cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးရာသီစာ အင်ဥနှင့်ကျန်းမာရေး

. Value Added Products
အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ပြီး အင်ပင်အောက်ခြေအနီးအနားမှာ ပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ်ခေါ်ကြပါသည်။
  • အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း နှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံအချို့၌ ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးဦးကာလ ဇွန်၊ ဇူလိုင်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာတွေ့ရှိရပြီး ရက်အတိအကျ မသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။အင်ဥတူးသူများမှာ မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရရှိလာသော အင်ဥများကို စုဆောင်း၍ နှစ်နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါက ပိုမိုလွယ်ကူကြောင်းသိရပါသည်။ တူး၍ရရှိလာသော အင်ဥကို နေ့မ ကူးခင် ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ သိပ်စားမကောင်းတော့ဟု သိရပါသည်။

    ဒေသခံများမှ ဗဟုသုတအနေဖြင့် အင်ဥနှင့် သစ်ယာဥများ ဆင်တူကြသော်လည်း များစွာကွဲပြားကြကြောင်း ဆိုကြပါသည်။ အင်ဥမှာ အခွံ အမဲ (သို့) အညိုရောင်ရှိကြပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသားမကပ်ကြပေ။ အင်ဥလုံးလေးတွေကို ရေနဲ့သေချာပွတ်ဆေးလျှင်လည်း အလုံးလေးတွေ မကွဲတတ်ကြပါ။ သို့သော် သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသောကြောင့် ရေအများကြီးဆေးရပြီး အခွံကျွတ်ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ကွဲထွက်သွားပြီး အရသာလည်း အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။

    အင်ဥမှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ်များပါဝင်ပါ သည်။

    အင်ဥတွင် ဗီတာမင် B, ဗီတာမင် D, Potassium, Copper, Selenium နှင့် Anti-oxidant တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓာတ်လည်းပါဝင်ကြပါသည်။ အင်ဥတွင်အသားဓာတ် အများအပြားပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သည့် Amino acid တွေကို ဖြည့်ဆည်းပေးပါသည်။ Fiber (အမျှင်ဓာတ်) ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး ပါသည်။ အင်ဥတွင် Antioxidants များ ပါဝင်သောကြောင့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါသည်။ အင်ဥသည် ရောင်ရမ်းမှုကိုလျော့ကျစေသကဲ့သို့ အသည်း၊ အဆုတ်၊ ရင်သားအကျိတ် ဖွံ့ဖြိုးလာမှုကိုလည်း တားဆီးပေးနိုင်ပါသည်။ အင်ဥတွင် Antioxidants နှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာ ကိုယ်၏ ခုခံအားစနစ်ကို မြင့်တက်စေပြီး Copper ပါဝင်သောကြောင့် သံဓာတ်စုပ်ယူမှုကို အားကောင်းစေ ပါသည်။ ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbohydrate ပါဝင်မှုနှုန်း နည်းပါးပြီး အမျှင် ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါဆိုင်ရာပြဿနာနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးပါ သည်။

    သတိပြုရန်အချက်များ

    (၁) မှိုနှင့်ဓာတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက် နာရောဂါရှိသူနှင့် အဆစ်အမြစ်နာကျင် ကိုက်ခဲတတ်သူများအနေနှင့်လည်း ချင့်ချိန်စားသုံးသင့်ပါသည်။

    (၂) ကလေးမွေးပြီးစ သားသည်မိခင်များအနေဖြင့်လည်း "မှိုတစ်နှစ်၊ မျှစ်တစ်လ"မစားသင့်ဟု ဖတ်မှတ်ရ ဖူးပါသည်။

    အင်ဥဟင်းချက်နည်းများ

    အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥ သက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥ မျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

    အင်ဥကို ချက်ပြုတ်ရာတွင် အရင်ဆုံး အင်ဥကို ရေစိမ်ထားရပြီးနောက် ရေနှင့် လေး၊ ငါးကြိမ် ဇကာနှင့်တိုက်၍ ပြောင်စင်အောင် အင်ဥတစ်လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေနှင့် ထပ်ပြုတ်ကာ ရေစစ်ထားရပါ မည်။

    ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာ မှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရပါသည်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ နှစ်ကြိမ်၊ သုံးကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥဟင်းလေးကျက်ပါပြီ။ ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက်ပါကလည်း ဆီသတ်သည့်အချိန် အနည်းငယ် ထည့်လို့ ရပါသည်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥဟင်းတစ်မည်ဖြစ်ပါသည်။ အင်ဥများမှာ တစ်နှစ်မှာ တစ်ကြိမ် မိုးရာသီမှာသာပေါပြီး အရသာလည်း ထူးခြားကောင်းမွန်သလို ကျန်းမာရေးအတွက် အကျိုးပြုသော ရာသီစာ တစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

    ပင်လယ်ပြာ(ငါးဦးစီး)

    ဒို့ကျေးရွာဂျာနယ်

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
6
comments
0
views
2913