cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အသားတိုးကြက်မွေးမြူရေး သိကောင်းစရာများ

. Agriculture Knowledge
တစ်ရက်စာကို တွက်ချက်၍ အစာ ဟောင်းကုန်မှ အစာသစ်ထည့်ပါ။ တစ်ရက်စာတစ်ရက် ကုန်ပါစေ။ အစာခွက်များ အသက်အရွယ်အလိုက် ပြောင်းလဲ တပ်ဆင်ပါ။ ခွက်များစောင်းနေခြင်း ကြိုးများလျော့နေခြင်း ချိတ်များ တပ်ဆင်မှုလွဲမှားခြင်း တို့ကြောင့် ဖိတ်ဆင်နိုင်ပါသည်။
  • ကြက်ခြံများ 

    ၁။ အပူချိန် လုံလောက်ရန် မကျယ်လွန်းစေရ 

    ၂။ ကြပ်ညှပ်ပီး ကြက်များ ပင်ပန်းအောင်လဲ မကျဉ်းလွန်းစေရ 

    ၃။ အစာခွက် ရေခွက်များလုံလောက်စွာထားနိုင်စေရန်။ 

    • ကြက်ပေါက်ရောက်ခါစ ၂ရက်သည် ကြက်ကြီးဘဝ ကျန်းမာဖွံ့ဖြိုးစေရန် အရေးကြီးသော  
    • အချိန်ကာလ ဖြစ်ပါတယ်။ ကြက်မရောက်ခင် အစာရေ အပူချိန် လုံလောက်စွာရှိနေရပါမယ်။ လုံလောက်တဲ့အကျယ်၊လိုအပ်တဲ့ အပူချိန်၊သန့်စင်တဲ့လေဝင်လေထွက်၊ ကောင်းမွန်တဲ့အစာဟာ အစာစားဖို့ ၊ ကြီးထွားဖို့ အထောက်အကူ ဖြစ်မှာပါ။ 

    ကြက်စာတွေ မလေလွင့်အောင် ဘယ်လိုလုပ်မလဲ.... 

    ၁။ အစာအိတ်များကို ကြွက်မကိုက်အောင် ထားပါ။ ( လူနှင့်ယဥ်ပါးသည့် ကြောင်မွေးမြူပါ) 

    ၂။ အစာအိတ်များ နေမထိုးအောင် မိုးမပက်အောင်ထားပါ။ 

    ၃။ တစ်ရက်စာကို တွက်ချက်၍ အစာ ဟောင်းကုန်မှ အစာသစ်ထည့်ပါ။ တစ်ရက်စာတစ်ရက် ကုန်ပါစေ။ 

    ၄။ အစာထည့်ရာတွင် မဖိတ်အောင် ဂရုတစိုက်ထည့်ပါ။ 

    ၅။ အစာခွက်များ အသက်အရွယ်အလိုက် ပြောင်းလဲ တပ်ဆင်ပါ။ ခွက်များစောင်းနေခြင်း ကြိုးများလျော့နေခြင်း ချိတ်များ တပ်ဆင်မှုလွဲမှားခြင်း တို့ကြောင့် ဖိတ်ဆင်နိုင်ပါသည်။ 

    ၆။ အစာများကို မကြာခဏ ပြာခြင်း အကြိမ်ရေများစွာထည့်ခြင်းသည် အစာလေလွင့်မှုကို များစေပါသည်။ 

    ၇။ နံနက်ပိုင်းတွင် တစ်နေ့စာ ၏ ၃ပုံ၁ပုံသာ ထည့်ကျွေးရန် လိုအပ်ပါသည်။ ( နံနက်ပိုင်း အစာထည့်များပါက နေ့ခင်း ကြက်များ အစာ သိပ်မစားသည့် အချိန် တွင်နှုတ်သီးဖြင့် ရက်ချတတ်ပါသည်။) 

    ၈။ ညနေပိုင်း တွင် အစာကျွေးရာတွင် ခွက်ထဲတွင် ပမာဏ နည်းနည်းဖြင့် အစပြုကျွေးပါ။( ကြက်များငြိမ် လာပြီးမှ ကျန်သည့် အစာကို လိုက်ဖြည့်ပါ) 

    ၉။ ကြက်စာမကျွေးခင် ဆေးဝါး (သို့မဟုက်) ရေကို အရင်ထည့်ထားပါ။( အစာစားပီး ရေသောက်ပါမည်) 

    ၁၀။ အစာကျွေးပြီးနောက် ကြက်စာကျန်နေသည့် အစာအိတ်ကို လေလုံအောင် ပြန်ပိတ်ပါ။ 

    ၁၁။ ကြက်ငယ်စဥ်ပြာ၍ရသော အစာဟောင်းကို ချက်ချင်း ကျွေးပါ။ အဟောင်းများကုန်မှ အသစ် ထည့်ပါ။ 

    ၁၂။ နေ့လည်ပိုင်းတွင် အစာပိုသည့်ခွက် မှ အစာများကိုနည်းသည့်ခွက်တွင် ပြန်မျှကျွေးပါ။ ( အစာကုန်နေပါက အသစ်ထည့်ရန်မလိုပါ။) ညနေ နှင့်ညပိုင်းတွင် တနေ့စာ၏ သုံးပုံနှစ်ပုံ ကျွေးခြင်းဖြင့် အေးသည့်အချိန်တွင် ခွက်ထဲတွင် အစာလုံလောက်စွာ ရှိနေပါမည်။ 

    ၁၃။ ရာသီဥတု ကောင်းပါက အစာကုန်လျှင်ကုန်သလို ကျွေးရမည်ဖြစ်ပြီး မကုန်ပါက မနက်ပိုင်းကျွေးချိန် တွင် လျှော့ချသင့်ပါသည်။ 

    ၁၄။ ကြက်အသက်ငယ်ချိန်တွင် အရွယ်ညီစေရန်အိတ်ခွံများခင်း၍ အစာအနည်းငယ်ကို ဖြူးကျွေးသင့်ပါသည်။ 

    Credit goes to - https://www.facebook.com/share/p/1At5QPLdF9/ 

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
4
comments
0
views
2232