cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြောင်းဆံစျေး ထပ်မံတက်လာနိုင်သေးကြောင်း ခန့်မှန်းထား

. Market News
ယခင်က မေလ ၂၂ ရက်နေ့က ပြောင်း တစ်ပိဿာကို ၁၆၈၀ကျပ် သာ ရှိခဲ့ပြီး လက်ရှိ ဘုရင်နောင်ကုန်စည်ဒိုင် စျေးကွက်မှာတော့ ပြောင်း တစ်ပိဿာကို ၁၇၂၀ကျပ်အထိ အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။
  • ပြောင်းစျေး ဆက်တိုက်ဆိုသလို စျေးတက်လာကြောင်း ပြောင်းကုန်သည်များ နှင့် တောင်သူများထံမှ သိရပါသည်။

    လက်ရှိ တောင်သူများ လက်ထဲတွင် ပြောင်းလက်ကျန်နည်းနေပြီး ပြည်ပအဝယ်ပုံမှန်ရှိနေသောကြောင့် စျေးနှုန်း ကောင်းလာခြင်းဖြစ်ကြောင်း သိရပါသည်။

    " တချို့နိုင်ငံတွေက ထိုင်းကို တင်ပို့တာတွေရှိတယ်၊ ဒါပေမဲ့ မြန်မာ့ပြောင်းကို မဝယ်မှာမပူနဲ့ ထိုင်းက လိုအပ်နေမှာပဲ၊ နယ်မြေချင်းထိစပ်နေတဲ့ မြန်မာ့ပြောင်းကို ထိုင်းက ယူရမှာပါ။ အရည်အသွေး အရ

    မြန်မာ့ပြောင်းက ထိုင်းကြိုက်ဖြစ်လို့ပါပဲ၊ စျေးကတော့ အတက်အကျတော့ရှိမယ်၊ လက်ရှိ ပြောင်းစျေးကတက်လာတာဆိုတော့ အားရစရာပါပဲ ''ဟု ပြောင်းကုန်သည်တစ်ဉီးက ပြောသည်။

    ယခင်က မေလ ၂၂ ရက်နေ့က ပြောင်း တစ်ပိဿာကို ၁၆၈၀ကျပ် သာ ရှိခဲ့ပြီး လက်ရှိ ဘုရင်နောင်ကုန်စည်ဒိုင် စျေးကွက်မှာတော့ ပြောင်း တစ်ပိဿာကို ၁၇၂၀ကျပ်အထိ အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ 

    လက်ရှိ ပြောင်း FOB စျေး နှုန်း မှာ ၂၅၅ဒေါ်လာ မှ ၂၆၅ ဒေါ်လာ ပတ်ဝန်းကျင် ဖြင့် စျေးငြိမ်နေကြောင်း သိရပါသည်။ 

    စျေးတက်ချိန် တောင်သူများလက်ထဲတွင် ပြောင်းများ သိပ်မကျန်တော့သည်အတွက် အကျိုးမြတ်ရရှိမှု နည်းကြောင်း နှင့် မိုးဦးအစ ပြောင်းစပျိုးချိန်ရောက်ပြီဖြစ်၍ တချို့ တောင်သူများ ပြောင်းများ စိုက်ပျိုးနေကြပြီး ဖြစ်ကြာင်း သိရပါသည်။

    "တောင်သူတွေလက်ထဲပြောင်းမရှိတော့မှ စျေးတွေတက်လာတယ်။ ဒါက ထုံးစံကို ဖြစ်နေပြီ ဒီအချိန်ကို ရအောင်စောင့်သင့်တယ်။ ဒါပေမဲ့ တောင်သူတွေမှာ နောက် ပြောင်းထပ်စိုက်ဖို့ အရင်းနှီးနဲ့ မြေဩစာဖိုးတွေရှိသေးတော့ ရတဲ့စျေးနဲ့ ရောင်းကြရတယ်။ မလှောင်ထားနိုင်ကြဘူး။ လှောင်ထားနိုင်တဲ့ ကုန်သည်ပွဲစားတွေကတော့ စျေးတက်တဲ့အချိန် အကျိုးခံစားရတာပေါ့။ အခုစျေးက ထပ်တက်လာတယ်' ဟု ပြောင်းစိုက်တောင်သူ တစ်ဦးက ပြောသည်။

    ပြောင်းမျိုးစေ့ နှင့် မြေသြဇာ စျေးများ အဆမတန် မြင့်တက်နေခြင်းကြောင့် တချို့ ဒေသ ရှိ ပြောင်းစိုက်တောင်သူများ ပြန်လည် စိုက်ပျိုးရန် အခက်တွေ့ နေကြောင်းလည်း သိရပါသည်။ 

    ပြည်တွင်း၌ ယခုနှစ်ပြောင်းစိုက်ဧက လျော့ကျ၍ ပြောင်းအထွက်နှုန်းမှာလည်း လျော့ကျနေပြီး နိုင်ငံတကာပြောင်းဆံစျေးကွက်မှာလည်း ပြောင်းလိုအပ်ချက်ရှိနေဦးမည်ဖြစ်၍ ပြောင်းဆံစျေး ထပ်မံတက်လာနိုင်သေးကြောင်း ခန့်မှန်းထားခြင်းများလည်း ရှိသည်။

    ထိုင်းနိုင်ငံ၏ အခွန်သက်သာခွင့်အပြင် အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ ဝယ် ယူမှုများရှိနေခြင်းကြောင်းပြောင်း စျေး နှုန်းများ ၁၇၀၀အထိ မြင့်တက်ခဲ့ ပြီး လက်ရှိ ၁၇၀၀အထက်သို့ ထပ်မံမြင့်တက်လာခြင်း ဖြစ်ကြောင်းသိရပါသည်။ လက်ရှိ ပြောင်းအား တရုတ် ၊အိန္ဒိယသို့ တင်ပို့နေကြပြီး ထိုင်း နိုင်ငံကိုလည်း ဖေဖော်ဝါရီ ၁ ရက် မှ ဩဂုတ်လ ၃၁ အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ၇လတာ ပြန်လည်တင်ပို့ခွင့် ရထားခြင်းဖြစ်ကြောင်း သိရပါသည်။


    ဖိုးချဲ(AMIA)

    --------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
0
views
2887