကူးဆက်တတ်သဖြင့်အောက်ဆုံး အရွက်မှစတင်၍ ဖြစ်ပေါ်တတ်သည်။
  • မန္တလေးတိုင်း မေလ ၂ ရက်မှ မေလ ၈ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း 

    လာမည့်ရက် သတ္တပါတ် ၁ ပါတ်အတွင်း မန္တလေးတိုင်းတခွင်လုံးနီးပါးမှာ မေလ ၄ ရက်နေ့ထိ မိုးဆက်ရွာနိုင်ပြီး မေလ ၅ ရက် မှ မေလ ၁၀ ရက်နေ့အထိ ခေတ္တမိုးပြတ်သွားနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေ အစပျိုးလာချိန် မေလ ၁၁ ရက်နောက်ပိုင်းမှာတော့ မိုးအနည်းငယ်ပြန်ရွာလာနိုင်ပါတယ်။ 

    မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်အနီး၊ မန္တလေးမြို့တောင်ဘက်ဒေသတွေနဲ့ ဝမ်းတွင်းမြို့အရှေ့ဘက် တောင်ပေါ်ဒေသ(ရွာငံ)တွေမှာ မိုးဆက်ရွာနေနိုင် မိုးများနေနိုင်ပါတယ်။ သဲတော+ဝမ်းတွင်းမြို့နဲ့ အနီးပါတ်ဝန်းကျင်ဒေသတွေမှာလဲ မိုးရေချိန် ၄၀ မီလီမီတာအထက်(၁ လက်မခွဲကျော်ခန့်)မိုးရွာနိုင် မိုးများနိုင်ပါတယ်။ 

    မိုးဦးမကျမီ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ မိုးတိမ်များဖြစ်ထွန်းပြီး မိုးအုံနေခြင်းတို့ကြောင့် မန္တလေးတိုင်းအတွင်းနေ့အပူချိန်များလျော့နည်းကျဆင်းနေနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၄°C ခန့်ရှိနိုင်မည်ဖြစ်ကြောင်းခန့်မှန်းရပါတယ်။  

    မိုးကျပြီးတဲ့နောက် လေထုစိုထိုင်းဆတွေ မြင့်တက်နေမှာကြောင့် ခံစားရတဲ့အပူချိန်(Apparent Temperature or Feels Like Temperature ကတော့ ၄၀°C အထက်မှာ ရှိနေနိုင်တာကြောင့် အခုလိုရာသီအကူးအပြောင်းကာလမှာ သက်ကြီးရွယ်အိုများနဲ့ ကလေးများအထူးသတိထားသင့်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီး ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ပူနွေးစိုစွတ်လာသည်နှင့်အမျှ ဂန္ဓမာ အစက်အပြောက် ရောဂါများကျရောက်လေ့ရှိသည်။ မိုးစက်များနှင့်သွင်းရေများမှ တစ်ဆင့်ကူးဆက်တတ်သဖြင့်အောက်ဆုံး အရွက်မှစတင်၍ ဖြစ်ပေါ်တတ်သည်။ ရောဂါပြင်းထန်ပါက အရွက်များညှိုးနွမ်းသွားပြီး အပင်တွင် ကြာရှည်တွဲလဲရှိနေတတ်သည်။ ပန်းပွင့်များကိုပါ ကူးဆက်၍ အပွင့်များပုပ်စေပြီး အထွက်နှုန်းကို ထိခိုက်စေတတ်ပါသည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    ၁။ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။ 

    ၂။ ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။ 

    ၃။ ရောဂါပြင်းထန်ပါက Mancozeb၊ Difenoconazole၊ Propiconazole၊ Thiophanate-methyl၊ Chlorothalonil ဓာတုဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှမ်နင်းနိုင်ပါသည်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    • မန္တလေးတိုင်း မိုးရွာချိန် သတိပြုသင့်သည်များ -  
    • မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ 
    • ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ 
    • ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 
    • ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 
    • ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
5542