cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကွမ်းသီးအရည်သောက် အရောင်းအဝယ်ဖြစ်လျက်ရှိ

. All News
လက်ရှိပုသိမ်မြို့တွင် ကွမ်းသီးအရင့်တစ်လုံးသည် (၁၀၀)မှ(၁၅၀)အတွင်းထိ ဈေးကောင်း ရရှိနေပြီး ကွမ်းသီးအနုများသည် ၁၅၀ ကျပ်အထိ ဈေးကောင်းရရှိနေသဖြင့် ခြံလုပ်ငန်းရှင်များ အနေဖြင့် ကွမ်းသီးအနုများအား ရောင်းချရန် စိတ်ဝင်စားလာခဲ့ကြပါသည်။
  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အပါအဝင် ဒေသအနှံ့အပြားတွင် ကွမ်းသီးအရည် သောက် ဟုခေါ်သော ကွမ်းသီးအနုမှာ ဈေးကွက်တွင် တွင်ကျယ်စွာ အရောင်းအဝယ် ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးအနုဈေးကွက်မှာ လွန်ခဲ့သော ဆယ်စု နှစ်ဝန်းကျင်ကတည်းက တွင်ကျယ်ခဲ့သော်လည်း ပုသိမ်မြို့နယ်တွင် ၂၀၁၆ ခုနှစ်မှ အရောင်း အဝယ်ဖြစ်လာခဲ့ပါသည်။

             ကွမ်းသီးအနုသည် ကွမ်းသီးစတင်သီးချိန်၊ အရည်နုလေးများ စတင်ထည့်ချိန် အရွယ်အစားလုံးပတ် ၁ လက်မခန့်တွင် စတင်ဆွတ်ခူး၍ရောင်းချကြသည်။ ကွမ်းသီးတွင် အဝိုင်း သီးနှင့် အချွန်းသီးဟူ၍ ပုံစံ(၂)မျိုးရှိရာ အချွန်းသီးများကိုသာ အဝယ်ဒိုင်များက ဈေးကောင်းပေး၍ ဝယ်လေ့ရှိသည်။

             ၎င်းကွမ်းသီးအနုများအား တရုတ်နိုင်ငံသို့ အများအပြားရောင်းချရပြီး ကွမ်းသီးအနုများ အား မီးအပူဖြင့်ပေါင်း၍ အခြောက်ခံပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးစိမ်း၊ ကွမ်းသီးခြောက်များကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးကြ သော်လည်း တရုတ်နိုင်ငံတွင် သားရေစာအဖြစ်ထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။

             လက်ရှိပုသိမ်မြို့တွင် ကွမ်းသီးအရင့်တစ်လုံးသည် (၁၀၀)မှ(၁၅၀)အတွင်းထိ ဈေးကောင်း ရရှိနေပြီး ကွမ်းသီးအနုများသည် ၁၅၀ ကျပ်အထိ ဈေးကောင်းရရှိနေသဖြင့် ခြံလုပ်ငန်းရှင်များ အနေဖြင့် ကွမ်းသီးအနုများအား ရောင်းချရန် စိတ်ဝင်စားလာခဲ့ကြပါသည်။

             ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အပါအဝင် နေရာဒေသအများအပြားတွင် ကွမ်းသီး အနုများ ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချလာကြပြီး ကွမ်းသီးအရင့်ထက် အနုက ပို၍ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။ ကွမ်းသီးအနုဆွတ်ခူးရောင်းချမှုများပြားလာသဖြင့် ကွမ်းသီးအခြောက်လုပ်ငန်းမှာ ဈေးကောင်းပိုမိုရရှိပြီး ယခင်နှစ်များထက် ဈေးကွက်အတွင်း ဈေးတက်လာရကြောင်း သိရှိရပါသည်။

    DOCA (ဧရာဝတီ)

    စားသုံးသူရေးရာ ဦးစီးဌာန

    -------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
11
comments
0
views
3045