cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

*တီမွေးမြူရေးမှ ရရှိနိုင်​သော အကျိုးအမြတ်များ*

. Organic Fertilizer
ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ စိုက်ပျိုးသူများသည် တီကောင်များကို မွေးမြူပြီး ၎င်းတို့ လုပ်ငန်းမှထွက်သော စွန့်ပစ်ပစ္စည်းများဖြင့် တီကောင်းများ မွေးပြီး တန်ဖိုးရှိသော တီမြေဆွေးနှင့် တီစွန့်ပစ်ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေလည်းရ၊ ပတ်ဝန်းကျင်လည်း ကောင်မွန်စေရန် ပြုလုပ်နှိုင်​သော ​ရေရှည်ခံ​​သောနည်းပညာတရပ်ဖြစ်​ပေသည်။
  • ​ကျေးလက်ရှိ နွား၊ကြက်၊ဝက်၊ဆိတ်စသည့် တိရစ္ဆာန်မွေးမြူကြသော တောင်သူများအတွက် တီမွေးမြူရေးသည် များစွာအကျိုးအမြတ်ရရှိနိုင်ပေသည်။ ဥပမာ နွားမွေးထားပြီး ပိုလျှံသော နွားချေးကို တီမွေးလျှင် တောင်သူများအတွက် တီကျစ်စာ၊ တီကျစ်ရည် နှင့် တီကောင်တို့ကိုထုတ်လုပ်နိုင်ပြီး စိုက်ပျိုးရေးသဘာဝမြေသြဇာများကိုများစွာထုတ်လုပ်ပေးနိုင်‌ပေသည်။ သဘာဝအားဖြင့် နွားချေးကို ချက်ခြင်း အသုံးမပြုနှိုင်သောကြောင့် လများစွာ ကြာပြီး ဆွေးမြေ့မှ အသုံးပြုမှသာ အပင်များအတွက် ရောဂါများအကျရောက်ဘဲ ကောင်းစွာအသုံးပြုနိုင်ပေသည်။ ဆွေးမြေ့အောင်ထားရသည့် နွားချေးတွင်လည်း အပင်အာဟာရများ ဆုံးရှုံးသွားနိုင်ပါသည်။ နွားချေးအစိုကို တီကောင်မွေးပြီး ကျွေးပါက တစ်လခန့်ကြာတွင် သာမန်နွားချေးထက် အာဟာရတန်ဖိုးများစွာမြင့်​သော သဘာဝတီကျစ်မြေဆွေးကိုရရှိနှိုင်မည်ဖြစ်ပါသည်။ 

    *တီမြေဆွေးနှင့် တီကျစ်ရည်၏ အားသာချက်များ*

    #စိုက်ပျိုးရေးတွင် တီမြေဆွေးနှင့် တီစွန့်ပစ်ရည်ကို အသုံးပြုခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး များကို​ကောင်းစွာရရှိနှိုင်ပါသည်။

    • နည်းပညာလိုအပ်မှု အရမ်းနည်းခြင်း

    • အပင်များလျှင်မြန်စွာ ကြီးထွားရန် အဓိကအပင်အာဟာရ ၆မျိုးနှင့် အနည်းလိုအာဟာရစုစု​ပေါင်း၁၁မျိုးကို ရရှိနှိုင်ခြင်း

    • မျိုးစေံအညှောက်ပေါက်နိုင်မှုကို အားပေးပြီး ပျိုးပင်များ၏ အမြစ်ဆင်းမှုနှင့် ကြီးထွားမှုကို ကောင်းစေခြင်း

    • မြေဆီလွှာတွင် သဘာဝမြေဆွေးကို ထိန်းသိမ်းထားနှိုင်သည်။

    • အပင်အတွက််လိုအပ်သော အကျိုးပြုအဏုဇီဝပိုးမွားအမြှောက်အများပွားများလာစေခြင်း

    • သီနှံအထွက်တိုးစေခြင်း

    • မြေတွင်း အစိုဓါတ် ပိုမိုထိန်းသိမ်းထားနိုင်ခြင်း

    • မြေအောင်းရောဂါများ ကျရောက်မှုလျော့နည်းစေခြင်း

    • စွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိပြန်လည်အသုံးချနိုင်ပြီး လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း

    • စီးပွားရေးအရ တွက်ခြေကိုက်ပြီး စိုက်ပျိုးရေးသမားများအတွက် သဘာဝတီကျစ်မြေသြဇာနှင့် တီကျစ်ရည်တို့ကို ငွေကျေးကုန်ကျစရိတ်နည်းနည်းဖြင့် ဖော်ထုတ်အသုံးပြုနိုင်ခြင်း

    #တီမြေဆွေးပြုလုပ်ရာတွင် သတိပြုရမည့် အချက်များ*

    • ဒေသနှင့်ကိုက်ညီသော တီများဖြစ်သော တီနီ (Red Wigglers)များနှင့် မြန်မာနိုင်ငံအတွက်အထူး​ကောင်းမွန်​သော နှိုင်ငံခြားမှလာသော ဥရောပတီ (Red Worm)၊ India Blue Worm နှင့် ညထွက်သောတီ ( Night Crawler)များသည် အသင့်တော်ဆုံး တီမျိုးများဖြစ်သည်။

    • တီကောင်များသည် လျှင်မြန်စွာ ပွားများသော သတ္တဝါများဖြစ်သဖြင့် တီအကောင် ၁၀၀ ရွေးထားလျှင် ၆-လ အတွင်း တီကောင် ၂၀၀၀-၂၅၀၀ ခန့်ပွားနှိုင်ပါသည်။ 

    • နွားချေး၊ ဝက်ချေးနှင့် အပင်မှ ရသော အရာများဖြစ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးခွံများကိုသာ အသုံးပြုပါ။

    • တိရိစ္ဆာန်မှ ရသော အစိတ် အပိုင်းများ၊ ဥခွံများ၊ အရိုးများ၊ နို့ထွက်ပစ္စည်းများကို မသုံးပါနှင့်။

    • ကြွက်၊ ငှက်၊ ချ၊ ဖား တို့ရန်မှ ကာကွယ်ပါ။

    • တီကန်ထဲတွင် အစိုဓါတ်လုံလောက်စွာ ထိန်းထားပါ။

    • ရေဝပ်ခြင်း၊ ခြောက်သွေ့ခြင်းတို့ မဖစ်အောင် ရေကို သုံးရက်တစ်ကြိမ် ဖျန်းပေးပါ။

    • တီကျစ်စာများကို မှန်မှန်ထုတ်ယူပြီး အသစ်ထပ်မွေးပါ။

    တီကောင်မွေးမြူခြင်းနှင့် တီမြေဆွေးပြုလုပ်သော လုပ်ငန်းမှာ ပတ်ဝန်းကျင်ကောင်းမွန် အောင် ပြုလုပ်ပေးပြီး အကျိုးအမြတ်များစွာရသော ​ရေရှည်ခံစိုက်ပျိုး​ရေးလုပ်ငန်းတခုဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် တီကောင်များသည် လူများအသုံးမပြုသော ပစ္စည်းမျာဖြစ်သော တိရိစ္ဆာန်စွန့်ပစ်သော ချေးများ မီးဖိုချောင်မှ စွန့်ပစ်သော ပစ္စည်းများ လယ်ယာလုပ်ငန်းမှ ပိုလျှံသော စွန်ပစ်ပစ္စည်းများ သည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသဖြင့် ဖယ်ရှားပစ်ပြီး တန်ဖိုးရှိသော သဘာဝမြေဩဇာများကို ထုတ်လုပ် ပေးသော ဇီဝစက်ရုံသဖွယ်ဖြစ်ပြီး အချိန်တိုတိုကာလ အတွင်း အဆပေါင်းများစွာ ထုတ်လုပ်နိုင်​ပေသည်။ စားဖိုဆောင် စွန့်ပစ် ပစ္စည်းဆိုပါက နေ့စဉ်ထွက်သော ပစ္စည်းဖြစ်ပြီး နေ့စဉ် စွန့်ပစ်ရသည်။ ၎င်းစွန့်ပစ်ပစ္စည်းမျာကို တီမွေးပုံးပြုလုပ်ပြီး နေ့စဉ် စွန့်ပစ်ပြီး အနံ့အသက်မထွက်၊ ဆူညံခြင်းမရှိ ပတ်ဝန်းကျင်တို့ ညစ်ညမ်းမှုမရှိဘဲ တန်ဖိုးရှိသော သဘာဝမြေဆွေးများအဖြစ် ပြုပြင်ပြောင်းလဲပေးသည်။ တီမြေဆွေးနှင့် တီစွန့်ပစ်ရေကို စိုက်ပျိုးရေးသမားများ အသုံးပြုသောအခါ မြေဆီလွှာကောင်းမွန်စေပြီး သီးနှံများကို အထွက်တိုးပြီး အမြတ်အစွန်းများ ပိုမိုရရှိလာပြီး စားသုံးသူနှင့် စိုက်ပျိုးသူများကိုလည်း ကျန်းမာသန်စွမ်းပြီး အစာအဆိပ်သင့်ခြင်းများပြဿနာများမှ ကင်းဝေးစေနိုင်​ပေသည်။

    ထို့ကြောင့် မည့်သည့်သဘာဝ ပစ္စည်းမျာထုတ်လုပ်ပြီး စွန့်ပစ်ပစ္စည်းများထွက်သော တိရိစ္ဆာန် မွေးမြူရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ စိုက်ပျိုးသူများသည် တီကောင်များကို မွေးမြူပြီး ၎င်းတို့ လုပ်ငန်းမှထွက်သော စွန့်ပစ်ပစ္စည်းများဖြင့် တီကောင်းများ မွေးပြီး တန်ဖိုးရှိသော တီမြေဆွေးနှင့် တီစွန့်ပစ်ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေလည်းရ၊ ပတ်ဝန်းကျင်လည်း ကောင်မွန်စေရန် ပြုလုပ်နှိုင်​သော ​ရေရှည်ခံ​​သောနည်းပညာတရပ်ဖြစ်​ပေသည်။

    Htet Zaw Htun

    Organic Farming Coach

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
7
comments
0
views
2815