cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စံပယ်ပန်းပွင့်လေးများမှရရှိသော ပျိုမေတို့အသားအရေအတွက်သဘာဝဆေးစွမ်းကောင်းများ

. Health Tips
ပျိုမေတို့ရဲ့ အရေပြားအလှအပအတွက်လည်း အလွန်ပဲ အသုံးဝင်ကြောင်း နဲ့ သုံးစွဲနည်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
  • ဖြူဖွေးပြီး အနံ့မွှေးတဲ့ စံပယ်ပန်းပွင့်လေးတွေက သူ့ဘာသာလည်း လှနိုင်သလို ပျိုမေတို့ရဲ့ အသားအရေလှပမှုအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ စံပယ်ပန်းလို့ ပြောလိုက်တာနဲ့ အလှကြည့်တာ၊ ဘုရားပန်းအနေနဲ့ လှူတာ စိတ်ကို ကြည်လင်စေအောင် ကားခေါင်းခန်းတွေထဲမှာ ချိတ်ဆွဲတာတွေပဲလုပ်လို့ရတယ်လို့ ထင်ခဲ့တယ်မဟုတ်လား။ အဲ့ဒါတွေအပြင် ပျိုမေတို့ရဲ့ အရေပြားအလှအပအတွက်လည်း အလွန်ပဲ အသုံးဝင်ကြောင်း နဲ့ သုံးစွဲနည်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


    ၁။ အသားရောင်မညီတာကို သက်သာစေခြင်း


    မိမိအသားအရေက တစ်နေရာမှာဖြူပြီး တစ်နေရာမှာ မဲနေ၊ အရောင်မညီနေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ စံပယ်ပန်းကို အသုံးပြုပြီး အသားရေမညီတာကို ကုသလို့ ရပါပြီနော်။ စံပယ်အရွက်ကို ကြိတ်ပြီး ရလာတဲ့အရည်ကို အုန်းဆီနဲ့ ရောစပ်ပါ။ ရလာတဲ့အရည်ကို မညီတဲ့ အသားအရေပေါ်ကို လိမ်းပြီး အိပ်ပါ။ အိပ်ရာနိုးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ ၇ ရက်မှ ၁၀ ရက်အတွင်း ပုံမှန်လုပ်ပေးပါက မညီညာတဲ့ အသားအရေကို ညီညာလှပစေပါတယ်။


    ၂။ အရေးအကြောင်းတွေကို သက်သာစေခြင်း


    မိမိရဲ့ အသက်ထက် ပိုရင့်တယ်လို့ ထင်ရတဲ့ အရေးအကြောင်းတွေကို စံပယ်ပန်းနဲ့ ကုသလို့ရနေပါပြီ။ စံပယ်ပန်းကရရှိတဲ့ အဆီကို လိမ်းပေးရုံနဲ့ အမဲစက် နဲ့ အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။


    ၃။ ချွေးပေါက်တွေကို သန့်စင်ပေးခြင်း


    ချွေးပေါက်ပိတ်ဆို့ခြင်းကြောင်ဖြစ်တဲ့ ဆားဝက်ခြံတွေကို သက်သာစေဖို့ စံပယ်ပန်းလေးတွေနဲ့ ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ စံပယ်ပန်းကို ဆူပွက်နေတဲ့ ရေနွေးထဲသို့ထည့်ပါ။ ရလာတဲ့ အရည်ကို ဂွမ်းစလေးနဲ့ မျက်နှာကို လိမ်းပါ။


    ၄။ ဝက်ခြံတွေကို သက်သာစေနိုင်ခြင်း


    ပျိုမေတို့ အလှအပတွေကို အနှောက်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းအောင် ကုသလို့ရပါတယ်။ စံပယ်အရွက်ကို ကြိတ်ခြွေပြီး သံပုရာရည်ထည့်ပြီး ဝက်ခြံရှိတဲ့နေရာကို လိမ်းပါ။ ခြောက်သွားရင် ရေနွေးနဲ့ ဆေးချပါ။ လိမ်းပြီး ညမအိပ်နဲ့နော်။


    စံပယ်ဟာ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုကို ⁠ကြိုက်⁠နှစ်သက်ပါတယ်။ စံပယ်ပင်ဟာ ချုံပင်အမျိုးအစား⁠ဖြစ်ပြီး ⁠နှစ်ရှည်ခံပင်⁠ဖြစ်သည်။ မည်သည့်မြေအမျိုးအစားမျိုးပေါ်မှာမဆို စိုက်ပျိုးနိုင်ပါတယ်။ ဆောင်းရာသီနှင့် နွေရာသီတွင် လှိုင်လှိုင်ပွင့်သည်။


    စံပယ်ပင်ကို အကိုင်း⁠မြေမြှုပ် မျိုးပွား၍ လည်း ⁠ကောင်း၊ ပင်ပွားတူစိုက်၍ လည်း⁠ကောင်း၊ ကိုင်း⁠ဖြတ်၍ လည်း⁠ကောင်း စိုက်ပျိုး⁠ကြပါတယ်။ ကိုင်း⁠ပျော့ကို ⁠မြေကြီးထဲ ⁠မြှုပ်ထားပြီး ရက် ၃၀ လောက် မှာ အ⁠မြစ်များ ထွက်လာပါလိမ့်မယ်။ အဲ့ဒီအခါ အကိုင်းရင်းမှ ဖြတ်ပြီး စိုက်ပျိုးပါ။ စိုက်⁠ပြီး⁠နောက် အပင်အရင်းကို နာနာဖိ⁠ပေးကာ ⁠ရေ⁠လောင်း⁠ပေးရပါမယ်။ စံပယ်ပန်းတွေက အကိုင်း⁠နုများမှ ပွင့်ပါတယ်။ ⁠ပန်းတုံးချိန်တွင် ⁠ဘေးသို့⁠နွယ်ကျ⁠နေတဲ့ အကိုင်းတွေကို ကိုင်းဖျား⁠ဖြတ်⁠ပေးရပါမယ်။ အဲ့ဒီအခါမှသာ အညွန့်သစ်အကိုင်း သစ်များထွက်⁠ပေါ်လာမှာဖြစ်ပြီး ကိုင်းရှုပ်များ၊ ⁠ခြောက်⁠နေ⁠သော ကိုင်းများ၊ ⁠ရောဂါရ ကိုင်းများ၊ မသန်စွမ်းဘဲ ⁠ကြုံလှီ⁠သော ကိုင်းများကို ⁠ဖြတ်⁠တောက် ရှင်းလင်းပစ်ရပါမယ်။ ကိုင်းဖြတ် ၍ မြေသြဇာကျွေးထားလျှင် ပန်းပွင့်များစွာ ဖြိုင်ဖြိုင်ပွင့်လာမည် ဖြစ်သည်။

    နွေရာသီ ပန်းပွင့်ချိန် ရေမှန်မှန်လောင်းပေးခြင်းဖြင့် အပွင့်များများပွင့်သည်။


    ဖော်ပြပါနည်းဖြင့် စံပယ်ပန်းလေးတွေကို မိမိအိမ်မှာ စိုက်ပျိုးထားနိုင်ပြီး ရလာတဲ့ ပန်းလေးတွေကို ဘုရားပန်းလှူပြီး ကုသိုလ်ပြုနိုင်သလို မိမိရဲ့ အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ မိမိခြံ၊ အိမ်ထဲ စံပယ်ပန်းပင်လေးတွေရှိနေရင် မိမိရဲ့ စိတ်ကိုလည်း လန်းဆန်းစေမှာအမှန်ပါပဲ။


    စာရေးသူ - ရွှေစင်ဝင်း ထံမှကိုးကားသည်။

    ----------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
  • article
  • article
  • article
  • article
likes
10
comments
0
views
3864