cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒူးရင်းသီးစေ့ ကို လွှင့်ပစ်နေမိဆဲလား

. Health Articles
ဒူးရင်းစေ့လေးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ ဒူးရင်းသီးစေ့က ဘယ်လို အကျိုးကျေးဇူးလေး တွေ ပေးလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
  • ကြိုက်တဲ့သူအတွက် မွှေးအီနေပြီး မကြိုက်တဲ့သူတွေအတွက်တော့ ခေါင်းကိုက်လောက်တဲ့အထိ အနံ့ဆိုးတဲ့ ဒူးရင်းသီးကို စားပြီးတိုင်း ဒူးရင်းသီးစေ့ကို လွှင့်ပစ်နေမိတုန်းပဲလား။ ဒါဆိုရင်တော့ ဒူးရင်းစေ့လေးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ ဒူးရင်းသီးစေ့က ဘယ်လို အကျိုးကျေးဇူးလေး တွေ ပေးလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ 

    ဒူးရင်းသီးစေ့ မှာပါတဲ့ အာဟာရဓာတ်များ 

    ဒူးရင်းသီးမှာတင်မဟုတ်ဘဲ အသားချိုချို အောက်မှာရှိနေတဲ့ ဒူးရင်းသီးစေ့မှာလည်း 

    ကစီဓာတ် 

    အမျှင်ဓာတ် 

    ဇင့် 

    အဆီဓာတ် 

    phosphorus 

    ကယ်လ်ဆီယမ် စတာတွေ ပါဝင်နေပါတယ်။ 

    လူတော်တော်များများက ဒူးရင်းသီး အသားကို နှစ်နှစ်ခြိုက်ခြိုက်စားကြပေမယ့် ဒူးရင်းသီး အစေ့ကိုတော့ လွှင့်ပစ် ကြတာ များပါတယ်။ ဒူးရင်းသီး အစေ့က အစိမ်းစားရင် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ဒူးရင်းသီးစေ့ကို ပြုတ်ပြီးဖြစ်ဖြစ်၊ မီးကင်ပြီးဖြစ်ဖြစ် ဟင်းချက်ပြီးဖြစ်ဖြစ်တော့ စားသုံးလို့ရပါတယ်။ ဒီတော့ ဒူးရင်းသီးစေ့က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……… 

    ဒူးရင်းသီးစေ့ ကပေးတဲ့ ကျန်းမာရေး 

    စားပြီးတိုင်းလိုလို လွှင့်ပစ်တတ်တဲ့ ဒူးရင်းသီးစေ့ ကို စားသုံးပေးမယ်ဆိုရင် 

    အင်အားပြည့်ဝစေတယ် 

    ဒူးရင်းသီးစေ့မှ ကစီဓာတ် ပါဝင်နေပါတယ်။ ကစီဓာတ်က နေ့စဉ် စားသုံးမှုမှာ လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ အင်အားဖြစ်ပေါ်စေဖို့ အဓိက ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ် တစ်မျိုးလည်း ဖြစ်ပါတယ်။ 

    ကစီဓာတ် ပြည့်ဝတာက အဆာခံနိုင်စေသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်စေနိုင်ပါတယ်။ ကစီဓာတ်က အများ ကြီးစားရင် အဆီတက်စေနိုင်တာကြောင့် အတိုင်းအချင့်လေးနဲ့ စားဖို့တော့ သတိပေးပါရစေ။ ကယ်လ်လိုရီ ပါဝင်မှုများတာကြောင့် ဝိတ်ချနေသူတွေ အနေနဲ့ အများကြီး မစားဖို့ သတိပေးပါရစေ။ 

    အစာခြေစနစ် ကျန်းမာစေတယ် 

    ဒူးရင်းစေ့က စေးကပ်ကပ်နိုင်ပေမယ့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေကို လှုပ်ရှားမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အူတွေကို ကျန်းမာစေသလို အူအတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေပါတယ်။ 

    အစာခြေစနစ် ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် ဒူးရင်းသီးစေ့ စားပေးလို့ရပါတယ်။ 

    သန်ကျစေပါတယ် 

    ဒူးရင်းစေ့က သဘာဝ သန်ချဆေး တစ်မျိုးပါ။ ဝမ်းမှန်စေဖို့အပြင် သန်ကျစေဖို့လည်း ဒူးရင်းသီးစေ့ကို စားပေးလို့ရပါတယ်။ 

    ကိုယ်ခံအား ကောင်းစေတယ် 

    ဒူးရင်းသီးစေ့မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဇင့် ဓာတ်ပါဝင်နေတာ ကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဖျားနာမှုကို ကင်းစေပြီး အနာကျက်မြန်စေဖို့နဲ့ ဆဲလ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။  ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။ 

    နှလုံးကျန်းမာစေတယ် 

    ဒူးရင်းစေ့မှာ အကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် သွေးတွင်းက အဆီတွေကို ကျစေပြီး သွေးကြောကျဉ်းတာ ကင်းစေလို့ နှလုံး ကျန်းမာစေပါတယ်။ သွေးတိုး ကင်းသလို အသည်းအဆီဖုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။ ဒူးရင်းသီး အသားက အဆီထက်၊ အစေ့က အဆီက ကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။ 

    သွေးတွင်းကိုလက်စထရောကို ကျဆင်းစေတယ် 

    ဒူးရင်းစေ့မှာ အကျိုးပြု အဆီပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရောပမာဏဏကို ကျဆင်းစေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောများပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ ဒူးရင်းစေ့ကို စားပေးလို့ရပါတယ်။ 

    အရိုး နဲ့ သွားတွေကို ကျန်းမာစေတယ် 

    ဒူးရင်းစေ့မှာ ကယ်လ်ဆီယမ် နဲ့ phosphorus ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ 

    ဘယ်သူတွေ မစားသင့်ဘူးလဲ 

    အလွန်အကျွံ မဟုတ်ဘူးဆိုရင် ဒူးရင်းသီးစေ့က ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေတာမျိုး မဖြစ်စေပါဘူး၊၊ 

    ဒါပေမယ့် ဒူးရင်းစေ့စားမယ်ဆိုရင် သတိထားရမယ့် အချက်က အစိမ်းမစားဖို့ပါ၊၊ ဒူးရင်းသီးစေ့ အစိမ်းမှာ cyclopropene fatty acids တွေ ပါဝင်ပြီး ဒါက ကင်ဆာဖြစ်စေနိုင်တယ်လို့ ယူဆထားကြပါတယ်၊၊ ဒါကြောင့် စားမယ်ဆိုရင် ချက်ပြုတ်ပြီး စားတာက ပိုပြီးသင့်တော်ပါတယ်၊၊ 

    Source: Hello Sayarwon မှ ကူးယူဖော်ပြပါသည်။ 

    ----------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
13
comments
0
views
3216