cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အမြင်လှရုံသာမက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိသော စက္ကူပန်းပင်လေးများ

. Health Tips
ကျန်းမာရေးကောင်းကျိုးများမှာ ချောင်းဆိုးပျောက်စေခြင်း၊ လည်ချောင်း နာခြင်းအား သက်သာစေနိုင်ခြင်း၊ အဖျားကျစေနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းကို ကျန်းမာ စေနိုင်ခြင်း၊
  • စက္ကူပန်းပင်သည် (Bougainvllea) အရောင်စုံသော်လည်း ရနံ့မရှိသည့် ခြုံပန်းပင်မျိုး ဖြစ်ပါသည်။ မျိုးရင်း မှာ Nyctaginaceae ဖြစ်ပြီး မျိုးစုမှာ Bougainvillea ဖြစ်ပါသည်။ စက္ကူပန်းပင်စိုက်မည်ဆိုပါက နေကြိုက်ပန်းဖြစ်သောကြောင့် ခြံထဲတွင် နေသာသော နေရာတစ်ခု ရှိရပါမည်။ စက္ကူပန်းပင် ရှင်သန်ရန်နေ့စဥ် အနည်းဆုံး ခြောက်နာရီနေရောင်ခြည် လိုအပ်ပါသည်။ ရေဆင်းကောင်းသောမြေဆီလွှာတွင်စိုက်ပျိုးရပါမည်။ ရေအရမ်းများလျှင် အပင်ကောင်းစွာ မကြီးထွား နိုင်ကြောင့် ရဗဆင်းရေလာကောင်းသောမြတွင်စိုက်ပျိုးသင့်ပါသည်။


    စက္ကူပန်းပင်စိုက်ပါက စိုက်ကျင်းထဲသို့ သဲ၊ မြေဆွေး၊ နွားချေးဆွေးထည့်၍စိုက်ပေးပါ။ အမြစ်ကြီးထွားမှုကိုမြှင့်တင်ရန်နှင့် ပန်းများပွင့်လာစေရန်ဖော့စဖိတ်အမြင့်ဆုံးပါသော ဓာတ်မြေသြဇာ ထည့်ပေးပါ။ pH 5.5 နှင့် 6.0 အကြားရှိသောမြေဆီလွှာတွင် ဖြစ်ထွန်းပြီး ရေဝပ်မှုကိုမကြိုက်ပါ။ ရာသီအလိုက်ဖွံ့ဖြိုးမှုကိုကူညီရန်အနည်းဆုံးတစ်နှစ်လျှင်တစ်ကြိမ်၊ နွေဦး ရာသီတွင် မြေသြဇာများ ထည့်ပေးရပါမည်။ စက္ကူပန်းပင်များကြီးထွားလာသောအခါ နှစ်သက်ရာပုံဖော်၍ အလှဆင် စိုက်ပျိုးနိုင်ပါသည်။ ယခုအခါ ပန်းခြံများ၊ ဟိုတယ်များကဲ့သို့ လူအများအပန်းဖြေရာ နေရာတော်တော် များများတွင် အလှဆင်၍စိုက်ပျိုးလာကြပါသည်။


    စက္ကူပန်းပင်၏ ကျန်းမာရေးကောင်းကျိုးများမှာ ချောင်းဆိုးပျောက်စေခြင်း၊ လည်ချောင်း နာခြင်းအား သက်သာစေနိုင်ခြင်း၊ အဖျားကျစေနိုင်ခြင်း၊ အသက်ရှူလမ်းကြောင်းကို ကျန်းမာ စေနိုင်ခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော သက်သာ စေနိုင်ခြင်း၊ ပိုးသတ်ပေးနိုင်သောသတ္တိရှိခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ ရာသီသွေးမှန်စေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေနိုင်ခြင်း နှင့် အသည်းရောင်အသားဝါသက်သာစေခြင်းတို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အိမ်တွင်းအလှဆင်ပန်းပင်အနေဖြင့် စိုက်ရုံပျိုးသာမက ဆေးဖက်ဝင်အပင်အဖြစ်လည်း စိုက်ပျိုးထားသင့်သော အလှစိုက်ပန်းပင်တစ်မျိုးဖြစ်ပါသည်။

    Hello ဆရာဝန် ဝက်ဆိုဒ်မှ ကိုးကားဖော်ပြပါသည်။

    ---------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
6
comments
0
views
3202