cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။
  • မကွေးတိုင်း မေလ ၁၄ ရက် မှ မေလ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ 

    မကွေးတိုင်းအတွင်းက မကွေး၊ အောင်လံ(မြေဒူး)၊ တောင်တွင်းကြီး၊ နတ်မောက်၊ မင်းတုံး၊ ဂန့်ဂေါ၊ သရက်၊ ကံမ စတဲ့ မြို့နယ်/ခရိုင်တွေမှာ မေလ ၁၅ ရက်၊ ၁၆ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ 

    နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်တွေမှာတော့ - ၂၄ နာရီအတွင်း မိုးရေချိန် ၄၅ မီလီမီတာ(၂ လက်မခန့်)ရွာသွန်းနိုင်ပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာမဲ့ မိုးတိမ်တွေပမာဏပြောင်းလဲမှုရှိရင်တော့ မိုးအနည်းအများကွာခြားသွားနိုင်ပါတယ်။ မိုးတိမ်ဖြစ်ထွန်းနိုင်ခြင်းက မေလ ၂၆ ရက်အထိ ဆက်ရှိနေနိုင်ပြီး မိုးအနည်းငယ်မှ အသင့်အတင့်ဆက်လက်ရွာသွန်းနေနိုင်ပါတယ်။ 

    မကွေးတိုင်းအတွင်း အမြင့်ဆုံးအပူချိန် ၃၆°C မှ ၃၂°C အထိကျဆင်းလာနိုင်ပြီး အနိမ့်ဆုံးအပူချိန်(ညအပူချိန်)၂၆°C ရှိနိုင်ပါမယ်။ မေလ ၁၄ ရက်နေ့မှ စတင်ကာ လေထုစိုထိုင်းဆမြင့်တက်နေနိုင်ပါမယ်။ တောင်/အရှေ့တောင်ဘက်မှ လေပြင်း တနာရီ ၂၃ မိုင့်အထိ တိုက်ခတ်နိုင်ပြီး မိုးတိမ်တောင်ကြီးများရွေ့လျားဝင်ရောက်လာတဲ့အခါ စိုက်ဆင်းလေပြင်းတိုက်ခတ်နိုင်တဲ့အန္တရာယ်နဲ့ မိုးကြိုးပစ်နိုင်မဲ့အန္တရာယ်တွေကို သတိထားကြဘို့လို့ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။ 

    #အစာပမာဏကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း 

    - အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။ 

    - ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။ 

    - အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့်  Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး  ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။ 

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ---------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
2
views
3885