cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း မေလ ၁၅ ရက် မှ မေလ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မေလ ၁၅ ရက် မနက်ပိုင်းက စ ပြီး မေလ ၁၆ ရက် မေလ ၁၇ ရက်နေ့တွေမှာ၊ ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းက အပန်းဖြေကမ်းခြေတွေရှိတဲ့ဒေသ၊ ဧရာဝတီတိုင်းမြောက်ဘက်ခြမ်းဒေသတွေအထိ မိုးသက်လေပြင်းကျရောက်ပြီး၊ မိုးအသင့်အတင့်မှ မိုးများနိုင်တာတွေ့ရပါတယ်။
  • NOAA-GFS model ရဲ့ ကြိုတင်ခန့်မှန်းအချက်အလက်တွေအရ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အထက်လေပွေလှိုင်း(Upper Air yclonic Circulation – UACC)သည် မြစ်ကျွန်းပေါ်ကမ်းရိုးတန်းအနီးကဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ပင်လယ်ပြင်ကို ဆက်လက်ရွေ့လျားနိုင်မယ်လို့ တွေ့ရပါတယ်။  

    ဒီလိုထူးခြားတဲ့ မိုးလေဝသအခြေအနေကြောင့် - 

    မေလ ၁၄ ရက်နေ့ကစပြီး ဧရာဝတီတိုင်းရဲ့မြောက်ဘက်အစွန်က မြန်အောင်-ကြံခင်းအထိ မိုးသည်းထန်ခဲ့တာ တွေ့ရပါတယ်။ 

    ပုသိမ်မြို့အနောက်ဘက် ကမ်းနီးပင်လယ်ပြင်ကိုရောက်လာနိုင်မယ်လို့ ခန့်မှန်းထားတဲ့ အမြင့်ပေ ၅၀၀၀ မှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းအရှိန်ကြောင့် - 

    မေလ ၁၅ ရက် မနက်ပိုင်းက စ ပြီး မေလ ၁၆ ရက် မေလ ၁၇ ရက်နေ့တွေမှာ၊ ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းက အပန်းဖြေကမ်းခြေတွေရှိတဲ့ဒေသ၊ ဧရာဝတီတိုင်းမြောက်ဘက်ခြမ်းဒေသ(ညောင်တုန်း၊ ကျောင်းကုန်းမြို့တွေရဲ့မြောက်ဘက်က ကျုံပျော်၊ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူ၊ မိုးညိုနဲ့ မြန်အောင်၊ ကြံခင်းဒေသတွေအထိ မိုးသက်လေပြင်းကျရောက်ပြီး၊ မိုးအသင့်အတင့်မှ မိုးများနိုင်တာတွေ့ရပါတယ်။ အဲ့ဒီဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၇၀ မီလီမီတာမှ ၈၀ မီလီမီတာကျော်အထိ(၂.၇၅ လက်မခန့်မှ ၃.၁၅ လက်မခန့်အထိ)မိုးရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ မိုးသက်လေပြင်းကျတဲ့အချိန် တောင်ဘက်နဲ့ အရှေ့တောင်ဘက်အရပ်မှ မြေပြင်လေတိုက်နှုန်း တနာရီ မိုင်၂၀ မှ မိုင် ၃၀ နှုန်းအထိ တိုက်ခတ်နိုင်ကြောင်း၊ လေပြင်းနိုင်ကြောင်းတွေ့ရပါတယ်။ မြစ်ဝကျွန်း‌ပေါ်တောင်ဘက်ကမ်းရိုးတန်းအနီးက ဟိုင်းကြီးကျွန်း၊ ပြင်စလူ၊ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ နဲ့ ကျိုက်လတ် ဒေသတွေမှာတော့ မေလ ၁၅ ရက် မှ ၁၉ ရက်အထိ လေ/မိုး ပိုပြင်း/ပိုများနိုင်ပါတယ်။ 

    မေလ ၂၀ ရက်နောက်ပိုင်းမှာ မိုးအားပြန်လျော့သွားပြီး မေလ ၂၄ ရက်နောက်ပိုင်းမှာ မိုးအားပြန်ကောင်းလာနိုင်ပါတယ်။ 

    မေလ ၁၄ ရက်အထိ နေ့အပူချိန်တွေ(၃၅°C )အထိမြင့်မားနေခဲ့ရာမှ မေလ ၁၅ ရက်နေ့က စ ပြီး ၅°C လောက်ကျဆင်းသွားနိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေက ၂၅°C မှ ၂၇°C အထိ ကျဆင်းနေနိုင်ပါတယ်။ မိုးရွာပြီးချိန်မှာ လေထုစိုထိုင်းဆ ၉၀% အထက်မှာရှိပြီး စိုထိုင်းဆမြင့်တက်နေနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြမည့်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအကြံပြုချက် 

    • လက်ရှိ မိုးများရွာသွန်းနေပြီဖြစ်တာကြောင့် မိုးစပါးအတွက် ကြိုတင်ထွန်ရေးပြင်ရာတွင် လိုအပ်သောနည်းလမ်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ထွန်စက်ကြီးများနှင့်လည်း ထယ်ရေးမှုန့်ညက်နေအောင် ပြုပြင်ပါ ၊ မြင့်ရာမှ နိမ့်ရာသို့ ကြမ်းတုံးရိုက် မြေညှိပေးပါ။ 
    • နောက်ဆုံးထွန်ရေးမတိုင်ခင် မြေဆွေး၊နွားချေးထည့်ပြီးနှံ့အောင်ထွန်ယက်ပေးပါ။ 
    •  မေလကုန်၊ ဇွန်လဆန်းတွင် မိုးအခြေအနေကိုစောင့်ကြည့်ပြီးနောက် စပါးအပင်ပေါက်ရာခိုင်နှုန်း (၈၅%) ရှိတဲ့မျိုးကို ထယ်ရေးအခြောက်ထဲမှာ ကြဲပက်စိုက်ပျိုးနိုင်ပါတယ်။ 
    •  ပြီးနောက် ကြဲပက်လိုက်တဲ့မျိုးစေ့များကို ထွန်နဲ့ခပ်ပါးပါးမောင်းပြီးဖုံးပေးပါ။  

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်  

    ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-  

    - ငါးမွေးမြူရေးကန်တွေရဲ့ ကန်ပေါင်တွေခိုင်ခံ့ဖို့အတွက် ကန်ပေါင်ပါးတဲ့ နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊  

    - ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊  

    - ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊  

    - ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊ 

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    -----------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
10
comments
3
views
4364