cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒူးရင်းတွင်ပါဝင်သော အာဟာရများ

. Health Articles
တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။
  •  အမျှင်ဓာတ် 

     ဗီတာမင် A 

     ဗီတာမင် B6 

     ဗီတာမင် B12 

     ဗီတာမင် C 

     ပိုတက်ဆီယမ် (Potassium) 

     ကယ်လ်ဆီယမ် (Calcium) 

     သံဓာတ် 

     မဂ္ဂနီဆီယမ် (Magnesium) 

     ဖောလစ်အက်ဆစ် 

     ဖော့စဖောရပ်(Phosphorus) 

    100 gram (သုံးမွှာခန့်) တွင် 

    • ကယ်လ်လိုရီ – ၁၄၇ ကယ်လိုရီ 
    • Carbohydrate (ကာဗိုဟိုက်ဒရိတ်) – ၂၇ ဂရမ် 
    • Protein (ပရိုတင်း) -၁.၅ ဂရမ် 
    • Fat (အဆီဓာတ်) – ၅ ဂရမ် 
    • Sodium (ဆိုဒီယမ်) – ၂ mg 
    • Potassium (ပိုတက်ဆီယမ်) – ၄၃၆ mg 

    ပိုတက်ဆီယမ် (Potassium) ပါဝင်မှု များတဲ့ အတွက် ကျောက်ကပ်ရောဂါဝေဒနာရှင် များ သတိထားစားဖို့တော့လိုပါတယ်။ 

    Glycemic Index (သကြားပါဝင်မှု) မြင့်တဲ့ အတွက် ဆီးချိုရောဂါဝေဒနာရှင်များလည်း သတိထားစားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားပါ။ 

    ဒူးရင်းသီး စားရင် ဘာတွေ ကောင်းပြီး ဘာတွေ မကောင်းဘူးလဲ 

    ဝမ်းပုံမှန်သွားစေခြင်း – ဒူးရင်းသီးမှာ အမျှင်ဓာတ်များတဲ့ အတွက် ဝမ်းပုံမှန်သွားစေပါတယ်။ 

    အရိုးသန်မာစေခြင်း – ကယ်လ်ဆီယမ်(ထုံးဓာတ်) နှင့် မဂ္ဂနီဆီယမ်ဓာတ်တို့ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ 

    သွေးအားနည်းရောဂါ ကာကွယ်ပေးခြင်း– သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။ 

    ကင်ဆာကာကွယ်ပေးခြင်း– အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် ကင်ဆာဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီး ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ 

    အိပ်မပျော်တဲ့ရောဂါ (insomnia) ကို သက်သာစေခြင်း – ဒူးရင်းသီးမှာ ပါတဲ့ Tryptophan က ခန္ဓာကိုယ်ထဲမှာ serotonin အဖြစ် ပြောင်းလဲသွားပြီး သွေးထဲသို့ melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။ 

    ဒူးရင်းသီး စားရင် သွေးတိုးတယ်ဆိုတာ မှန်ပါသလား 

    တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး ၅၀၀ ဂရမ် ၁၅ မွှာခန့် စားမိပါက ပိုတက်ဆီယမ်ဓာတ်တွေ အရမ်းများသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်း မြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိတဲ့သူတွေ အနေနဲ့ကတော့ သုံး၊ လေးမွှာ ထက်ပို မစားသင့်ပါ။ ဒီအပြင် ဆီးချိုသမားတွေမှာလည်း သကြားဓာတ်ပါဝင်မှုများတဲ့ အတွက် မစားသင့်တဲ့အသီးထဲ မှာပါပါတယ်။ 

    ဒါဆို သူ့စားပြီးရင် ဘာလို့ အိပ်ငိုက်လာလဲ၊ ခေါင်းမူးလာလဲ 

    ဒါကတော့ ဒူးရင်းသီးမှာ အဆီဓာတ် အရမ်းများလို့ပါ။ စားပြီးတာနဲ့ အဆီဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်လာပြီး အိပ်ငိုက်စေပါတယ်။ 

    ဒူးရင်းသီးကို ဘာနဲ့တွဲမစားသင့်ဘူးလဲ 

    ကော်ဖီ နဲ့ တွဲမစားသင့်ပါ။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ရင်တုန်စေသလို၊ ဒူးရင်းသီး မှာပါတဲ့ ပိုတက်ဆီယမ်ကလည်း ရင်တုန်စေတဲ့အတွက် တွဲဖက် မစားသုံးသင့်ပါ။ ထို့အတူ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာတို့နဲ့လည်း တွဲသောက်ရင် ရင်တုန်စေနိုင်ပါတယ်။ 

    အရက်၊ ဘီယာနဲ့ တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ ဓာတ်ပြုကာ ဒုက္ခပေးနိုင်ပါတယ်။ 

    လေးစားစွာဖြင့် 

    ဒေါက်တာ ညီညီကျော် 

    ----------

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
9
comments
0
views
2174