ပြည်တွင်းပြောင်းဈေး အကျဘက်မှာ ဆက်ရှိနေ
အမေရိကန်၊ တရုတ် ကုန်သွယ်ရေးစစ်ပွဲကို စောင့်ကြည့်နေသော ထိုင်းကုန်သည်များက မြန်မာ့ပြောင်း ဝယ်လို အားထိန်းထားသဖြင့် ပြည်တွင်းပြောင်းဈေး ပြန်လည်ကျဆင်းလာပါတယ်။
သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်အလွန် တစ်ပိဿာ လျှင် ၁၇၀၀ ကျပ်ကျော်အထိ ဈေးအတက်ဘက်ကို ပြောင်းလဲ ခဲ့သော ပြောင်းဈေးနှုန်းက လက်ရှိအချိန်တွင် တစ်ပိဿာ လျှင် ၁၆၈၀/၁၇၀၀ ကျပ်သာဈေးဖွင့်ပါတယ်။ ပြည် တွင်း ပြောင်းဈေးနှုန်းက အကျဘက်မှာသာရှိနေသော်လည်း ယခုလတွင် ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ငါးသောင်းကျော် တင်ပို့ရန် ရှိနေပါတယ်။
“ထိုင်းကကုန်သည် ဝယ်လက်ကဈေးချဝယ်တော့ ပြည်တွင်းဈေးပြန်ဆင်းလာတာပါ။ လတ်တလောတော့ ဈေး အေးတာပေါ့။”ဟု ကုန်သည်တစ်ဦးကပြောပါတယ်။
ပြည်ပတင်ပို့သည့် ပြောင်းဈေးနှုန်းက ကျဆင်းနေသော်လည်း ပြည်တွင်း အစာစပ်လုပ်ငန်းများနှင့် ကုန်ကြမ်း အတွက် ဝယ်ယူသည့်ဈေးနှုန်းက မြင့်ပါတယ်။ ပြည်တွင်းလုပ်ငန်းသုံးအတွက် ဝယ်ယူသည့်ဈေးနှုန်းက ပြောင်း တစ်ပိသာလျှင် ၁၇၁၀ ကျပ်အထက်တွင်ဈေးဖွင့်ပါတယ်။
ပြည်ပပေါက်ဈေးထက် ဈေးပိုရသော်လည်း အစာစပ်လုပ်ငန်းများနှင့် ကုန်ကြမ်းအဖြစ်သုံးရန် စက်ရုံများကို ရောင်းချ ရာတွင် ငွေစောင့်ယူရသဖြင့် ကုန်သည်များအတွက် အခက်အခဲအချို့ဖြစ်ရတယ်လို ကုန်သည်တစ်ဦး ကပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပြောင်းဈေးက ဗမာပြောင်းတစ်တန်လျှင် အမြင့်ဆုံး ကျပ် ၉၂၉၀၀၀ ကျော်၊ ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၈၀၀၀ကျော် ၊ CPအသစ် ပြောင်းက တစ်တန်လျှင် ကျပ် ၉၅၈၀၀၀ကျော် ဈေးဖွင့်ပါတယ်။
လက်ရှိ ရှမ်းတောင်မှ လက်ကျန်ပြောင်းများ၊ ဧရာဝတီတိုင်း ဟင်္သာတ၊ ဇလွန်မှ ပြောင်းများ ဈေးကွက်အတွင်း သို့ဝင်နေပါတယ်။
PT(AMIA)
Exclusive content for Htwet Toe
---------------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price