cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

နွေစပါး၊ မိုးစပါးစျေးကွက်ကျဆင်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေ

. Market News
လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးက အစို ၊ အခြောက် အပေါ်လိုက်ပြီး အမြင့်ဆုံး ၁၄ သိန်းကျပ်လောက်အထိသာ စျေးရရှိနေတယ်လို့ သိရပါတယ်။
  • မေ၁၉

    ပြည်တွင်းဆန်စပါးစျေးကွက်မှာ ဝယ်လိုအားနည်းတဲ့အတွက် နွေစပါးအသစ်စျေးကွက် ကျဆင်းနေသလို မိုးစပါးအဟောင်းစျေးကွက်လည်း ကျဆင်းနေတယ်လို့ သိရပါတယ်။

    စပါးစျေးကွက် ကျဆင်းနေတဲ့အပြင် စပါးဝယ်ယူသူလည်း ရှားနေတာကြောင့် မိုးစပါးသို လှောင်ထားသူတွေနဲ့ နွေစပါးစိုက်တောင်သူတွေမှာ အခက်ကြုံနေရပါတယ်။

    ပြည်ပကို ဆန်တင်ပို့မှုလျော့ကျတဲ့အတွက် ဆန်ကုန်သည်ကြီးတွေနဲ့ ဆန်စက်ပိုင်တွေကလည်း ဆန်၊ စပါးဝယ်ယူမှု ရပ်နားခြင်း၊ ပမာဏကိုလျော့ချဝယ်ယူခြင်းကြောင့် စပါးစျေးကွက်က ပျက် ပြီး စျေးတန်းကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

    "စပါးက အများကြီး မဝယ်ဘူး။ အရင်ဆိုရင် စပါးကြိုက်ရက် ရသလောက်စပါးအကုန်ဝယ် တယ်။ အခုတော့ စပါးက တစ်ရက်မှာ နည်းနည်းပဲဝယ်တယ်။ အများကြီးမဝယ်ရဲဘူး။ ရောင်းချင်တဲ့သူတွေက များတယ်။ စျေးကလည်းမကောင်းပါဘူး။ ဝယ်တဲ့အခါ လယ်သမားကို စပါးစျေး ပြောရတာတောင် အားနာရတယ်။" လို့ ပဲခူးတိုင်းမှာ စပါးဝယ်ယူတဲ့ ပွဲစားဖြစ်သူက ပြောပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးက အစို ၊ အခြောက် အပေါ်လိုက်ပြီး အမြင့်ဆုံး ၁၄ သိန်းကျပ်လောက်အထိသာ စျေးရရှိနေတယ်လို့ သိရပါတယ်။

    GW 11 စပါး၊ ဆာဖိုးသာ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါး ၁၀၀ ကိုမှ ၁၁ သိန်းကျော်ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

    စပါးစျေးနှုန်းဟာ နေရာဒေသအလိုက် စျေးနှုန်းအပြောင်းအလဲ ကွာခြားမှုရှိနိုင်တယ်လို့ သိရ ပါတယ်။

    ပြီးခဲ့တဲ့ မိုးရာသီကထွက်ရှိခဲ့တဲ့ မိုးစပါးအဟောင်းတွေကတော့ ငွေတိုးရင်၊ မှော်ဘီ၊ နှံကောက် ၊ ကရင်မ စတဲ့ ဆန်ကြမ်းအုပ်စုဝင်စပါးတွေက စပါးတင်း ၁၀၀ ကိုမှ ၁၆ သိန်းမှ ၁၇ သိန်းကျပ် ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

    "မိုးစပါးပေါ်ချိန်တုန်းကတောင် စက်ကျစပါးစျေး ၁၆ သိန်း ၃၀၀၀၀ ရှိခဲ့တယ်။ အခုက ၁၆ သိန်းကိုတောင် ဝယ်သူကမရှိဘူးဆိုတော့ ကျွန်တော်တို့မိုးစပါးလှောင်ထားသူတွေ ရှုံးနေပြီ။ စပါးစိုက်ရမှာကိုတောင် ကြောက်မိတယ်။ စပါးစျေးသာမတက်တာ ကျန်တဲ့သွင်းအားစုအလုပ်သမားခ အကုန်တက်နေပြီ။"လို့ တောင်သူတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စပါးကို ဝယ်ယူသူမရှိတဲ့အပြင် စျေးတန်းပါကျဆင်းနေတာကြောင့် နွေစပါးစိုက် တောင်သူတွေလည်း အရှုံးနဲ့ရင်ဆိုင်နေရသလို မိုးစပါးသိုလှောင်ထားသူတွေလည်း အရှုံးနဲ့ကြုံ နေရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းက ယခုလိုကာလမှာ မိုးစပါးအဟောင်းစျေးကွက်အနေနဲ့ ဝယ်လိုအားရှိပြီး စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၂၂ သိန်းအထိရှိခဲ့သလို နွေစပါးစျေးသည်လည်း စက်ကျ စ ပါးကို ၁၆ သိန်းဝန်းကျင်အထိရှိခဲ့တယ်လို့ သိရပါတယ်။

    AMIA

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
16
comments
0
views
3546