cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အရသာရှိလှသော ဂျူးဖူးလေးစားရင်း ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများ

. Health Articles
ဂျူးဖူးလေး မှာ ဗီတာမင် နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သိပ်သည်းသန်မာစေပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရိုးပါးတာ အရိုးပွတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
  • ဂျူးဖူးက ကြက်သွန် မျိုးရင်း တစ်မျိုးပါ။ ထိပ်ဖျားမှာ အဖူးလေးတွေ၊ အပွင့်လေးတွေ ပါဝင်နေပြီး အရိုးတံ စိမ်းစိမ်း ရှည်ရှည်လေးပါ။ အရင်းနားလေးမှာတော့ ဖြူပါတယ်။ လှီးဖြတ်တဲ့အခါ မွှန်တယ်လို့ ခံစားရနိုင်ပါတယ်။ အရသာကတော့ အတော်လေး ချိုပါတယ်။ ကြော်စားလို့ ရသလို ချဉ်ရည် ချက်စားလို့လည်းရပြီး စွပ်ပြုတ်တွေ ဖက်ထုပ်တွေထဲမှာလည်း ထည့်စား ကြလေ့ရှိပါတယ်။ တရုတ်ရိုးရာ ဟင်းတွေမှာ အများအပြား တွေ့ရနိုင်ပါတယ်။ 

    ဂျူးဖူး မှာပါတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ ၎င်းတို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကိုလက်စထရော၊ အမျှင်ဓာတ်၊ ဖောလိတ်၊ Niacin၊ Pantothenic acid၊ Pyridoxine၊ Riboflavin၊ Thiamin၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရိတ်၊ ဆီလီနီယမ်၊ ဇင့် တို့ဖြစ်ပါတယ်။ 

    ဂျူးဖူးလေး မှပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ 

    စားလို့ ကောင်းတဲ့ ဂျူးဖူးလေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ဂျူးဖူးမှာ ပါတဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေက ကြက်သွန်ဖြူမှာပါတဲ့ ဒြပ်ပေါင်းတွေနဲ့ အတူတူပဲ ဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အစာခြေစနစ်ကို ဒုက္ခပေးတတ်တဲ့ salmonella မျိုးရင်းဝင် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီ အာဟာရဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေမှာပါ။  

    ဂျူးဖူးမှာပါတဲ့ allicin ဆိုတဲ့ ဒြပ်ပေါင်းက ခန္ဓာကိုယ်အတွက် အတော်လေး အရေးပါတဲ့ အော်ဂဲနစ် ဒြပ်ပေါင်း တစ်မျိုးပါ။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အတော်လေး ထောက်ကူပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးကြောတွေ ကျဉ်းတာ ပိတ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းလည်း ပါဝင်နေတာကြောင့် လေဖြတ်နိုင်ခြေကိုရော ရုတ်တရက် နှလုံးရပ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။  

    ဂျူးဖူးမှာ အော်ဂဲနစ် ဒြပ်ပေါင်း ပါဝင်နေသလို ဗီတာမင် C ပါဝင်မှုလည်း များတာ​ကြောင့် ကိုယ်ခံအားစနစ်ကို သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်အောင် လှုံ့ဆော်ပေးပြီး သွေးကြောအသစ်တွေ၊ ဆဲလ်နဲ့ တစ်ရှူး အသစ်တွေနဲ့ ကြွက်သားထု ဖြစ်စေဖို့ လှုံ့ဆော်ပေးတဲ့ ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ဂျူးဖူးလေး မှာ ဗီတာမင် နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သိပ်သည်းသန်မာစေပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရိုးပါးတာ အရိုးပွတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အရိုးတွေကို ကြံ့ခိုင်စေဖို့ဆိုရင် ဂျူးဖူးကို စားပေးလို့ ရပါတယ်။ 

    လေ့လာမှုတွေအရ ဂျူးဖူးမှာ ပါတဲ့ diallyl trisulphide ဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဂျူးဖူးက အစာအိမ်ကင်ဆာ နဲ့ အစာရေမျိုကင်ဆာ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဂျူးဖူးမှာ ပါတဲ့ carotenes က ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး အမြင်အာရုံကို ထိခိုက်မှု မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါတယ်။ ဂျူးဖူးမှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။ ဖောလစ်အက်ဆစ်က ဘေဘီလေးကို မွေးရာပါ ချို့ယွင်းမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဂျူးဖူးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ထပ် အစွမ်းတစ်ခုက ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ ဆား၊ ရေ၊ အဆီတို့ကိုလည်း အန္တရာယ်ဖြစ်စေတဲ့ အနေအထားမျိုးထိ မရောက်စေဘဲ ဖယ်ရှားပေးတာပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီး၊ ချွေးတို့အနေနဲ့ ပြင်ပကို ထုတ်ပေးပါတယ်။ 

    Hello ဆရာဝန် ဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    -----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
5
comments
0
views
2819