cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပေါင်းနှင့် ပတ်သတ်ပြီး တောင်သူအမေး၊ ထွက်တိုးအဖြေ ကဏ္ဍ

. Weeds Management
ဒီတစ်ပတ်မှာတော့ နယ်ပယ်အသီးသီးက တောင်သူတွေရဲ့ စိုက်ခင်းထဲမှာ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မျှဝေဆွေးနွေးပေးသွားပါမယ်။ (တောင်သူများ၏ ပေါင်းသတ်ဆေးအကြောင်းမေးမြန်းမှုများ စုစည်းမှုဖြစ်ပါတယ်)။
  • ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့ထဲက စိုက်ခင်းတွေမှာ ပေါင်းမြက်ပြဿနာတွေအတွက် ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။

    စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်တိုးစိုက်ပျိုးရေးပညာရှင်များနဲ့ဆွေးနွေးလိုတယ်ဆိုရင်တော့ ထွက်တိုး App ရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ခင်းဓာတ်ပုံနှင့်တကွ သိရှိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်။

    (၁) ဦးတင်မောင်ဆွေ၏ မေးမြန်းမှု - (မိုးစပါး ပေါင်းအုပ်ဆေးအကြောင်း သိချင်ပါတယ်။)

    ပေါင်းအုပ်ဆေး အစိုကြဲ၊ အခြောက်ကြဲခင်းအတွက်ဆိုရင် Pendimethalin ကိုသုံးနိုင်ပါတယ်။ ပေါင်းအုပ်ဆေးရဲ့ သဘောက စိုက်ခင်းထဲမှာ ပေါင်းမပေါက်ခင်သုံးရမှာဖြစ်ပါတယ်။ အစိုကြဲဆိုရင် ၄ ဂါလံဆေးဖျန်းပုံးကို ၁၅၀ စီစီထည့်ပြီး ၁ ဧက ၇ ပုံး၊ အခြောက်ကြဲခင်းဆိုရင် ၂၀၀စီစီနှုန်းထားနဲ့ ၁ ဧက ၇ပုံးနှုန်းဖျန်းပေးပါ။ မြေပြင်အကုန်ခြုံငုံမိအောင်ဖျန်းပေးဖို့တော့လိုပါတယ်။ 

    (၂) ကျော်ဌေးခိုင်၏ မေးမြန်းမှု - (ပြောင်းခင်းပေါင်းသတ်ဆေးအတွက်ဘာဆေးသုံးရပါမလဲခင်ဗျ

    လက်ရှိပြောင်းက စိုက်ထားပြီးပြီလား၊ဘယ်နှစ်ရက်သားရှိပြီလဲ၊ စိုက်ခင်းထဲမှာ ပေါင်းမပေါက်သေးဘူးဆိုရင် ပြောင်းမျိုးစေ့ချပြီး ၁၂ရက်အတွင်း Atrazine + Nicosulfuron ကိုအုပ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ၂၀ လီတာဆေးဖျန်းပုံးမှာ ၅၀ ဂရမ်နှုန်းထားနဲ့ တစ်ဧကကို ၅-၆ ပုံးထက်ပိုမသုံးပါနဲ့၊ ဆေးဖျန်းချိန်မှာ မြေကြီးအစိုဓာတ်ကောင်းကောင်းရှိဖို့လိုပါတယ်။ ရွေးချယ်ပေါင်းသတ်ဆေးအနေနဲ့ ပေါင်းပေါက်လာမှဖျန်းလို့ရတာဆိုရင် Atrazine + Mesotrione ကိုဖျန်းနိုင်ပါတယ်။ ပေါင်းပင်နုချိန်မှာ ဖျန်းတာအကောင်းဆုံးဖြစ်ပါတယ်။ 

    (၃) ကိုဝင်းမြင့်ဦး၏ မေးမြန်းမှု  - (မိုးနှမ်းကြဲလျှင် ဘယ်လိုပေါင်းသက်ဆေးသုံးရမလဲ၊ ပေါင်းမြတ်နှင့်နွယ်ပင် အခြားရွက်ပြန့်ပေါင်းတွေပေါက်လို့ )

    နှမ်းပေါင်းအုပ်ဆေးအနေနဲ့ (ပေါင်းမပေါက်ခင်) နှမ်းကြဲပြီးပြီးခြင်း၊ ကြမ်းအုပ်ပြီးပြီးခြင်း မြေပြင်ကို ပေါင်းအုပ်ဆေး Metolachlor ဖျန်းနိုင်ပါတယ်။ မြက်ပေါင်းများအတွက် ပေါင်းပင်များ အရွက် ၂-၄ ရွက်ထွက်ချိန် (ပေါင်းပေါက်ပြီး) Quizalofop-p-ethyl ကိုအသုံးပြုနိုင်ပါတယ်။ Quizalofop ကရွက်ပြန့်ပေါင်း၊ မြက်မုန်ညင်းများအတွက်မထိရောက်ပါဘူး။ ဆေးအကြောင်းနဲ့ပတ်သတ်ပြီး ပိုမိုအသေးစိတ်သိလိုတာများရှိရင်တော့ 09-977910000 (ထွက်တိုးကောစင်တာ) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

    (၄) ရာဇာလွင်၏ မေးမြန်းမှု - (ကြက်သွန်ခင်းမှာ စပါးပင်တွေပေါက်နေလို့ပါဗျ စပါးပင်သေမဲ့ ဆေးလေးရှိရင် လမ်းညွှန်ပါအုံးဗျ၊ ကြက်သွန်အပင်လေးတွေလဲမထိခိုက်အောင် ကောင်းမဲ့ဆေးလေး ညွှန်ပေးကြပါအုံး

    အရင်ဆုံးစိုက်ခင်းအစိုဓာတ်က မရှိပါဘူး၊ အစိုဓာတ်ရှိအောင်အရင်လုပ်ပါ။ စပါးပင်က ဘယ်နှစ်ရွက်ထွက်ပြီလဲ။ အခုမှစပေါက်တာ အရွက်လည်း ၂-၃ ရွက်ပဲထွက်နေမယ်၊ မြေကြီးအစိုလည်းရှိမယ်ဆိုရင် Quizalofop-p-ethyl ကိုဖျန်းပေးနိုင်ပါတယ်။ အဲ့ဒါက အစေ့ကပေါက်တဲ့စပါးအတွက်ပါ၊ ရိုးပြတ်ကပြန်ပေါက်တဲ့ စပါးဆိုရင်ထိရောက်ဖို့ခက်ပါမယ်။ 

    (၅) ကိုဝေယံ၏ မေးမြန်းမှု - (ဘာမြက်လဲသိချင်ပါတယ်၊ ဆေးသုံးပြီးသတ်လို့ရသေးလားဖြေပေးပါနော် ထွက်တိုးရေ)

    မြက်မုန်ညင်းစိမ်းပါ၊ ပန်းခိုင်ထွက်နေပြီဆိုရင် ထိရောက်ဖို့ခက်ပါတယ်။ နှုန်းထားမြှင့်ရင်တောင် ထိရောက်ဖို့က နောက်ကျနေပါပြီ။ နောက်စပါးရာသီမှာ ကျခဲ့မယ်ဆိုရင် ပေါင်းရွက် ၂-၄ ရွက်ထွက်ချိန်မှာ Fenoxaprop-p-ethyl+ Ethoxysulfuron လိုဆေးအဆိပ်(Ai) ကိုရွေးချယ်နိုင်ပါတယ်။

     ------------ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
  • article
  • article
  • article
  • article
likes
11
comments
0
views
3542