cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲမျိုးစုံ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

. Market Analysis
ပဲတီစိမ်းက စျေးဆက်တိုက်တက်လာပြီး ပဲကြီးလည်းတက်ရိပ်​ပြလာပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံကတော့ စျေးထပ်ကျပါတယ်။
  • တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "(၁၉. ၄. ၂၀၂၅ မှ ၂၃.၅. ၂၀၂၅)

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ အခုတစ်ပတ်မှာပါ စျေးတန်းဆက်တိုက်ထပ် တက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းမှာလည်း ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးပဲအဖြစ် ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်နေ တာဖြစ်ပါတယ်။

    ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၇၁၆၅ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၆၆၆၅ ကျပ်မှ ၆၈၅၀ ကျပ် ရှိလာတာကြောင့် တစ်ပိဿာကို ၃၃၅ ကျပ်နှုန်းစီ အသီးသီးထပ်မံမြင့်တက်လာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကလည်း  ၆၀၀၀ မှ ၆၀၂၀ ကျပ်နဲ့ တစ်ပိဿာကို ၂၇၀ ကျပ်တက်လာပါတယ်။

     ပဲကြီး

    ပဲကြီးက အခုတစ်ပတ်မှာစျေးတက်လာတာတွေ့ရပါတယ်။ပဲကြီးက ပြည်တွင်းမှာ လက်ကျန်နည်းလာတာကြောင့်လည်း စျေးဆက်လာတာဖြစ်ပါတယ်။ပဲကြီးက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းဝယ်လိုအားများပါကလည်း စျေးမြင့်တက်လာပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာပဲကြီး၅၅.၂၅ ပိဿာကို ၂၆၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်၊ ပဲကြီး (လ) က ၂၃၅၀၀၀ မှ ၂၅၀၀၀၀ ကျပ်နဲ့  ပဲကြီး (သ) က ၂၁၀၀၀၀ မှ ၂၂၅၀၀၀ ကျပ် ရှိပါတယ်။အရင်အပတ်ကထက် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ဝန်းကျင်တက်လာပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပါတယ်။

    မတ်ပဲ

     မတ်ပဲကကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာတာတွေ့ရပါတယ်။  ဒါကြောင့်  နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၇၅၀၀ ဝန်းကျင်နဲ့ ၁၀၀၀လောက် ကျလာ ပါတယ်။ 

     မတ်ပဲကိုအဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံမှာ မတ်ပဲအဝယ်အေးနေသလို စျေးတန်းလည်းအေးနေတာကြောင့် မြန်မာမှာလည်းမတ်ပဲစျေးက အတက်အကျမငြိမ်ဘဲ ကျရိပ်ပြန်ပြလာတာဖြစ်ပါတယ်။ 

     မတ်ပဲက အိန္ဒိယနိုင်ငံကိုသာ တင်ပို့ရတာဖြစ်ပြီး အိန္ဒိယ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျဖြစ်ပေါ်တာဖြစ်ပါတယ်။

     ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၃၅၀၀၀ မှ ၃၀၅၇၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။

    အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၅၂၀၀၀ မှ ၃၀၆၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ  တစ်တန်ကိုမှ ၃၀၀၀ မှ ၂၅၀၀၀ ကျပ်လောက် စျေးထပ်ကျပါတယ်။

    ပဲစင်းငုံ

    အလားတူ ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းထပ် ကျလာတာတွေ့ရ ပါတယ်။အခုတစ်ပတ်မှာ ပဲစဥ်းငုံ တစ်တန်ကိုအများဆုံး ၄၀၀၀၀ လောက်အထိထပ်ကျလာတာဖြစ်ပါတယ်။အိန္ဒိယဝယ်လိုအားရှိပေမယ့် စျေးလည်းအေးနေတာကြောင့် ဖြစ်ပါတယ်။

    ပဲစင်းငုံနီကလည်း  အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။မနှစ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်နဲ့ယှဥ်ရင် ​ ပဲစင်းငုံက စျေးတန်းတော်တော်လေးကျဆင်းနေတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၀၀၀၀၀ မှ ၂၉၃၇၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

    အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ကျပ်သိန်း ၂၉၄၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၂၀၀၀၀ မှ ၄၀၀၀၀ လောက် ထပ် ကျလာပါ တယ်။

    (AMIA)

    ------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
10
comments
0
views
3269