cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးများ၏ အစာခြေစနစ်နဲ့ အစာစားနှုန်းအပေါ် အပူချိန်ရဲ့ သက်ရောက်မှု

. Fish Articles
ငါးရဲ့ အရွယ်အစား၊ ဖွံ့ဖြိုးမှုနဲ့ မျိုးပွားတဲ့အဆင့်ပေါ်မူတည်ပြီး ကြိုက်နှစ်သက်တဲ့ အပူချိန်ဟာလည်း မတူညီနိုင်ပါဘူး ခင်ဗျာ။ အကောင်သေးတဲ့ တိရစ္ဆာန်တွေဟာ အကောင်ကြီး တွေထက် တစ်ယူနစ်အလေးချိန်မှာ ဇီဝကမ္မဖြစ်စဉ် ပိုမြန်ပါတယ်။
  • ငါးတွေရဲ့ ဇီဝကမ္မဖြစ်ဟာ အပူချိန်အပေါ် အလွန်အမင်း မူတည်နေပါတယ်။ အပူချိန်ချိန်ပေါ်မူတည်ပြီး အစာစား ချင်စိတ်၊ အစာခြေနှုန်း၊ အစားသိုလှောင်နှုန်းတွေကို အကျိုးသက်ရောက်မှုရှိပြီး အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ် တိုးတိုင်း ဇီဝကမ္မဖြစ်စဉ်ဟာ ၂ ဆမှ ၃ ဆအထိရှိနိုင်ပါတယ်။ ငါးရဲ့ အရွယ်အစား၊ ဖွံ့ဖြိုးမှုနဲ့ မျိုးပွားတဲ့အဆင့်ပေါ်မူတည်ပြီး ကြိုက်နှစ်သက်တဲ့ အပူချိန်ဟာလည်း မတူညီနိုင်ပါဘူး ခင်ဗျာ။ အကောင်သေးတဲ့ တိရစ္ဆာန်တွေဟာ အကောင်ကြီး တွေထက် တစ်ယူနစ်အလေးချိန်မှာ ဇီဝကမ္မဖြစ်စဉ် ပိုမြန်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ငါးတွေဟာ နွေရာသီမှာ အပူချိန် ရုတ်တရက်ပြောင်းလဲတဲ့ ဒဏ်ကို မခံနိုင်ကြပါဘူး။  

    အစာ စားနှုန်းအပေါ် သက်ရောက်ခြင်း 

    အစာစားနှုန်းကို ထိခိုက်စေတဲ့ အပူချိန်ပမာဏဟာ ငါးမျိုးစိတ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါတယ်။ အစာစားနှုန်း ကောင်းစေတဲ့ သင့်တော်တဲ့ အပူချိန်ကတော့ ၂၂.၅ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး နောက်တစ်ခုကတော့ အပူချိန်ဟာ ငါးတွေရဲ့ လုပ်ဆောင်ချက်နဲ့ အစာရှာနိုင်တဲ့စွမ်းဆောင်ရည်ကို သက်ရောက်စေပါတယ်။ ဥပမာအနေနဲ့ ပြောရ ရင်တော့ ရွှေငါးတစ်ကောက်ရဲ့ ရေမှာ ကူးလူးသွားလာနိုင်တဲ့ စွမ်းဆောင်ရည်အကောင်းဆုံး အပူချိန်ဟာ ၂၀ ဒီဂရီစင်ဒီဂရိတ်မှ ၃၀ ဒီဂရီစင်ဒီဂရိတ် အပူချိန်ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ သတိထားရမယ့် အချက်ဆိုရင်တော့ အပူချိန်နိမ့်တာဟာ ငါးတွေရဲ့ အစာစားနှုန်းကို ကျစေပါတယ်။ 

    အစာခြေနှုန်းအပေါ် သက်ရောက်ခြင်း 

    အစာခြေတာနဲ့ ပတ်သက်လို့ပြောရရင် ကျွန်တော်တို့သိထားတဲ့အတိုင်း ကနဦးအနေဲ့ အစာခြေအင်းဇိုင်းတွေနဲ့ ကြွက်သားအဖွဲ့အစည်းတွေကလုပ်ဆောင်ကြပါတယ်။ တစ်ဆက်တည်းမှာဘဲ အပူချိန်ဟာ အစားခြေအရည်တွေ စစ်ထုတ် ဖို့အတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ အရေအပူချိန်ကျပြီး အေးနေချိန်မှာ အစာခြေနှုန်းကို ကျစေပါတယ်။   

    Source: https://www.ncbi.nlm.nih.gov/pmc/articles/PMC7678922/ 

    ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
10
comments
0
views
3425