cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငလျင်အလှူအတွက် ဝယ်လိုအားများလာသဖြင့် ပြည်တွင်းသုံး ပဲမျိုးစုံ ဈေးတက်လာ

. Market News
တစ်ပတ်အတွင်း ၄၃၅,၄၇၇ ကျပ် ဈေးမြင့်လာပါတယ်။
  • ငလျင်ဘေးသင့်ဒေသတွေထံ လှူဒါန်းဖို့အတွက် ဝယ်ယူမှုတွေ များပြားလာတာကြောင့် ပြည်တွင်းသုံး ပဲမျိုးစုံ ဈေးတက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း ရတနာပုံကုန်သွယ်မှုဗဟိုဌာနကနေ သိရပါတယ်။

    မန္တလေးကုန်စည်ဒိုင်မှာ ဧပြီလနောက်ဆုံးပတ်အတွင်း ပဲတီစိမ်း(အညာ) တစ်တန်ပေါက်ဈေး ၃,၄၈၃,၈၁၉ ကျပ်မှ မေလ ၂ ရက်နေ့မှာ တစ်တန်ကို ၃,၉၁၉,၂၉၆ ကျပ် ရှိလာပြီး တစ်ပတ်အတွင်း ၄၃၅,၄၇၇ ကျပ် ဈေးမြင့်လာပါတယ်။

    မြေထောက်ပဲတစ်တန်ကလည်း မေလပထမပတ်မှာ ၃,၅၁၅,၅၇၂ ကျပ် ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ဈေး ၃,၂၈၈,၇၆၁ ကျပ်ထက် တစ်ပတ်အတွင်း ၅၆,၇၀၃ ကျပ်၊ ပြီးခဲ့တဲ့လထက် ၂၂၆,၈၁၁ ကျပ် တက်ရိပ်ပြခဲ့ပါတယ်။

    ကုလားပဲအမျိုးအစားတွေဖြစ်တဲ့ ထိုင်ဝမ်၊ 929 ၊ V2 ၊ V7 တို့လည်း ငလျင်ဘေးသင့် ဒေသတွေထံ လှူဒါန်းဖို့အတွက် ဝယ်ယူမှုတွေ များပြားလာတာကြောင့် ဈေးတက်ပြီး အရောင်းအဝယ် သွက်နေပါတယ်။

    ဧပြီ ၂ ရက်နေ့မှာ ကုလားပဲ(ထိုင်ဝမ်)တစ်တန်က ၂၄၈၂၂၂၁ ကျပ်ရှိခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ထက် ၁၄၁၅၃၀ ကျပ်၊ ပြီးခဲ့တဲ့လထက် ၁၇၄၁၉၁ ကျပ် ဈေးမြင့်လာပြီး ကုလားပဲ (929) လည်း ၂,၅၅၈,၄၂၉ ကျပ်ဈေးရှိလာရာ တစ်လအတွင်း ၁၀၈,၈၆၉ ကျပ် တက်ရိပ်ပြလာပါတယ်။

    ကုလားပဲ (V2) ကတော့ တစ်တန်ကို ၂,၆၇၈,၁၈၆ ကျပ်ရှိလာပြီး ပြီးခဲ့တဲ့တစ်ပတ်ထက် ၈၇၀၉၅ ကျပ်၊ ပြီးခဲ့တဲ့လထက် ၁၅၂၄၁၇ ကျပ်၊ ကုလားပဲ (V7) အမျိုးအစားက တစ်တန်ကို ၂,၈၈၅,၀၃၇ ကျပ် ရှိလာရာ ပြီးခဲ့တဲ့တစ်ပတ်ထက် ၇၆,၂၀၉ ကျပ်၊ ပြီးခဲ့တဲ့လထက် ၁၆၃,၃၀၄ ကျပ် ဈေးတက်လာပါတယ်။

    ပို့ကုန်ပဲတွေဖြစ်တဲ့ ပဲစင်းငုံ(နီ)နဲ့ မတ်ပဲတို့က မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ်အေးနေပြီး ဗမာ၊ ရှမ်း၊ CP စတဲ့ ပြောင်းဆံအမျိုးအစားတွေလည်း အရောင်းအဝယ်အေးကာ ဈေးအနည်းငယ်ကျနေကြောင်း သိရပါတယ်။

    သတင်း - BETV Business မှကူးယူဖော်ပြပါသည်။

    ---------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
5
comments
0
views
1192