cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အစာအိမ်နှင့်အူလမ်းကြောင်းကို သန့်ရှင်းအောင်လုပ်ပေးနိုင်သည့် ကြွက်နားရွက်မှို

. Health Tips
ကြွက်နားရွက်မှိုစားခြင်းဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးရောက်ရှိနေသော ဆံပင်မွှေးတွေ၊ အမှုန် အမွှားများကို ဖယ်ရှားရှင်းလင်းပေးနိုင်
  • ကြွက်နားရွက်မှိုကို အင်္ဂလိပ်လို Jew’s ear mushroom သို့မဟုတ် Jelly ear mushroom သို့မဟုတ် wood ear mushroom စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ သူ့ရဲ့ရုက္ခဗေဒနာမည်ကတော့ Auricularia auricular-judae ဖြစ်ပါတယ်။ မျိုးရင်းကတော့ Auriculariaceae ဖြစ်ပါတယ်။ 

    ကြွက်နားရွက်မှိုကို ကျွန်တော်တို့မြန်မာအခေါ်အနေနဲ့လည်း အဘိုးကြီးမှို၊ အဘွားကြီးမှို၊ မှိုကြွပ်ကြွပ် စသည့်ဖြင့်ခေါ်ကြပါတယ်။ ကြွက်နားရွက်မှိုရဲ့ပုံစံကတော့ လူသားရဲ့နားရွက်ပုံစံနဲ့ ဆင်ပါတယ်။ အရောင်အနေနဲ့ကတော့ အမည်းရောင်ရှိပါတယ်။ အရသာကချိုပြီး စားလိုက်ရင် ပါးစပ်ထဲမှာ တထုတ်ထုတ်ဖြင့်ဂျယ်လီကဲ့သို့အရသာရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ကြွက်နားရွက်မှိုကို အမျိုးမျိုးလုပ်စားကြလေ့ရှိပါတယ်။ ကြွက်နားရွက်မှိုကိုပြုတ်ပြီး သုပ်စားကြသလို အရွက်တစ်ခုခုနဲ့ ရောပြီးလည်းကြော်စားကြပါတယ်။ ကြာဇံဟင်းခါးချက်တဲ့နေရာ၊ မာလာဟင်းချက်တဲ့နေရာမှာလည်း ထည့်သုံးကြပါတယ်။ မိုးကုတ်လိုတောင်ပေါ်ဒေသတွေမှာဆိုရင် ကြွက်နားရွက်မှို ခေါ် မှိုကြွပ်ကြွပ်ကို သေးသေးလေးတွေလှီးရိတ်ပြီး ဆန်မှုန့်နဲ့ပေါင်းကာ မှိုပေါင်းလည်း လုပ်စားကြလေ့ရှိပါတယ်။ 

    ကြွက်နားရွက်မှိုမှာ ပရိုးတင်းဓါတ်၊အဆီဓါတ်၊ကယ်ဆီယံဓါတ်၊မီးစုန်းဓါတ်၊သံဓါတ်၊ ဗီတာမင်ဘီ ဝမ်း၊ ဘီတူး၊ ဗီတာမင်ကေ၊ ဗီတာမင်ဒီ၊ ပိုလီဆက်ခရိုက်၊ အဒီနိုဆင်း စတဲ့ဓါတ်တွေပါဝင်ပါတယ်။ ကြွက်နားရွက်မှို၏ ကျန်းမာရေးအတွက်ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ကြွက်နားရွက်မှိုမှာ သံဓါတ်ကြွယ်ဝစွာပါတာကြောင့် သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ပိုလီဆက်ခရိုက်(Polysaccharides) နဲ့ အဒီနိုဆင်း(adenosine) ဓါတ်တွေကလည်း မှတ်ဉာဏ်နဲ့ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေကာ အယ်ဇိုင်းမားရောဂါ၊ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ကြွက်နား ရွက်မှိုက သွေးတွင်းအဆီဓါတ်ကိုကျစေကာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် ကြွက်နားရွက်မှို ကိုစားခြင်းဖြင့် နှလုံးရောဂါနဲ့လေဖြတ်ရောဂါတွေ ဖြစ်ပွားနိုင်ခြေနည်းအောင် လျှော့ချပေးနိုင်ပါတယ်။ ကြွက်နားရွက်မှိုထဲမှာပါတဲ့ ဗီတာမင်ဒီနဲ့ကယ်လ်ဆီယံဓါတ်တွေဟာလည်း အရိုးနဲ့သွားတွေကို ကြံ့ခိုင် သန်စွမ်းစေပါတယ်။ ကြွက်နားရွက်မှိုကို ဆံပင်ညှပ်တဲ့သူတွေ၊ အမှုန်အမွှားတွေနဲ့ အလုပ်လုပ်နေရ သူများ ပိုစားပေးသင့်တယ်လို့ သုတေသန တစ်ခုကပြောထားပါတယ်။ ကြွက်နားရွက်မှိုစားခြင်းဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးရောက်ရှိနေသော ဆံပင်မွှေးတွေ၊ အမှုန် အမွှားများကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ပါလို့ သုတေသနပညာရှင်များက ပြောထားပါတယ်။ ယခုအခါ ကြွက်နားရွက်မှိုကို မှိုမျိုးထုပ်လေးများဝယ်ယူကာ အိမ်တွင်တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ရနေပြီ ဖြစ်ပါ သည်။ 

    Dr သီတာနွယ်(အမရပူရ) မှကိုးကားသည်။ 

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
  • article
likes
6
comments
0
views
3176