မိုးရာသီနှင့်လိုက်ဖက်သည့် ကရင် မျှစ်တာလပေါ့ဟင်း ချက်ပြုတ်နည်း
- ပါဝင်ပစ္စည်းများ - မျှစ် - ၅ ချောင်းခန့် - စပါးလင် - ၂ ပင်ခန့် - ဆန် - လက်တဆုပ်ခန့် - ဟင်းခတ်မှုန့် - မြင်းခေါင်းဇွန်းဝက် - မျှင်ငပိ - မြင်းခေါင်းဇွန်းဝက်ခန့် - ဆား - လက်ဖက်စားဇွန်း (၂) ဇွန်းခန့် - ပုဇွန် - ၁၀ သားခန့် - ရွှေဖရုံညွန့်၊ ဘူးညွန့်၊ ပဲညွန့်၊ ရွှေဖရုံသီး၊ ဒညင်းသီး၊ မှို၊ အင်ဥ စသည့် အသီးအရွက်များကို စိတ်တိုင်းကျ ထည့်နိုင်ပါသည်။ - ချက်ပြုတ်နည်း - - မျှစ်ကို မချက်ခင် ခပ်ပါးပါးလှီး၍ (၂) နာရီခန့် ရေစိမ်ပါ။ - - ရေစိမ်ထားသောမျှစ်ကို တစ်ရေပြုတ်၍ သွန်ပါ။ (မျှစ်စိမ်းသည် ခါးသက်သက်အရသာရှိ၍ ဖြစ်သည်) - - ရေ (၂) လီတာခန့်ကို ပွက်ပွက်ဆူအောင်တည်ပါ။ - - စပါးလင် (၂) ပင်ခန့်ကို ဓားပြားရိုက်၍ ထည့်ပါ။ ပြီးနောက် မျှစ်ထည့်ပါ။ - - ဆန်လက်တဆုပ်ခန့်ကို ရေစိမ်၍ စကာဖြင့်စစ်ပါ။ ပြီးနောက် ငရုတ်ဆုံဖြင့်ထောင်းပြီး ရေအနည်းငယ်ဖျော်၍ ဟင်းအိုးထဲထည့်ပါ။ - - ဟင်းခတ်မှုန့် မြင်းခေါင်းဇွန်းဝက်ခန့်ထည့်ပါ။ - - မျှင်ငပိ မြင်းခေါင်းဇွန်းဝက်ခန့်ထည့်ပါ။ - - ဆား လက်ဖက်စားဇွန်း (၂) ဇွန်းခန့်ကိုထည့်၍ မွှေပါ။ - - ရွှေဖရုံညွန့်၊ ဘူးညွန့်၊ ပဲညွန့်၊ ရွှေဖရုံသီး၊ ဒညင်းသီး၊ မှို၊ အင်ဥ စသည့် အသီးအရွက်များကို စိတ်တိုင်းကျ ထည့်နိုင်ပါသည်။ - - အသီးအရွက်များ ကျက်လုနီးပါးဖြစ်ပါက ဆူးပုတ်ရွက်နှင့် ပင်စိမ်းအုပ်၍ စားသုံးနိုင်ပါပြီ။(အစပ်ကြိုက်ပါက ငရုတ်သီး အနည်းငယ်ထောင်း၍ ထည့်ပါ။) - Referece - Food Villa - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
