cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းအတွင်း မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ပခုက္ကူ၊ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ချောက်၊ အောင်လံ၊ ဆော၊ တောင်တွင်းကြီး၊ နတ်မောက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ပေါက်၊ ငဖဲ၊ စေတုတ္တရာ စသည့် မြို့နယ်များတွင် ၂၄ နာရီအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါသည်။ ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ မီလီမီတာ (၂ လက်မခွဲခန့်) အထက်ရှိနိုင်ပါသည်။
  • မေလ ၂၇ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ စစ်တွေမြို့၏ အနောက်ဘက် ၃၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း အိန္ဒိယမိုးလေဝသဋ္ဌာနမှ တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။ 

    လေဖိအားနည်းရပ်ဝန်းသည် လွန်ခဲ့သော ၆ နာရီအတွင်း အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မေလ ၂၉ ရက် ညပိုင်းတွင် အားပိုကောင်းလာကာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ 

    လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်— 

    မကွေးတိုင်းအတွင်း မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ပခုက္ကူ၊ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ချောက်၊ အောင်လံ၊ ဆော၊ တောင်တွင်းကြီး၊ နတ်မောက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ပေါက်၊ ငဖဲ၊ စေတုတ္တရာ စသည့် မြို့နယ်များတွင် ၂၄ နာရီအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါသည်။ ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ မီလီမီတာ (၂ လက်မခွဲခန့်) အထက်ရှိနိုင်ပါသည်။ 

    မကွေးတိုင်းအတွင်း မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ တောင်-အနောက်တောင်ဘက်မှ လေပြင်း တစ်နာရီလျှင် မိုင် ၃၀ ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ 

    ဇွန်လ ၂ ရက်အထိ မိုး ဆက်လက်ရွာနေနိုင်သဖြင့် တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းပြီး ရေလွှမ်းနိုင်သည့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ပါသည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးရာတွင် အထွက်တိုးစေရန်အတွက် အောက်ပါနည်းလမ်းများအတိုင်း ရွက်ဖျန်းအားဆေးများပက်ဖျန်းပေးပါ။ 

    • အပွင့်အဖူးဝင်ချိန်မှ အစေ့တည်ချိန်အထိ အမိုင်နိုအက်စစ် နှင့် အနည်းလို အာဟာရများပါဝင်သော ရွက်ဖျန်းအားဆေးတို့ကို (၇-၁၀) ရက်ခြားတစ်ကြိမ်ဖျန်းပေးပါ။ 
    • ပဲတစ်ကြိမ်ကောက်ပြီးတိုင်း N၊ P၊ Ca၊ B၊ Mg နှင့် နိုက်ထရိုဖီနော ပါဝင်သော ရွက်ဖျန်း အားဆေးများ ရောပြီးပက်ဖျန်းပေးပါ။ 
    • ပန်းပွင့်ချိန်တွင် ပင်ပိုင်းကြီးထွားမှုများ၍ အပင်ဟုန်နေပါက Mepiquat chloride ကိုမဖြစ်မနေ ဖျန်းပေးပါက အပွင့်၊ အသီး၊ အစေ့များများတင်စေပြီး အထွက်တိုးစေပါသည်။ 
    • ပဲတီစိမ်း ရွက်ဖျန်းအားဆေးများ မဖျန်းမီ မိုးရွာသွန်းနိုင်ချေရှိ၊မရှိကိုလဲ ကြိုတင်စစ်ဆေး ပေးရန်လိုအပ်ပါသည်။ 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်      

    ငါးစာကျွေးရာတွင်လည်း အချိန်မှန်ကျွေးခြင်းသည် ငါးများအတွက် အစာစားခြင်းကိုအပြည့်အဝ စားသုံးနိုင်ပါမည်။ ငါးသေးချိန်တွင် တစ်နေ့လျှင် အစာသုံးကြိမ်ကျွေးရမည်ဖြစ်ပြီး၊ ငါးကြီးအချိန်တွင် တစ်နေ့ လျှင် အစာနှစ်ကြိမ်ကျွေးရပါမည်။ မိုးရွာလျှင် ကန်ရေအပူချိန် ပြောင်းလဲတတ်သည်။ ငါးများသည် ၂၀ °C အောက်ကျသွားလျှင် အစာစား နှုန်းလျော့ကျသွားတာကြောင့် လျှော့ကျွေးရန် လိုအပ်ပါသည်။  

    ပြုပြင်ထားသောအစာ၊ စက်ရုံထုတ်အစာများသည် ဖြည့်စွက်စာများဖြစ်ပြီး ငါးများအာဟာရမြင့်မားစွာရရှိစေပြီး ကြီးထွားမှုမြန်လာစေသည်။ အခြေခံအစာသည် သဘာဝအစာဖြစ်သည့်အတွက် သဘာဝအစာကို ကန်အတွင်းအမြဲရှင်သန်စေရန် ဆောင်ရွက်ပြီး ဖြည့်စွက်စာကို လိုအပ်သလိုဖြည့် စွက်ကျွေးနိုင်ပါက အစာကုန်ကျစရိတ်သက်သာမည်ဟု အကြံပြုအပ်ပါသည်။  

    စက်ရုံထုတ်ငါးစာသည် မွေးမြူမည့် ငါးမျိုးစိတ်များအတွက် လိုအပ်သည့် ပရိုတင်းအချိုးအစားနှင့် ကိုက်ညီစေရန် စီမံထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ငါးသေးစာတွင် ပရိုတင်းပါဝင်မှုများပြီး၊ ငါးကြီးစာများတွင် ပရိုတင်းပါဝင်မှု တဖြည်းဖြည်းလျှော့ကျလာမည်ဖြစ်ပါသည်။ 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
4948