cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးရွာနိုင်ချေ ရာခိုင်နှုန်း ၉၀ နှင့်အထက်ရှိနေ

. Weather News
အထက်လေပွေလှိုင်းသည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီ မေလ ၁၇ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ECMWF AI က ခန့်မှန်းထား
  • မေလ ၁၃ ရက် ညနေပိုင်း/ညပိုင်းမှာ ကပ္ပလီပင်လယ်ပြင်အတွင်း အထက်အမြင့်ပေ ၅၀၀၀ တွင် လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)ဖြစ်ပေါ်လာနိုင်ကြောင်း WINDY မှ ECMWF, GFS နဲ့ ICON model တွေရဲ့ ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။

    ဖြစ်ပေါ်လာနိုင်တဲ့ အထက်လေပွေလှိုင်းသည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီ မေလ ၁၇ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ECMWF AI က ခန့်မှန်းထားတာတွေ့ရပါတယ်။

    အခုလို လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို METEOBLUE NEMS GLOBAL model ခန့်မှန်းချက်မှာလဲ တွေ့နေရပါတယ်။

    ပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများကြောင့် -

    မန္တလေးတိုင်းအတွင်းမှ ဒေသအချို့ - ပုဂံညောင်ဦး/မြင်းခြံ/ကျောက်ပန်းတောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ချောင်းဦးစသည့်ဒေသအချို့မှအပ ကျန်ဒေသအားလုံးမှာ "မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အတွင်း" မိုးရွာနိုင်ချေ ရာခိုင်နှုန်း ၉၀ နှင့်အထက်ရှိနေကြောင်းတွေ့ရပါတယ် (METEOBLUE NEMS-GLOBAL Model Forecast)

    ၄ ရက် ကြိုတင်ခန့်မှန်း မိုးလေဝသအခြေအနေကြည့်ရန် -

    https://www.mmweather.org/divisional-cities-weather

    (မေလ ၁၂ ရက် ည ၁၁ နာရီ)

    Weather Source - U Win Naing

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
  • article
likes
14
comments
0
views
4303