cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပျက်စီးနေတဲ့ မြေတွေကို သစ်စိမ်းမြေသြဇာကျွေးပြီး ပြုပြင်ကြပါစို့

. Soil Management
သစ်စိမ်းမြေသြဇာ ဆွေးမြေ့ခြင်းမှ ထွက်လာသော သြဂဲနစ်အက်စစ်များသည် ဖော့စဖိတ်ထုတ်ရာမှာကူညီပေးပါတယ်။ မြေသားတည်ဆောက်မှုကိုကောင်းစေသည်။ ဖွယ်နေသောမြေကို စေးစေပါတယ်။
  • ပျက်စီးနေတဲ့ မြေတွေကို သစ်စိမ်းမြေသြဇာကျွေးပြီး ပြုပြင်ကြပါစို့ သီးနှံတွေဆက်တိုက်စိုက်ပျိုးလာတဲ့မြေတွေ၊ မြေသြဇာ နှစ်စဉ်သုံးစွဲတဲ့မြေတွေမှာ မြေဆီလွှာ ပြဿနာတွေ ဖြစ်လာတာကြောင့် မြေဆီလွှာကို မြေဆီသြဇာပြည့်အောင် ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကတာ့ နိုက်ထရိုဂျင်ဓါတ် များစွာပါတဲ့ ပိုက်ဆံလျှော်၊ ပဲလွမ်း၊ ပဲတီစိမ်း၊ ညံပင်၊ ဘောစကိုင်းရွက်တို့လို အပင်တွေဖြင့် သစ်စိမ်းမြေသြဇာ ကျွေးခြင်းပါပဲ။ • သစ်စိမ်းမြေသြဇာ အများစုသည် ပဲမျိုးနွယ်ဝင်အပင်များဖြစ်၍ လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေး၍ မြေကိုနိုက်ထရိုဂျင်ဓါတ် ကြွယ်ဝစေသည်။ • သစ်ဆွေးဓါတ် ၆၅% ပါဝင်ပြီး ထယ်ထိုးမြှုပ်နှံခြင်းဖြင့် မြေတစ်ဧကလျှင် နိုက်ထရိုဂျင် ၁၈-၉၀ ကီလိုဂရမ် ထည့်ပေးသကဲ့သို့ ဖြစ်ပြီး သစ်ဆွေးဓါတ်ကြွယ်ဝစေပါတယ်။ • သစ်စိမ်းမြေသြဇာ ဆွေးမြေ့ခြင်းမှ ထွက်လာသော သြဂဲနစ်အက်စစ်များသည် ဖော့စဖိတ်ထုတ်ရာမှာကူညီပေးပါတယ်။ • မြေသားတည်ဆောက်မှုကိုကောင်းစေသည်။ ဖွယ်နေသောမြေကို စေးစေပါတယ်။ မြေဆီလွှာရဲ့ ရေထိန်းစွမ်းအားကို ကောင်းမွန်းစေပါတယ်။ • ဓါတ်မြေသြဇာ၏ အာနိသင် ပိုမိုကောင်းမွန်လာစေခြင်းနှင့် အပင်အာဟာရဓါတ်များကို သီးနှံပင်များရယူနိုင်သော ပုံစံများအဖြစ် ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သည်။ • အချို့သော သစ်စိမ်းပင်များ (ဥပမာ- ပိုက်ဆံလျှော်)၏ အမြစ်သည် ပေါင်းသေစေနိုင်သောစစ်ရည်များ ထုတ်လုပ်ပေးနိုင်သဖြင့် နောက်စိုက်သော အဓိကသီးနှံတွင် ပေါင်းသက်သာစေပါတယ်။ Soure- သြဂဲနစ်တောင်သူ လက်စွဲစာအုပ်မှ     

    ပါမောက္ခဒေါက်တာမြင့်လွင် 

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
14
comments
2
views
3815