cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် မေလ ၁၀ ရက် မှ မေလ ၁၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်အတွင်းသတိထားရမဲ့ သဘာဝဘေးများအနေနဲ့ -
  • မေလ ၁၀ ရက်နေ့မှ စတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးစရွာနိုင်ပါမယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မေလ ၁၂ ရက်နေ့မှာမှ မိုးစရွာနိုင်တဲ့ အခြေအနေ‌ စ တင်ဖြစ်လာနိုင်ပြီး-

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မေလ ၁၁ ရက်နေ့မှ စတင်ကာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာနှင့်အထက်(၁ လက်ကျော်ခန့်)မိုးရွာသွန်းနိုင်ပါမယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ မေလ ၁၂ ရက်မှ စတင်ကာ မိုးများနိုင်(၂၄ နာရီအတွင်း ၁.၂ လက်မခန့်အထိ) ပျမ်းမျှမိုးရေချိန်ရရှိစေနိုင်တဲ့ မိုးရွာသွန်းမှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မေလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့ နောက်ပိုင်းရက်တွေမှသာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၁ လက်မကျော်)မိုးရွာသွန်းနိုင်မှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်တခုလုံးအနေနဲ့ပြောရရင်တော့ မေလလယ်လောက်က စ ပြီး မုတ်သုံမိုးအဝင် စ တင်ရှိလာနိုင်ကာ မိုးရာသီမိုးရွာသွန်းခြင်း စ တင်တော့မှာဖြစ်ပါတယ်။


    ရှမ်းပြည်နယ်ရဲ့ အပူချိန်တွေက မေလ ၁၅ ရက်အထိ ၃၀°C အထက်မှာ ရှိနေရာက ၁၅ ရက်နောက်ပိုင်းမှာ ၃၀°C အောက် ၂၃°C ခန့်အထိ ကျဆင်းလာနိုင်ကြောင်း၊ အနိမ့်ဆုံး(ည အပူချိန်)တွေသည်လည်း ၁၈°C အထိ ကျဆင်းလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရပါတယ်။


    ရှမ်းပြည်နယ်အတွင်းသတိထားရမဲ့ သဘာဝဘေးများအနေနဲ့ -


    · ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းမှတဆင့် ရွေ့လျားဝင်ရောက်လာနိုင်သည့်မုန်တိုင်းအကြွင်းကျန်မိုးတိမ်များနှင့် ထိုင်းနိုင်ငံဘက်မှ ရွေ့လျားဝင်ရောက်လာတတ်သည့် မိုးတိမ်များကြောင့် ရံဖန်ရံခါနေရာကွက်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်တတ်သည့် မျှော်မှန်းမထားနိုင်သော သဘာဝဘေးများကို သတိပြုကြရန်လိုပါတယ်။


    ဦးဝင်းနိုင်(မိုးလေဝသပညာရှင်)


    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်

    မိုးဦးလည်း ဝင်လာပြီဆိုတော့ ငါးကန်များ အ‌စာ‌ကျွေးရာမှာ အ‌လေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    -------------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
5329