cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း မေလ ၉ ရက်မှ မေလ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
အပူချိန်ပြောင်းလဲခြင်း မြန်ဆန်ပြီး ငါးများရှော့ဖြစ် တတ်ပါသည်။
  • မေလ ၁၂ ရက် မွန်းလွဲ/ညနေပိုင်းနဲ့ မေလ ၁၃ ရက်နေ့တွေမှာ မန္တလေး၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ မြင်းခြံ၊ နထိုးကြီး၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သဲတောနဲ့ သာစည်မြို့နယ်တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ ‌၂၄ နာရီအတွင်း မိုးရေချိန်အများဆုံး ၃၀ မီလီမီတာ(၁.၂ လက်မခန့်)ရွာသွန်းနိုင်ပါတယ်။ မေလ ၁၄ ရက်နေ့ ၁ ရက် မိုးပြတ်ပြီး၊ ၁၅ ရက်နေ့နောက်ပိုင်းမှာ မိုးရာသီမိုး ဆက်လက်ရွာသွန်းသွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။


    မေလ ၁၆-၁၇ ရက်နေ့များအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မေလ ၁၇-၁၈-၁၉ ရက်တွေမှာ အလယ်ပိုင်းဒေသများအတွင်း နေရာကွက်ပြီးမိုးများနိုင်၊ လေပြင်းတိုက်ခတ်နိုင်ပါတယ်။


    မေလ ၈ ရက် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၈°C ရှိနေပြီး ၁၁ ရက်နောက်ပိုင်းအပူချိန်တွေ ကျဆင်းသွားနိုင်ပါတယ်၊ အနိမ့်ဆုံး(ည အပူချိန်)တွေကတော့ ၂၆°C ဝန်းကျင်မှာ ဆက်လက်ရှိနေနနိုင်ပါတယ်။

    မိုးကျပြီးချိန် လေထုစိုထိုင်းဆတွေ ၆၀% မှ ၈၀% အထိ ပြန်လည်မြင့်တက်လာနိုင်တာကြောင့် လေအေးတိုက်ခတ်မှုမရှိရင် Apparent Temperature မြင့်တက်နေပြီး အိုက်စပ်စပ်ဖြစ်နေပါဦးမယ်။


    ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)


    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ငါးကန်များတွင် ကန်ရေအပူချိန်သည် ၃၀ မှ ၃၂ ဒီဂရီစင်တီဂရိတ် နှင့် အထက်ရှိနေတတ်ပါသည်။ ထိုအချိန်တွင် မိုးရွာသွန်းပါက ကန်ရေအပူချိန်သည် ချက်ချင်း ကျဆင်းပြီး ငါးများအတွက်ရှော့ဖြစ်သေ ဆုံးခြင်းများရှိတတ်ပါသည်။ ကန်ရေအနက် ၅ပေ ရှိပါက ကန်ရေအပူချိန်ပြောင်းလဲခြင်းသည် သက်သာသော်လည်း ကန်ရေအနက် (၃)ပေနှင့်အောက်ရှိသောကန်များတွင် အပူချိန်ပြောင်းလဲခြင်း မြန်ဆန်ပြီး ငါးများရှော့ဖြစ် တတ်ပါသည်။ ထို့ကြောင့်ကန်ရေအနက်ကို အနည်းဆုံး (၅)ပေထားရှိရန်လိုအပ်ပါသည်။

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။

    ------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
0
views
3963