တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- မတ်ပဲ - မတ်ပဲကတော့ မေလရဲ့ပထမအစမှာ စျေးတန်းထပ်ကျလာပါတယ်။ သင်္ကြန် မတိုင်ခင်ကာလက တစ်တန်ကို သိန်း ၃၁ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက်မှာ ဆက်တိုက်ပြန်ပြီး စျေးတန်းကျရိပ်ပြလာနေတာဖြစ်ပါတယ်။ မတ်ပဲကို အဓိကဝယ်ယူတဲ့ အိန္ဒိယမှာ ဝယ်လိုအားနည်းနေပြီးစျေးကျနေတာကြောင့် မြန်မာဘက်မှာပါ စျေးပြန်အေးသွားတာဖြစ်တယ်လို့သိရပါတယ်။ မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၁၅၀၀၀ ကျပ်မှ ၃၀၃၆၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။ - အရင်အပတ် တနင်္လာနေ့ကနေ သောကြာနေ့အထိကို ကျပ်သိန်း ၃၀၅၀၀၀၀ မှ ၃၀၅၅၀၀၀ ကျပ်အတွင်း စျေးတန်း ဖြစ်ပေါ်ခဲ့တာကြောင့် ခုအပတ်မှာ တစ်တန်ကို ၁၉၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ဝန်းကျင် စျေးတန်းထပ်ကျလာပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးတန်းထပ်ကျလာပြန်ပါတယ်။ တစ်တန်ကိုမှ အမြင့်ဆုံး ၂၉၅၀၀၀၀ ကျပ်သာရှိခဲ့ပါတယ်။ ပဲစဥ်းငုံကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး အတက်အကျရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာအိန္ဒိယဘက်ကစျေးအေးနေသလို ပြည်တွင်းနိုင်ငံခြားငွေစျေးကလည်းအကျဘက်မှာငြိမ်နေတာကြောင့်ပို့ကုန်ပဲစျေးကွက်လည်းကျရိပ်ပြနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၁၂၀၀၀ မှ ၂၉၅၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။ - အရင်အပတ်တုန်းက ပဲစင်းငုံနီ တစ်တန်ကို ကျပ်သိန်း ၂၉၅၅၀၀၀ မှ ၂၉၇၂၀၀၀ ကျပ်အတွင်း စျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၂၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျော်စျေးထပ်ကျလာပါတယ်။ - ကုလားပဲ - သင်္ကြန် ကာလအပြီး ဧပြီနောက်ဆုံးပတ်အထိ စျေးတန်းမြင့်တက်ခဲ့တဲ့ကုလားပဲကတော့ မေလအစပထမ ရက်မှာ စျေးတန်းကျရိပ်ပြလာတာတွေ့ရပါတယ်။စျေးတန်းကျရိပ်ပြပေမယ့် အရောင်းအဝယ်ပုံမှန်ရှိပြီး ပဲခွဲစက်တွေကလည်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ - ကုလားပဲက ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုဝယ်လိုအားနဲ့ လက်ကျန်အပေါ်လိုက်ပြီးစျေးအတက်အကျရှိတယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲခြမ်း တစ်ပိဿာကို ၅၈၀၀ မှ ၆၃၀၀ ကျပ်ရှိနေပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာတော့ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ၂၄၀၀၀၀ မှ ၂၄၂၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၅၅၀၀၀ မှ ၂၆၀၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၃၄၀၀၀ မှ ၂၃၅၀၀၀ ကျပ်စျေးတန်းရှိတယ်လို့သိရပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ ခုတစ်ပတ် မေလအစမှာ စျေးတန်း တက်လာပါတယ်။ ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းလက်ကျန်နည်းလာတဲ့အတွက် စျေးတန်းထပ်မံတိုက် မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ - ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၆၃၃၀ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၅၈၃၀ ကျပ်မှ ၅၈၅၀ ကျပ် နဲ့ တစ်ပိဿာကို ၂၅၀ ကျပ်မှ ၃၃၀ ကျပ်နူန်း အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၈၃၀ မှ ၅၈၅၀ ကျပ်နဲ့ စျေးတန်းငြိမ်နေ ပါတယ်။ - ကြက်သွန်နီ - ကြက်သွန်နီကတော့ ယခုအချိန်ထိ စျေးတန်းအကျဘက်မှာပဲဆက်ရှိနေသေးတယ်လို့သိရပါတယ်။ - ကြက်သွန်နီအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့်စျေးတန်းအေးနေတာဖြစ်ပါတယ်။ - စျေးတန်းအေးနေပေမယ့် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ အခုတစ်ပတ်မှာ အရောင်းအဝယ်သွက်လာတယ်လို့ သိရပါတယ်။ မေ ၂ ရက်နေ့ ဘုရင့်နောင် မှာ ဆိပ်ဖြူကြက်သွန်က တစ်ပိဿာကို ၈၅၀ မှ ၁၉၀၀ ကျပ် ၊ မြင်းခြံကြက်သွန်က တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မြစ်သားကြက်သွန်က တစ်ပိဿာကို ၁၀၀၀ ကျပ်မှ ၂၄၀၀ ကျပ်နဲ့ ပခုက္ကူကြက်သွန်က ၁၀၀၀ ကျပ်မှ ၁၆၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။ - (AMIA) - (၂၈. ၄. ၂၀၂၅ မှ ၂.၅. ၂၀၂၅) - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
