တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- (၅. ၄. ၂၀၂၅ မှ ၉.၅. ၂၀၂၅) - မတ်ပဲ - အရင်အပတ်က စျေးတန်းကျခဲ့တဲ့ မတ်ပဲက ခုတစ်ပတ်မှာတော့ စျေးပြန်တက်လာတာတွေ့ရ ပါတယ်။ မတ်ပဲစျေးကွက်ပြန်တက်လာတာကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၉၀၀၀ ဝန်းကျင်အထိဖြစ်လာပါတယ်။ - မတ်ပဲက အိန္ဒိယရဲ့ ပဲဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၄၈၀၀၀ မှ ၃၀၆၈၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။ - အရင်အပတ်က တနင်္လာကနေ သောကြာနေ့ အထိ ၃၀၁၅၀၀၀ ကျပ်မှ ၃၀၃၆၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ ကျပ်ကျော် စျေးတက်လာပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းပြန်တက် လာတာတွေ့ရပါတယ်။ ပဲစင်းငုံက စျေးပြန်တက်လာပေမယ့်လည်း လက်ကျန်နည်းတာကြောင့် အရောင်းအဝယ်အေးတယ်လို့သိရပါတယ်။ - ပဲစင်းငုံနီကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်တယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၄၀၀၀၀ မှ ၂၉၆၅၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။ - အရင်အပတ်တုန်းက ပဲစဉ်းငုံနီ တစ်တန်ကို ကျပ်သိန်း၂၉၁၂၀၀၀ မှ ၂၉၅၀၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၂၀၀၀၀ ကျော်စျေးတက်လာပါတယ်။ - မြေပဲ - ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ ယခုမေလပထမပတ်အတွင်း မြေပဲစျေးနှုန်းတွေ မြင့်တက်လာပါတယ်။ - ပြည်တွင်းမှာ ပဲဆီစားသုံးမှုနှုန်းမြင့်လာတာကြောင့် ဆီစက်တွေကဝယ်လိုအားရှိတဲ့အပြင် ပဲခွဲစက်တွေကလည်း ဝယ်လိုအားရှိနေပြီး မြေပဲလက်ကျန်နည်းလာတဲ့အတွက် စျေးကွက်လှုပ်လာတာဖြစ်တယ်လို့သိရပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ မြေပဲလုံးဆံဖြူတစ်ပိဿာကို ၉၇၀၀ မှ ၁၀၂၀၀ ကျပ်ရှိပြီး S1 ဆီဆံက တစ်ပိဿာကို ၉၄၀၀ မှ ၉၆၀၀ ကျပ်သာရှိပြီး မြေပဲလုံးဆံအနီက တစ်ပိဿာကို ၈၄၀၀ မှ ၈၈၀၀ ကျပ်ရှိလာပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းဆက်တိုက်ထပ် တက်လာပါတယ်။ ပဲတီစိမ်းကို တ ရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းလက်ကျန်နည်းလာတဲ့အတွက် စျေးတန်း ထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ - ပြည်တွင်းမှာလည်း မျိုးပဲအဖြစ် ပြန် လည်ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်လာတာဖြစ်ပါတယ်။ - ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၆၆၆၅ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၆၁၃၅ ကျပ်မှ ၆၁၈၅ ကျပ် နဲ့ တစ်ပိဿာကို ၃၃၅ ကျပ်နှုန်း အသီးသီးမြင့်တက်လာတာဖြစ်ပါတယ်။ - ပဲတီစိမ်း ဝါးခယ်မကတော့ ၅၈၃၀ မှ ၅၈၅၀ ကျပ်နဲ့ ပဲစျေးတန်းငြိမ်နေ ပါတယ်။ - နှမ်း - မေလဆန်းပိုင်းမှာ နှမ်းနက်စမုံကစျေးတက်လာပြီး ကျန်တဲ့နှမ်းအမျိုးအစားတွေက စျေးအတက်အကျမရှိဘဲ အတက်စျေးမှာပဲငြိမ်နေတယ်လို့သိရပါတယ်။နှမ်းကို ပြည်ပက ဝယ်လိုအားရှိပေမယ့် အရည်အသွေးကောင်းတဲ့ နှမ်းကိုသာ ဝယ်ယူမှုရှိနေတာဖြစ်တယ်လို့သိရပါတယ်။ - နှမ်းက တရုတ်ကိုသာ အဓိကအများဆုံးတင်ပို့ရတာဖြစ်ပြီး စျေးတန်းကလည်းတရုတ်ဝယ်လိုအား၊နိုင်ငံခြားငွေစျေး ပေါ်လိုက်ပြီးစျေးအတက် အကျရှိတာဖြစ်တယ်လို့သိရပါတယ်။ - မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှာ နှမ်း နက် စမုံ ၄၅ ပိဿာ တစ်အိတ်ကို ၇၇၀၀၀၀ မှ ၈၀၀၀၀၀ ကျပ် ရှိလို့ ၄၀၀၀ ကျပ်တက်လာတာဖြစ်ပါတယ်။ နှမ်းဖြူဂျပန်က ၄၀၃၀၀၀ ၊နှမ်းဖြူဗမာက ၃၄၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်နဲ့ နှမ်းညို က ၃၁၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်ရှိပါတယ်။ - (AMIA) 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
