cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း မေလ ၅ ရက် မှ မေလ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရန်ကုန်တိုင်းတခုလုံးမှာ မေလ ၅ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ တိမ်အနည်းငယ်ဖြစ်ထွန်းပြီး နေသာချိန်များပါမယ်။
  • မေလရဲ့ တတိယရက်သတ္တပါတ် ၁ ပတ်အတွင်း(မေလ ၁၁ ရက် မှ မေလ ၁၇ ရက်အထိ ၇ ရက်)မှာ မိုးဆက်ရွာသွားနိုင်ပါတယ်၊ အခုမြင်နေရတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို ဆက်စပ်တိုက်ခတ်နေတဲ့ လေစီးကြောင်းပုံအရ ၂၀၂၄ ခုနှစ် မုတ်သုံစတင်ဝင်ရောက်ချိန်(၂၀၂၄ ခုနှစ်၊ မေ ၁၉-၂၀ ရက်မှာ) တွေ့ရတဲ့ လေစီးကြောင်းပုံနဲ့တူလာပါတယ်။ ဒီအခြေအနေက အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်ပြီး မိုးရာသီအစပျိုးတော့မယ်ဆိုတဲ့ လက္ခဏာပါဘဲ။မုတ်သုံလေ စ ဝင်တဲ့အချိန်တွေမှာ ပြီးခဲ့တဲ့နှစ်များမှ စတင်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ပြီး၊ မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်မှုရှိသလို၊ မဝင်ရောက်ပဲ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက အိန္ဒိယနိုင်ငံ-အနောက်ဘင်္ဂလားပြည်နယ်နဲ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတွေဆီ ဦးတည်ရွေ့လျားဝင်ရောက်တာလဲ ရှိပါတယ်။ မည်သို့ဆိုစေ၊ မုန်တိုင်း/လေဖိအားနည်ရပ်ဝန်းရဲ့ ညာဘက်ခြမ်းမှာရှိနေတဲ့ မြန်မာနိုင်ငံအတွက် မိုး/လေ သက်ရောက်မှုတွေက မိုးဦးကျချိန်မှာ ပိုများနေတတ်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် မိုးဦးကျချိန်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ဘက်ကမ်းခြေတွေကို ဖြတ်ကျော်ဝင်ရေက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း REMAL ရဲ့ သက်ရောက်မှုက ကချင်ပြည်နယ်အတွင်းမှာ မိုးများစေပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်များရဲ့ ပထမ ရေကြီးကာလဖြစ်သွားခဲ့တယ်ဆိုတာ မေ့ထားလို့ မရပါ။

    ဒီ ၁ ပါတ်အတွင်း ရန်ကုန်တိုင်းရဲ့ နေ့အပူချိန်အမြင့်ဆုံး ၃၇°C အထိရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်က ၂၇°C ရှိနေနိုင်ပါမယ်။

    အမြင့်ဆုံးလေထုစိုထိုင်းဆ ၇၀% ဝန်းကျင်မှာရှိနေနိုင်ပြီး ခံစားရတဲ့အပူချိန် Apparent Temperature or Temperature Feels-like က ၄၀°C အထက်ရှိနိုင်မဲ့ ရက်တွေ တွေ့ရပါတယ်။

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများပြင်ဆင်ထားနိုင်ရန်

    စိုက်ပျိုးရေးဆိုင်ရာအကြံပေးချက်

    မိုးရာသီတွင် ပေါင်းများသည်နှိမ်နင်းရခက်သောအဓိကပြဿနာဖြစ်သောကြောင့် လယ်မြေကိုထယ်နက်နက်ထိုး၍ ကြိုတင်ပြင်ဆင်ထားပါ။

    နွေစပါးစိုက်ပျိုးခဲ့သော အခင်းများအနေဖြင့်ရိုးပြတ်များစိုက်ခင်းအတွင်းရှိနေပါက ကြိုတင်ထယ်မှောက်ပြီး လယ်ထဲထည့်ထားနိုင်သလို၊ ကောင်းကောင်းဆွေးမြည့်စေရန် အီးအမ်ကိုထည့်သွင်းပေးပါ။

    မိုးစပါးမျိုးရွေးချယ်ရာတွင် အပင်ပေါက်နှုန်း၊ ဖုန်၊ခဲ၊သဲ ပါဝင်ခြင်းကင်းစင်မှုကလည်း အရေးကြီးသလို မိမိတို့ရွေးချယ်သည့်မျိုးတွင် မျိုးစေ့ဆောင်ရောဂါ (ဂုတ်ကျိုး၊ ရွက်ညိုပြောက်၊ ဘက်တီးရီးယား ရောဂါ) ကင်းစင်ဖို့ကလည်း အရေးကြီးပါတယ်။

    ဒါကြောင့်မိမိတို့ရွေးချယ်ဝယ်ယူမည့်မျိုးစေ့များ၏ အရင်းအမြစ်ကိုသေချာလေ့လာစုံစမ်းပြီးမှ ဝယ်ယူဖို့အကြံပြုလိုက်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။

    အစာပမာဏကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း

    - အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။

    - ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။

    - အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့် Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
2418