ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွင် မြန်မာပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထား
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ယခုနှစ် သြဂုတ်လအတွင်း "Bridging Tastes" ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး ဒူးရင်းသီးနှင့် ဒူးရင်းသီးအခြေခံထုတ်ကုန်များ ပါဝင်ပြသဖို့ မြန်မာကိုဖိတ်ခေါ်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
အဆိုပါပွဲတော်မှာ ASEAN-China Centre မှ သက်ဆိုင်ရာ သံရုံးများအတွက် ပြသစင် (Booth) တစ်ခုစီ အခမဲ့ စီစဉ်ပေးမည်ဖြစ်ပြီး ပါဝင်ပြသလိုသည့် သံရုံးများအနေဖြင့် ACC မှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် အတွက် Survey Questionnaire နှင့် QR Code Form များကို မေလ (၃၀) ရက် နောက်ဆုံးထား ဖြည့်စွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ပြသလိုပါက မြန်မာသံရုံးအတွက် စီစဉ်ပေးထားသည့် ပြသစင်နေရာတွင် ပါဝင်ပြသနိုင်ပြီး အသွားအပြန် လေယာဉ်လက်မှတ်ခနှင့် တည်းခိုနေထိုင်စရိတ်များကို မိမိအစီအစဉ်ဖြင့်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်သို့ မြန်မာလုပ်ငန်းရှင်များအနေဖြင့် လူကိုယ်တိုင်တက်ရောက်၍သော်လည်းကောင်း၊ လူကိုယ်တိုင်မတက်ရောက်နိုင်ပါက ပြသလိုသည့် ထုတ်ကုန်ပစ္စည်းများကို ပံ့ပိုးပေးခြင်းဖြင့်လည်းကောင်း ပါဝင်ပြသနိုင်ကြောင်းနှင့် ပါဝင်တက်ရောက်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲထံသို့ ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့် ဖြစ်စေ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်တယ်လို့လည်း သိရပါတယ်။
Myanmar uture News မှ ကူးယူဖော်ပြပါသည်။
--------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price