ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ချေ ကြိုတင်ခန့်မှန်းခြင်း
- မေလ ၁၈ ရက် နေ့လည် ၁ နာရီသုံးသပ်ချက် ( ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာ) - ECMWF Chart များမှာ - - 🔸 မေလ ၂၀ ရက်နေ့-ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်ကမ်းခြေအနီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရသည်။ - 🔸 မေလ ၂၁ ရက် အဆိုပါဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% သို့ လျော့ကျပြီး - 🔸 မေလ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၈၀% သို့ထပ်မံလျော့ကျလာသည်။ - သုံးသပ်ချက် - 🔸 ECMWF Chart ခန့်မှန်းချက်များကို သုံးသပ်ရလျှင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေမရှိ၊ လေဖိအားနည်းရပ်ဝန်းလောက်သာဖြစ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအထိ အနောက်တောင်မုတ်သုံလေဝင်ရောက်ခြင်းကို တွန်းအားပေးနိုင်သည့် system ဖြစ်လာနိုင်မည်။ - 🔸 ရက်ဝေးခန့်မှန်းချက်များအရ - ECMWF-AI forecast နှင့် GFS, GEFS, GEPS model များမှ ကြိုတင်ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ - မေလ ၂၆ ရက်မှ စတင်ကာ လေဖိအားနည်းရပ်ဝန်း-မုန်တိုင်း-ဆိုင်ကလုန်းမမုန်တိုင်း ဖြစ်လာနိုင်သည် (ရက်ဝေးခန့်မှန်းချက်ဖြစ်၍ ထပ်မံအတည်ပြုရမည်) - မိုးလေဝသအခြေအနေဖြစ်နိုင်ချေခန့်မှန်း - - 🔸 အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများအထိ ဝင်ရောက်ပြီးဖြစ်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများ(ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း)တို့တွင် မိုးထစ်ချုန်းရွာနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်။ - 🔸 ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် မေလ ၂၃ ရက်နောက်ပိုင်းမှသာ မိုးအသင့်အတင့်မှ မိုးများလာနိုင်မည်။ - Source: U Win Naing - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
