cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် မေလ ၃ ရက် မှ မေလ ၉ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း

. Weather News
မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။
  • လာမည့်ရက် သတ္တပါတ် ၁ ပါတ်အတွင်း ရှမ်းပြည်နယ်မှာ မေလ ၄ ရက်နေ့ကစ ပြီး အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းရပ်တန့်သွားမယ်၊ မေလ ၁၀ ရက်နေ့နောက်ပိုင်းမှ မုတ်သုံမိုးဦး စတင်ရွာသွန်းလာပြီး ၂၀၂၅ ခုနှစ်ရဲ့ “မိုးဦးကာလ”အတွင်း စတင်ဝင်ရောက်လာပါမယ်။ 

    ၂၀၂၅ ခုနှစ် မိုးရာသီကာလခန့်မှန်းချက်(Seasonal Precipitation Forecast)အရ ရှမ်းပြည်နယ်တခွင်မှာ ဇွန်လ ၃၀ ရက်နေ့အထိ အကြုံးဝင်တဲ့ မိုးဦးကာလအတွင်း နှစ်စဉ်ရွာသွန်းမြဲအထက်”မိုးရေချိန်ပိုမိုရွာသွန်းပြီး” မိုးကောင်းနိုင်ပါမယ်။ 

    လတ်တလောအချိန်မှာ အနောက်-အနောက်တောင်ဘက်မှ မိုးတိမ်တိုက်တွေ မြန်မာနိုင်ငံ တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေကို နေ့စဉ်ဖြတ်ပြီးဝင်လာတာတွေရှိနေတာကြောင့် မထင်မှတ်ထားတဲ့ လေပြင်းကျနိုင်ခြင်း၊ နေရာကွက်ပြီးမိုးသည်းထန်နိုင်ခြင်း စတဲ့ မိုးဦးကျ မိုးလေဝသဖြစ်စဉ်တွေ ရှမ်းပြည်နယ်တခုလုံးမှာ ဖြစ်နိုင်ပြီး ရုတ်တရက်ဖြစ်လာတတ်တဲ့ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းတတ်ခြင်း စတဲ့ သဘာဝဖြစ်စဉ်တွေကို သတိထားကြရပါမယ်။ 

    ၆ နာရီတကြိမ် အလိုအလျှောက် update ဖြစ်နေတဲ့ ၄ ရက် ကြိုတင်မိုးလေဝသခန့်မှန်း widget များတင်ပေးထားတဲ့ MMWeather Site က page ကိုလဲ ကြည့်ကြပါ၊ မိုးသံလေသံကြာမှ ကြည့်ကြတာများပါတယ်။ https://www.mmweather.org/divisional-cities-weather 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    • ရှမ်းပြည်နယ် မိုးရွာချိန် သတိပြုသင့်သည်များ -  
    • မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ 
    • ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ 
    • ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 
    • ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 
    • ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3198