cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးများစွာရွာသွန်းခြင်း၊ ရေမြုပ်ခြင်းဖြစ်ခဲ့ရင် ဘယ်လိုအပင်မျိုးမှာ ရောဂါကျတတ်သလဲ

. Diseases
မျိုးရဲ့ ရေမြုပ်ဒဏ်ခံနိုင်ရည်၊ ပတ်ဝန်းကျင်အခြေအနေ၊ ရေမနစ်မြုပ်မီကာလမှာ အပူချိန်မြင့်ခဲ့ရင် ပင်စည်ပုပ်မှိုရောဂါ ဖြစ်နိုင်မှုပိုများပါတယ်။ ပင်စည်ပုပ်လက္ခဏာနဲ့အတူ အရွက်များပါ ခြောက်လာတာ၊ အမြစ်ပုပ်တာ၊ အပင်ယိုင်လဲတာ ကို တွဲလျက်ဖြစ်တတ်ပါတယ်။
  • မိုးများ၊ ရေဝပ်ခြင်းကြောင့် သီးနှံအချို့မှာ အဓိကဖြစ်တတ်တဲ့ပြဿနာက ပင်စည်ပုပ် ရောဂါဖြစ်ပါတယ်။

    ပြောင်းပင် ပင်စည်ပုပ်ရောဂါ ဖြစ်တတ်ပါတယ်။

    မျိုးရဲ့ ရေမြုပ်ဒဏ်ခံနိုင်ရည်၊ ပတ်ဝန်းကျင်အခြေအနေ၊ ရေမနစ်မြုပ်မီကာလမှာ အပူချိန်မြင့်ခဲ့ရင် ပင်စည်ပုပ်မှိုရောဂါ ဖြစ်နိုင်မှုပိုများပါတယ်။ ပင်စည်ပုပ်လက္ခဏာနဲ့အတူ အရွက်များပါ ခြောက်လာတာ၊ အမြစ်ပုပ်တာ၊ အပင်ယိုင်လဲတာ ကို တွဲလျက်ဖြစ်တတ်ပါတယ်။

    ပြောင်းပင်စည်ပုပ်ရောဂါကို ဖြစ်စေနိုင်တဲ့မှိုအမျိုးအစားက ယေဘုယျ ၄ မျိုးရှိနိုင်ပါတယ်။ Colletotrichum graminicola, Fusarium verticillioides, Gibberella zeae နဲ့ Diplodia maydis တို့ဖြစ်ပါတယ်။

    ရောဂါဖြစ်စေသက်ရှိမတူတဲ့အလျှောက် လက္ခဏာကွဲလွဲမှူ အနည်းငယ်ရှိပါတယ်။

    သက်တမ်းရင့် ပြောင်းပင်တွေထက် သက်တမ်းငယ်သေးတဲ့ပြောင်းပင်တွေမှာ ရေမြုပ်မှုကြောင့် ပင်စည်ပုပ် ပိုပြီးဖြစ်နိုင်ပါတယ်။

    ပြောင်းခင်း ရေမြုပ်ခဲ့လျှင် မိုးစဲတာနဲ့ ချက်ခြင်း ရေထုတ်ပါ။ အပင်ခြေ ဘောင်လုံးပါ။ K (ပိုတက်စီယမ်) မြေဩဇာထည့်ပါ။ Propiconazole , iprodione, Fosteyl AL တခုခု အသုံးပြုပါ။

    ဘက်တီးရီးယား ပင်စည်ပုပ်

    ပြောင်း၊ ခရမ်းချဉ်၊ ငရုပ်၊ ဖရဲသခွါး စတဲ့စိုက်ခင်းတွေ ရေမြုပ်တဲ့အခါ ဖြစ်နိုင်တဲ့ ရောဂါပါ။ မိုးရေ၊ လေနဲ့အတူ ကူးစက်မှုမြန်ပါတယ်။ လေပြင်းတိုက်လို့ အပင်ထိခိုက်ဒဏ်ရာ ရထားရင် တပင်မှတပင်သို့ ကူးစက်မှုမြန်တတ်ပါတယ်။

    ပင်စည်နဲ့ အဆစ်နေရာမှာ ညိုဝါရောင် အစက်အပြောက်ငယ် (ရေစိုနာ အနားသတ်) စပြီးတွေ့ရတတ်ပါတယ်။ ထို့နောက် ပင်စည်ကွဲအက်ခြင်း၊ အပင်ပုပ်ခြင်းစတဲ့လက္ခဏာများတွေ့ရတတ်ပါတယ်။ ပင်စည်ကိုခွဲကြည့်တဲ့အခါ ပုပ်အက်အက်အနံ့တမျိုးရတတ်ပါတယ်။

    မိုးစဲတာနဲ့ စိုက်ခင်းရေထုတ်ပါ။ Ca, Mn ပါတဲ့ အာဟာရ ထည့်ပါ။ လက္ခဏာ တွေ့/မတွေ့ သေချာလေ့လာကင်းထောက်ပါ။

    ကာဆူကာမိုက်စင်+ ကော့ပါးဆာလဖိတ်၊ ကော့ပါးအောက်စီကလိုရိုက် အသုံးပြုနိုင်ပါတယ်။

    ပြောင်း အဖိုပန်းခိုင် တွန့်လိမ်ခြင်း (crazy top)

    မိုးများရေဝပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ပြဿနာတစ်မျိုးပါ။ tassel ထွက်ခါနီးသက်တမ်းရှိနေပြီဖြစ်တဲ့ပြောင်းပင်တွေမှာ အဖိုပန်းခိုင်တစ်ခုထက်ပိုပြီး စုပြုံထွက်လာခြင်း၊ အပေါ်ရွက်များ တွန့်ခေါက်၍ ထွက်လာခြင်း၊ အဖိုပန်းခိုင်အစား သေးငယ်သောအရွက်များ စုပြုံထွက်လာခြင်း စတဲ့လက္ခဏာများတွေ့ရတတ်ပါတယ်။ Sclerophthora macrospora ဆိုတဲ့ မှိုကြောင့် ဖြစ်တတ်တာပါ။ ရောဂါဖြစ်စေသက်ရှိသည် စိုက်ခင်း ၂၄-၄၈ နာရီခန့်ရေဝပ်ခြင်းဖြစ်လာချိန်မှာ ရေနဲ့အတူမျောပါကူးစက်ပျံ့နှံ့နိုင်တဲ့ zoospores များထုတ်ပြီး ရောဂါစတင်စေတတ်ပါတယ်။

    မိုးစဲတာနဲ့ ရေထုတ်ပေးခြင်း၊ Dimethomorph + Metalaxyl အသုံးပြုခြင်းဖြင့် ရောဂါပြင်းထန်မှုကို အသင့်အတင့်ထိန်းချုပ်ပေးနိုင်ပါမယ်။

    မိုးများ၊ ရေဝပ်ခြင်းကြောင့် သီးနှံအချို့မှာ အဓိကဖြစ်တတ်တဲ့ပြဿနာက ပင်စည်ပုပ် ရောဂါဖြစ်ပါတယ်။ Brown stem rot ပင်စည်ညိုမဲပြီး ပုပ်တဲ့ရောဂါကို ပဲပုပ်၊ အာလူး စတာတွေမှာ တွေ့ရတတ်ပါတယ်။ အမြစ်နဲ့ ပင်စည်ဆုံရာ အခြေကနေ လက္ခဏာစတင်ပြီး ပင်စည်တစ်ရှူးသားများ လျှင်မြန်စွာပုပ်သွားစေတဲ့လက္ခဏာဖြစ်ပါတယ်။

    နောက်တစ်မျိုးကတော့ ရေဝပ်ခြင်းအပြီး မြေအစိုဓာတ်များချိန်၊ အေးမြတဲ့ရာသီဉတု၊ မြေချဉ်ငန်ကိန်း ၅.၅၊ မြေဆွေးပါဝင်မှုနည်းသောမြေမျိုးမှာ စိုက်ပျိုးထားတဲ့သီးနှံပင် ရုတ်တရက် ညှိုးခြောက်သွားခြင်းကို ဖြစ်စေတဲ့ SDS (sudden death syndrome) ဖျူစေရီယမ် ပင်ညှိုး ပင်သေ ပြဿနာပါ။ အရွက်သားများ ၂၄ နာရီအတွင်း အဝါရောင်ပြောင်း (ရွက်ကြောများ အစိမ်းအတိုင်းရှိ) လာပြီး ညှိုးလာခြင်း၊ အရွက်ရိုးတံသည် ပင်စည်နှင့်ကပ်လျှက် ကျန်နေပြီး အရွက်များကြွေကျခြင်းကို ရက်ပိုင်းအတွင်းလျှင်မြန်စွာဖြစ်စေတတ်ပါတယ်။ Tebuconazole အသုံးပြုခြင်းဖြင့် ရောဂါ ပြင်းထန်မှုကို အထိုက်အလျှောက်ကာကွယ်နိုင်ပါမယ်။ ရောဂါကျခဲ့ရင်တော့ နေရာကွက်ပြီး အပင် သေဆုံးမှု ရှိခြင်း ဖြစ်နိုင်ပါတယ်။

    နောက်ထပ် အစိုဓာတ်များခြင်းကို နှစ်သက်ပြီး အုံ့မှိုင်း၊ မိုးဆက်တိုက်ရွာစွေတဲ့အခါ ဖြစ်တတ်တဲ့ရောဂါတစ်မျိုးကတော့ Phytophthora ရွက်ခြောက်၊ ပင်ညှိုးပါ။ အရွက်များညှိုးလာခြင်း၊ မြေပေါ်အထက် ၆ လက်မခန့်အကွာမှ ပင်စည်စတင် ညိုမဲလာခြင်း စတဲ့လက္ခဏာမျိုးနဲံ အစပြုပါတယ်။ Dimethomorph + Metalaxyl ကို အသုံးပြုပြီး ရောဂါပြင်းထန်မှုကို အထိုက်အလျှောက် ဟန့်တားနိုင်ပါမယ်။

    Dr. DaDa

    Ph. D Entomology

    ဤဆောင်းပါးအားထွက်တိုးPage တွင် ဖော်ပြခွင့်ပေးပါသော Dr. DaDa အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျ။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
0
views
2316