မန္တလေးတိုင်း မေလ ၉ ရက်မှ မေလ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ
 
- မေလ ၁၂ ရက် မွန်းလွဲ/ညနေပိုင်းနဲ့ မေလ ၁၃ ရက်နေ့တွေမှာ မန္တလေး၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ မြင်းခြံ၊ နထိုးကြီး၊ တောင်သာ၊ မလှိုင်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သဲတောနဲ့ သာစည်မြို့နယ်တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန်အများဆုံး ၃၀ မီလီမီတာ(၁.၂ လက်မခန့်)ရွာသွန်းနိုင်ပါတယ်။ မေလ ၁၄ ရက်နေ့ ၁ ရက် မိုးပြတ်ပြီး၊ ၁၅ ရက်နေ့နောက်ပိုင်းမှာ မိုးရာသီမိုး ဆက်လက်ရွာသွန်းသွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ - မေလ ၁၆-၁၇ ရက်နေ့များအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မေလ ၁၇-၁၈-၁၉ ရက်တွေမှာ အလယ်ပိုင်းဒေသများအတွင်း နေရာကွက်ပြီးမိုးများနိုင်၊ လေပြင်းတိုက်ခတ်နိုင်ပါတယ်။ - မေလ ၈ ရက် ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၈°C ရှိနေပြီး ၁၁ ရက်နောက်ပိုင်းအပူချိန်တွေ ကျဆင်းသွားနိုင်ပါတယ်၊ အနိမ့်ဆုံး(ည အပူချိန်)တွေကတော့ ၂၆°C ဝန်းကျင်မှာ ဆက်လက်ရှိနေနနိုင်ပါတယ်။ - မိုးကျပြီးချိန် လေထုစိုထိုင်းဆတွေ ၆၀% မှ ၈၀% အထိ ပြန်လည်မြင့်တက်လာနိုင်တာကြောင့် လေအေးတိုက်ခတ်မှုမရှိရင် Apparent Temperature မြင့်တက်နေပြီး အိုက်စပ်စပ်ဖြစ်နေပါဦးမယ်။ - ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်မည့်တောင်သူများ ရာသီဥတု ပူနွေးစိုစွတ် လာသည်နှင့်အမျှ ခရမ်းချဉ်တွင် အဝါရောင် အရွက်လိပ် ဗိုင်းရပ်စ်ရောဂါများကျရောက်တတ်ပါတယ်။ အဓိကဗိုင်းရပ်စ်ရောဂါ သယ်ဆောင်သည့် ဖျက်ပိုးကောင်မှာ ယင်ဖြူဖြစ်ပြီး တခြားအပင်များသို့ ပင်ရည်စုပ်စားခြင်းမှ တစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါသည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - - စိုက်ခင်းအစိုဓာတ်အား ပုံမှန်ထိန်းပေးခြင်း။ - ပုလဲဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဖော့စဖရပ်စ် ဓာတ်များကို အချိုးညီမျှစွာ ထည့်သွင်းပေးခြင်း။ - ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်သည့် ယင်ဖြူပိုးအား ကြိုတင်ကာကွယ်နှိမ်နှင်းခြင်း။ - အစောပိုင်းအချိန်တွင် အဝါရောင်ကော်စေးထောင်ချောက် အသုံးပြုခြင်း။ - ပိုးများခိုအောင်းရာ ပေါင်းမြက်များအားရှင်းလင်းခြင်း။ - ဓာတုဆေးအနေဖြင့် Pymetrozine၊ Nitnepyram၊ Acetamiprid၊ Lambda cyhalothrin ပါဝင်သောဆေးများအသုံးပြု၍ နှိမ်နင်းနိုင်ပါသည်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးကန်များတွင် ကန်ရေအပူချိန်သည် ၃၀ မှ ၃၂ ဒီဂရီစင်တီဂရိတ် နှင့် အထက်ရှိနေတတ်ပါသည်။ ထိုအချိန်တွင် မိုးရွာသွန်းပါက ကန်ရေအပူချိန်သည် ချက်ချင်း ကျဆင်းပြီး ငါးများအတွက်ရှော့ဖြစ်သေ ဆုံးခြင်းများရှိတတ်ပါသည်။ ကန်ရေအနက် ၅ပေ ရှိပါက ကန်ရေအပူချိန်ပြောင်းလဲခြင်းသည် သက်သာသော်လည်း ကန်ရေအနက် (၃)ပေနှင့်အောက်ရှိသောကန်များတွင် အပူချိန်ပြောင်းလဲခြင်း မြန်ဆန်ပြီး ငါးများရှော့ဖြစ် တတ်ပါသည်။ ထို့ကြောင့်ကန်ရေအနက်ကို အနည်းဆုံး (၅)ပေထားရှိရန်လိုအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။ - ------------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
