တားရော့ကံကြမ္မာ
 
- တားရော့ကံကြမ္မာ - နှစ်တနှစ်ရဲ့ ပဥ္စမမြောက်ဖြစ်တဲ့ မေလကိုရောက်ရှိလာပါပြီ။ - မေလရဲ့သဘောတရားက - - တိုးတက်ပြောင်းလဲမှူတွေ၊ - ရွှင်လန်းချမ်းမြေ့ခြင်းတွေ၊ - မျှော်လင့်ချက်တွေ၊ - ပြည့်ဝနေတဲ့လလေးပဲဖြစ်ပါတယ်။ - အဲဒီတော့ မေလထဲမှာဘာတွေတိုးတက်ပြောင်းလဲလာမလဲ၊မျှော်လင့်ထားတာလေးတွေရောပိုင်ဆိုင်ရမလား။ ဆိုတာလေးကို - အနှစ်သက်ဆုံးပုံလေးရွေးထားပြီး အဖြေလေးတွေပုံအောက်မှာကိုဖတ်ပေးပါဦးနော်။ - မေတ္တာများစွာဖြင့် - လင်း🍀 - Healing Heart Tarot by Linn - မေတ္တာဖြင့် ဖော်ပြခွင့် ပေးပါသော ဆရာမ အား ထွက်တိုးမှ ကျေးဇူး အထူးတင်ရှိပါတယ်ဗျ။ - ---------------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
- Pile 1 ရွေးထားသူလေးများရှင် - မေလအတွင်းမှာတော့ အရင်ကက်ိုယ့်အပေါ်မကောင်းတဲ့အရာတွေ၊မကောင်းတဲ့သူတွေ၊မကောင်းတဲ့ကံတွေ ဖယ်ခွါသွားမဲ့လလေးပါရှင်။ - ဘုရားတရားများများလေးပိုလုပ်ပေးပါရှင်။ - ဘုရားဖူးခရီးလေးထွက်လိုက်ရင်တော့ပိုကောင်းပါတယ်ရှင်။ - စီးပွါးရေးကိစ္စတွေမှာ သောကြာနံလုပ်ငန်းများမလုပ်သင့်သေးပါဘူးရှင်။ - ရောင်းရေးဝယ်တာကိစ္စတွေမှာ အရင်နှစ်ကကျန်ခဲ့တဲ့ပစ္စည်းတွေဒီလရောင်းထွက်ပါလိမ့်မယ်။ - အရေးကြီးကိစ္စတွေပြောဆိုလုပ်ကိုင်တော့မယ်ဆိုရင် အပြာနုရောင်လေးဝတ်ပြီးပြောပေးပါရှင်။ - ၁၆ ရက်နေ့ကိုတော့ရှောင်ပေးပါရှင်။ - ဒီလမှာToxic တွေဝေးသွားပြီ၊စိတ်ချမ်းသာရပြီလို့ များများရွတ်ပေးပါ။ 
 
- Pile 2 ရွေးထားသူလေးများရှင် - မေလလေးက လာဘ်ရွှင်နေမဲ့လလေးပါရှင်။ - လာဘ်လာဘပေါမယ်။စိန်ကဲ့သို့အဖိုးတန်အရာဝင်လာပါလိမ့်မယ်။ - အလုပ်မှာလဲနာမည်ကောင်းရပြီး လက်အောက်ငယ်သားအကျိုးပေးပါမယ်ရှင်။ - မေလထဲမှာ လုပ်ဆောင်စရာကိစ္စရှိရင် ရဲရဲသာလုပ်ပါ။အောင်မြင်ပါမယ်ရှင်။ - မိဘကျန်းမာရေးလေးဂရုစိုက်ပေးပါဦးရှင်။ - ငွေကြေးနဲ့ပက်သက်ပြီးအစစရာသတိထားတာတော့မမှားပါဘူးနော်။ - ဒီလထဲမှာ အနီရောင်၊ရွှေရောင်၊အဝါရောင် များများဆောင်ပေးပါ။ - မိမိနေအိမ်ရဲ့ရှေ့တံခါးဝမှာ ဆားလေးနဲနဲ (သို့) ရှာလကာရည် ဖြူးထားပေးပါ။ - မကောင်းတဲ့အန္တရာယ်တွေမှ ကာကွယ်ပေးပါမယ်။ 
 
- Pile 3 ရွေးထားသူလေးများရှင် - မေလလေးကတော့ ပညာရေးကံကောင်းနေတဲ့လလေးဖြစ်ပါတယ်။ - ပညာရပ်တစ်ခုသင်ရတတ်ပါတယ်။ - ဖြေဆိုထားတဲ့စာမေးပွဲရှိရင်အောင်မြင်ပါမယ်။ - တန်ခိုးဩဇာမြင့်မားနေတတ်ပါတယ်။ - မျှော်လင့်မထားတဲ့သူဆီက အကူညီကောင်းတွေရရှိပါမယ်။ - လုပ်ငန်းခွင်၊ လူမှုရေးနဲနဲသတိထားပါ။ - လမ်းခရီးသွာလာရာမှာ မိမိပိုင်ပစ္စည်းများသေချာသတိထားသိမ်းဆည်းပါရှင်။ - မျက်လုံးကျန်းမာရေးဂရုစိုက်ပေးပါရှင်။ - မေလထဲမှာလုပ်ကိုင်မဲ့ကိစ္စတွေ အောင်မြင်ပါမယ်။ - မကြာမီအချိန်တွင်းသိသာထင်ရှားစွာအကျိုးပေးပါလိမ့်မယ်။ - ရွှေဝါရောင်၊အစိမ်းရောင်များများဆောင်ပေးပါ။ 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
