cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

"ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ခြေ - မေလကုန်အတွင်း မိုးလေဝသအခြေအနေ"

. Weather News
အထက်လေပွေလှိုင်း အစပျိုးဖြစ်ပေါ်သည့်နေ့(မေလ ၂၅ ရက် နံနက်)မှ စတင်၍ မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့သောပြည်နယ်/တိုင်းဒေသများတွင် နေရာကွက်၍ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း၊ မိုးများရာမှ မိုးအလွန်များနိုင်ကြောင်း တွေ့ရပါတယ်။
  • 🔸 နောက်လာမည့် ၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)စတင်ဖြစ်ပေါ်လာနိုင်သည့် နေရာကို ECMWF, GFS နှင့် ICON model ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပြီဖြစ်ပါတယ်။

    အဆိုပါ UACC သည် -

    🔸 မေလ ၂၆-၂၇ ရက်နေ့များတွင် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိလာနိုင်ကာ မြောက်-အနောက်မြောက်ယွန်းယွန်း(အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်ကမ်းခြေများဆီသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း၊

    🔸 မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်သည်အခြေအနေမတွေ့ရကြောင်း ကနဦး ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။

    🔸 UACC သည် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)အဆင့်အထိရောက်ရှိလာပြီးနောက်

    🔸 အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေအနီးချဉ်းကပ်ရောက်ရှိစဉ် - မေလ ၂၉ ရက်နေ့၌ ဗဟိုအနီးလေတိုက်နှုန်း တစ်နာရီမိုင် ၄၀ အထက်သို့ရောက်လာနိုင်ပြီး "အမည်ရဆိုင်ကလုန်းမုန်တိုင်း" အဆင့်အထိရောက်လာနိုင်ကြောင်းတွေ့ရပါတယ်။

    🔸 အထက်လေပွေလှိုင်း အစပျိုးဖြစ်ပေါ်သည့်နေ့(မေလ ၂၅ ရက် နံနက်)မှ စတင်၍ မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့သောပြည်နယ်/တိုင်းဒေသများတွင် နေရာကွက်၍ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း၊ မိုးများရာမှ မိုးအလွန်များနိုင်ကြောင်း တွေ့ရပါတယ်။

    🔸 ကြိုတင်ခန့်မှန်းချက်ပြောင်းလဲခြင်းများအတွက် ဆက်လက်စောင့်ကြည့်တင်ပြပေးနေပါမယ်။

    နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက်များကြည့်ရန် - https://www.mmweather.org/divisional-cities-weather

    (မေလ ၂၁ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်)

    Source: U Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
23
comments
0
views
4253