ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်
ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀/-ကျပ်မှ ၂၈၂၀/-ကျပ်အထိလည်းကောင်း၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၃၀၀/-ကျပ်မှ ၁၇၂၉/-ကျပ်လည်းကောင်း၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၂၀၀/-ကျပ်မှ ၁၅၂၀/-ကျပ်အထိလည်းကောင်း၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၅၀/-ကျပ်မှ ၁၀၂၀/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလ နှိုင်းယှဉ်ခြင်း
၂၀၂၅ ခုနှစ်၊ မေလ (ပထမပတ်) ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဧပြီလ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါးစျေးကျလာတာတွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၉၀/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၂၂၄/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၂၆၀/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၉၉/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၅ ခုနှစ် မေလ ပထမပတ် အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၈၀၀/ကျပ် နှင့် မေလ (ပထမပတ်) တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၁၀/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။
ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၇၃၄/ကျပ် နှင့် မေလ (ပထမပတ်) တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၁၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။
ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၆၂၀/ကျပ် နှင့် မေလ (ပထမပတ်) တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၃၆၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။
ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၁၃၄/ကျပ် နှင့် မေလ (ပထမပတ်) တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၃၅/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။
ဈေးကွက် သုံးသပ် ခန့်မှန်းချက်
စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တပိဿာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက စျေး ပထမလေးလအတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ကြက်သွန်အသစ်များ အဝင်များလာခြင်းကြောင့် ပြည်တွင်းဈေး အနည်းငယ် ထပ်ဆင်းလာခြင်းဖြစ်ပါတယ်။ အာဆီယံ ဈေးကွက်တွင် အိန္ဒိယကြက်သွန်နီနှင့် ဈေးကွက် ယှဉ်ပြိုင်နေရသော မြန်မာ့ကြက်သွန်နီက ပြည်ပ FOB ဈး နှုန်း တည်ငြိမ် သော်လည်း ပြည်တွင်းဈေးအနည်းငယ်ထပ်မံကျဆင်းပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ထွက်တိုး
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price